Friday, December 12, 2025

လှေလှော်အားကစားနည်းကနေ မြန်မာအသင်း ငွေတံဆိပ် ဆု...

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် SEA GAMES Canoeing  အမျိုးသားလေးယောက်လှော် (၂၀၀) မီတာ ပြိုင်ပွဲတွင် မြန်မာအသင်းက ငွေတံဆိပ် ဆု...

ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium...

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium ၌ မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ ယနေ့ (ဒီဇင်ဘာ ၁၂)ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကာ မီးသတ်ဦးစီးဌာနအနေဖြင့်...

USDP ပါတီမှဦးဆောင်၍ အခြေခံလူတန်းစားများ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ကိုကတိသစ္စာပြုဟု...

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP)မှဦးဆောင်၍ အခြေခံလူတန်းစားများ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ကို ကတိသစ္စာပြုသည်ဟု ဧရာဝတီတိုင်း၊ မဲဆန္ဒနယ်အမှတ်(၁)၊ USDP ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ပြောသည်။ ယနေ့...

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ယုကီ...

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် Mr. Tesuro Uki သည် ယမန်နေ့က ဗီယက်နမ်အမျိုးသမီးအသင်းကို ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်မှ မကျော်လွန်ခဲ့သည့်အတွက် ရာထူးမှ နှုတ်ထွက်ခဲ့ပြီ...
HomeNewsFootball၂၀၂၃ အာဆီယံ ယူ၂၃...

၂၀၂၃ အာဆီယံ ယူ၂၃ ချန်ပီယံရှစ်ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဥ်အဖြစ် ထိုင်းအသင်းနှင့်မြန်မာ့လက်ရွေးစင် ယူ-၂၃အသင်းယနေ့ယှဥ်ပြိုင်ကစားရမည်

မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းသည် ၂၀၂၃ ခုနှစ် အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (က)၏ အုပ်စုအဖွင့်ပွဲစဥ်အဖြစ် သြဂုတ် ၁၇ ရက် (ယနေ့)ည ၇ နာရီခွဲ၌ Rayong Stadium တွင် ထိုင်းအသင်းနှင့်ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။

အဆိုပါ အုပ်စု(က)၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲအား သြဂုတ် ၁၆ ရက်နံနက် ၁၁ နာရီက ထိုင်းနိုင်ငံ၊ရာရောင်းမြို့၌ကျင်းပခဲ့ရာ မြန်မာ၊ထိုင်း၊ကမ္ဘောဒီးယားနှင့်ဘရူနိုင်းအသင်းတို့မှ နည်းပြချုပ်များတက်ရောက်ခဲ့ကြသည်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းနည်းပြချုပ် Michael Feichtenbeiner မှ မြန်မာ ယူ-၂၃ အသင်းအနေဖြင့်လက်ရှိအချိန်တွင် ကစားသမားများအားလုံး ဒဏ်ရာကင်းစင်ကာ လေ့ကျင့်မှုကောင်းများရှိနေသဖြင့် ယခုပြိုင်ပွဲမှစ၍ လာမည့် စက်တင်ဘာလအတွင်း အာရှခြေစစ်ပွဲများနှင့် အာရှအားကစား ပွဲတော်တို့အပြင် ၂၀၂၄ ခုနှစ် ဆီးဂိမ်းစ်အတွက်ပါ ကစားသမားသစ်များကိုမြင်တွေ့ရမည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့အုပ်စုမှာ ပြီးခဲတဲ့ ဆီးဂိမ်းစ်ဆီမီးဖိုင်နယ်မှာတွေ့ခဲ့တဲ့ ထိုင်းအသင်းနဲ့ခက်ခက်ခဲခဲ ရင်ဆိုင်ရမှာဖြစ်သလို တောင့်တင်းတဲ့ ကမ္ဘောဒီးယားနဲ့လည်းဆုံတွေ့ဖို့ရှိပါတယ် သူတို့နဲ့ ဆီးဂိမ်းစ် ကစားခဲ့ဖူးတော့ သူတို့အသင်းကောင်းတစ်သင်းဆိုတာ သိထားပြီးသားပါ ဘရူနိုင်းအသင်းနဲ့ကတော့ ကျွန်တော့်အတွက် ပထမဆုံးတွေ့ဆုံရတာဖြစ်လို့ တကယ်ကိုစိတ်ဝင်စားစရာပါပဲ ကျွန်တော်တို့ အသင်းရဲ့ လူငယ်ကစားသမားသစ်လေးတွေအတွက် ဒီပြိုင်ပွဲကနေအတွေ့အကြုံကောင်းတွေရ ယူသွားပါမယ်”ဟု နည်းပြချုပ် Michael Feichtenbeiner ကပြောသည်။

