Wednesday, May 28, 2025

မြန်မာတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရန်အာဆီယံ တိုက်တွန်း

တိုက်ပွဲများကို အဆုံးသတ်ရေး အတွက် ကနဦးခြေလှမ်းအဖြစ် မြန်မာတွင် အပစ်အခတ်ရပ်စဲရေး ကို ဆက်လက် သက်တမ်းတိုးရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် အပစ်ရပ်ရေးကို တိုးချဲ့ရန် အာဆီယံခေါင်းဆောင်များက...

ရန်ကုန်တိုင်းရှိ မြို့နယ်(၃)ခုတွင် သစ်ပင်လဲကျမှုများဖြစ် ထိခိုက်ဒဏ်ရာရသူမရှိခဲ့

ရန်ကုန်တိုင်းရှိ သန်လျင်မြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် လသာမြို့နယ်တို့တွင် ယနေ့ မေ ၂၇ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ သန်လျင်မြို့နယ်၊ မြို့ဟောင်းအလယ်ရပ်ကွက်၊...

မိုးရာသီအတွင်းပေါက်ပွားသည့် မှိုဆိပ်အန္တရာယ်နှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနသတိပေး

မိုးရာသီကာလ၌ သစ်တောများနှင့်သစ်ပင်များပေါက်ရောက်ရာပတ်ဝန်းကျင်များတွင် မှိုအမျိုးမျိုးကြီးထွားပေါက်ပွားမှုများပြားလေ့ရှိ၍ မှိုဆိပ်အန္တရာယ်နှင့်ပတ်သက်၍သတိပြုကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်းနှိုးဆော်ခဲ့သည်။ အဆိုပါ မှိုများတွင်အန္တရာယ်ကင်းစွာစားသုံးနိုင်သော မှိုအမျိုးအစားများရှိပြီး အဆိပ်ရှိမှိုများစွာလည်းရှိရာ အဆိပ်ရှိမှိုများအနက်အချို့မှိုများသည် ပြင်းထန်စွာအဆိပ်သင့်စေ၍ အသက်ဆုံးရှုံးစေသည်အထိဖြစ်နိုင်သည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက...

မုတ်သုံလေအားအလွန်ကောင်းနေမှုအပါအဝင် ရာသီဥတုအခြေအနေ(၃)ခုကြောင့် တိုင်းနှင့်ပြည်နယ်အနှံ့၌ ယနေ့မှ...

မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်း၊ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းအရှိန်နှင့် အပူပျံတက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်း ရာသီဥတုအခြေအနေ(၃)ခုဖြစ်ပေါ်နေသည်ဟု မိုးဇလမှ ယနေ့ မေ ၂၇...
HomeMovies၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ကြက်သွန်နီတန်ချိန်...

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ကြက်သွန်နီတန်ချိန် တစ်သိန်း တင်ပို့မည်

လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ကြက်သွန်နီတန်ချိန် တစ်သိန်းတင်ပို့သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းသို့တင်ပို့ရာတွင် ၂၀၂၃ ခုနှစ် ဧပြီလ မှ ဇွန်လ အထိ ကြက်သွန်နီတန်ချိန် သုံးသောင်း၊ ဇူလိုင်လမှ စက်တင်ဘာလအထိ ကြက်သွန်နီ တန်ချိန် တစ်သောင်းခွဲနှင့် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ကြက်သွန်နီတန်ချိန် နှစ်သောင်း၊  ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ကြက်သွန်နီတန်ချိန် သုံးသောင်းခွဲ တင်ပို့မည်ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံး၌ နှစ်စဉ် ကြက်သွန်နီ တန်ချိန် တစ်သန်းကျော် စိုက်ပျိုးထွက်ရှိပြီး ပြည်တွင်းစားသုံးမှုအပြင် ပြည်ပနိုင်ငံများသို့ပါတင်ပို့လေ့ရှိကာ ယခုနှစ်အတွင်း တန်ချိန်ရှစ်သောင်းကျော် တင်ပို့ထားပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာပြည်၌ စိုက်ပျိုးထုတ်လုပ်သည့် ကြက်သွန်နီကို ပြည်ပဝယ်လိုအားဖြစ်သည့် ထိုင်းနိုင်ငံ၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံမှ အဓိကဝယ်ယူနေခြင်းဖြစ်ပြီး နယ်မှ ရန်ကုန်(ဘုရင့်နောင်ကုန်စည်ဒိုင်)သို့ ကြက်သွန်ကားအစီးရေနေ့စဉ် ၅၀ ဝန်းကျင်ဝင်ရောက်နေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရန်အာဆီယံ တိုက်တွန်း

