ပြီးခဲ့သည့်၂၀၂၃ -၂၀၂၄ဘဏ္ဍာနှစ်အတွင်းပြည်ပသို့စေလွှ တ်သည့်လုပ်သားဦးရေ နှစ်သိန်းနီးပါးရှိကြောင်း အလုပ်သ မား ညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ မတ်လအထိ ပြည်ပအလုပ်အ ကိုင်သက်သေခံကတ်(OWIC)ပြုလုပ်ပြီး အေဂျင်စီများမှတဆင့် စေလွှတ်ခဲ့သည့် လုပ်သားဦးရေ ၁၈၆,၈၄၃ ဦးရှိကြော င်း သိရသည်။
ပြည်ပသို့စေလွှတ်သည့် အလုပ်သမားဦးရေထက်ဝက်ဝန်း ကျင်သည် ထိုင်းနိုင်ငံသို့ အများဆုံးသွားရောက်လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဘဏ္ဍနှစ်တွင် ပြည်ပသို့သွားရောက်မူအများဆုံးလမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီလနှင့် မတ်လတို့ဖြစ်ပြီး လူဦးရေ ၁၉,၀၀၀ နီးပါးသွားရောက်ခဲ့ကြကြောင်း ဖော်ပြထားသည့်စာရင်းများအရ သိရသည်။
လက်ရှိအချိန်အထိ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လို င်စင်ရယူထားသည့် အေဂျင်စီပေါင်း ၅၅၀ နီးပါးရှိသော်လ ည်း အေဂျင်စီ ၁၀၀ ကျော်သည် လုပ်သားစေလွှတ်နိုင်ခြင်းမရှိကြောင်း၊ထို့ပြင်အလုပ်သမား စေလွှတ်ထားသည့်ဦးရေအလိုက် အေဂျင်စီများအနေဖြင့်အခွန်ပေးသွင်းကြရန်လ ည်း သက်ဆိုင်ရာဌာနက အသိပေးထားသည်။