တိုက်ပွဲများကို အဆုံးသတ်ရေး အတွက် ကနဦးခြေလှမ်းအဖြစ် မြန်မာတွင် အပစ်အခတ်ရပ်စဲရေး ကို ဆက်လက် သက်တမ်းတိုးရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် အပစ်ရပ်ရေးကို တိုးချဲ့ရန် အာဆီယံခေါင်းဆောင်များက တောင်းဆိုခဲ့သည်။ သဘောတူညီချက် ငါးရပ်နှင့်အညီ အားလုံးပါဝင်သော နိုင်ငံအဆင့် ဆွေးနွေးပွဲကို ကျင်းပရန် မျှော်မှန်း၍ အပစ်ရပ်ရေးကို ဆောင်ရွက်သင့်သည်ဟု ပူးတွဲကြေညာချက်တွင် ခေါင်းဆောင်များက ပြောဆိုထားသည်။ ထို့အပြင် အရပ်သားများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်ခြင်းကို ရပ်တန့်ကြရန်လည်း သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို ၎င်းတို့က တိုက်တွန်းထားသည်။ အရပ်ဖက်၊စစ်ဖက် ပစ်မှတ်မခွဲခြားဘဲ တိုက်ခိုက်ခြင်းများကို ချက်ချင်းရပ်တန့်ရန်၊ ပဋိပက္ခအရှိန်မြှင့်ခြင်းများကို ရှုတ်ချရန်၊ အတတ်နိုင်ဆုံး...

ရန်ကုန်တိုင်းရှိ မြို့နယ်(၃)ခုတွင် သစ်ပင်လဲကျမှုများဖြစ် ထိခိုက်ဒဏ်ရာရသူမရှိခဲ့

ရန်ကုန်တိုင်းရှိ သန်လျင်မြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် လသာမြို့နယ်တို့တွင် ယနေ့ မေ ၂၇ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ သန်လျင်မြို့နယ်၊ မြို့ဟောင်းအလယ်ရပ်ကွက်၊ ဗိုလ်ချုပ်နေဝင်းလမ်းမပေါ်နှင့် ကားတစ်စီးတို့ပေါ်သို့ ည ၇ နာရီခွဲခန့်က သစ်ပင်လဲကျပြီးလမ်းပိတ်နေသဖြင့် သန်လျင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များဖြင့် ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ည ၆ နာရီ ၅၀ မိနစ်ခန့်ကလည်း ကမာရွတ်မြို့နယ်၊အင်းလျားလမ်းမပေါ်၌ စိန်ပန်းပင်လဲကျကာလမ်းပိတ်နေသဖြင့် ကမာရွတ်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ စမ်းချောင်းအရန်မီးသတ်မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များပူးပေါင်း၍ ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။ ထို့အတူ ည ၇ နာရီ ၁၀ မိနစ်ကျော်ခန့်ကလည်း...

မိုးရာသီအတွင်းပေါက်ပွားသည့် မှိုဆိပ်အန္တရာယ်နှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနသတိပေး

မိုးရာသီကာလ၌ သစ်တောများနှင့်သစ်ပင်များပေါက်ရောက်ရာပတ်ဝန်းကျင်များတွင် မှိုအမျိုးမျိုးကြီးထွားပေါက်ပွားမှုများပြားလေ့ရှိ၍ မှိုဆိပ်အန္တရာယ်နှင့်ပတ်သက်၍သတိပြုကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်းနှိုးဆော်ခဲ့သည်။ အဆိုပါ မှိုများတွင်အန္တရာယ်ကင်းစွာစားသုံးနိုင်သော မှိုအမျိုးအစားများရှိပြီး အဆိပ်ရှိမှိုများစွာလည်းရှိရာ အဆိပ်ရှိမှိုများအနက်အချို့မှိုများသည် ပြင်းထန်စွာအဆိပ်သင့်စေ၍ အသက်ဆုံးရှုံးစေသည်အထိဖြစ်နိုင်သည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးခဲ့သည်။ မှိုဆိပ်သင့်လက္ခဏာများအနေဖြင့် မှိုစားပြီး မိနစ် (၂၀)မှ (၄)နာရီအတွင်း မူးဝေခြင်း၊ အော့အန်ခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်းတို့ဖြစ်ပွားနိုင်ပြီး ပြင်းထန်ပါကအသက်ဆုံးရှုံးနိုင်သည့်အပြင် ဦးနှောက်နှင့်အာရုံကြောထိခိုက်ပြီး စိတ်အာရုံခြောက်ခြားခြင်း၊ အလွန်အမင်းနိုးကြားလာခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ဖြစ်စေနိုင်သည်ဟု သတိပေးခဲ့သည်။ ထို့အတူ အဆိပ်သင့်မှုလက္ခဏာနှင့် ပြင်းထန်မှုအတိုင်းအတာသည် မှိုအမျိုးအစား၊ ပါဝင်သောအဆိပ်(ဥပမာ- Cyclopeptides, Gyromitrin, Orellanine, Muscarine စသည်)ပမာဏ၊ စားသုံးမိသောသူ၏ အသက်အရွယ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071