ထို့ကြောင့် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းအနေဖြင့် ပြိုင်ဘက်တိုင်းအား လေးစားမှုရှိစွာဖြင့် တစ်ပွဲချင်းစီအား တစ်ဆင့်စီပြင်ဆင်ပြီး၍ အကောင်းဆုံးယှဥ်ပြိုင်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

မြန်မာလက်ရွေးစင် ယူ-၂၃ အသင်းသည် ကစားသမား ၂၅ ဦးဖြင့် ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကာ အုပ်စု(က)တွင် ထိုင်း၊ကမ္ဘောဒီးယား၊ဘရူနိုင်းအသင်းတို့နှင့်ကျရောက်လျက်ရှိပြီး ဩဂုတ် ၁၇ ရက်(ယနေ့)ည ၇ နာရီခွဲတွင် ထိုင်းအသင်း၊ဩဂုတ် ၁၉ ရက်နေ့လည် ၃ နာရီခွဲတွင် ကမ္ဘောဒီးယားအသင်း၊ ဩဂုတ် ၂၁ ရက်နေ့လည် ၇ နာရီခွဲတွင် ဘရူနိုင်းအသင်းတို့နှင့်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လှေလှော်အားကစားနည်းကနေ မြန်မာအသင်း ငွေတံဆိပ် ဆု ထပ်မံရရှိ

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် SEA GAMES Canoeing  အမျိုးသားလေးယောက်လှော် (၂၀၀) မီတာ ပြိုင်ပွဲတွင် မြန်မာအသင်းက ငွေတံဆိပ် ဆု ကို ထပ်မံဆွခူးနိုင်ခဲ့ကြောင်းသိရသည်။ SEA Games Thailand 2025 ၏ Canoeing ပြိုင်ပွဲများမှ ကျင်းပပြီးစီးခဲ့သော အမျိုးသားလေးယောက်လှော် ၂၀၀ မီတာ (Men's Canoe Four 200m - C4 200m) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အားကစားသမားများဖြစ်သည့် ကျော်ဇေယျ ၊မျိုးလှိုင်ဝင်း၊ ထွဋ်ခေါင်ဇော်နှင့် သန့်ဇင်ဦးတို့က...

ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium ၌ မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium ၌ မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ ယနေ့ (ဒီဇင်ဘာ ၁၂)ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကာ မီးသတ်ဦးစီးဌာနအနေဖြင့် ရည်မှန်းချက်တာဝန်(၄)ရပ်နှင့်အညီ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့် ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု မီးသတ်တပ်ဖွဲ့က ဆိုသည်။ ဇာတ်တိုက်လေ့ကျင့်မှုကို  နေပြည်တော်မီးသတ်ဦးစီးမှူးရုံးအပါအဝင် ခရိုင်၊ မြို့နယ်၊ နယ်မြေမီးသတ်စခန်းများမှ ပိုလန်နိုင်ငံထုတ် ခေတ်မီ မီးငြှိမ်းသတ်ယာဉ်များဖြစ်သည့် LUF 60 (၂)စီး၊ LUF Micro (၁)စီး၊ LUF Nano (၁)စီး၊...

USDP ပါတီမှဦးဆောင်၍ အခြေခံလူတန်းစားများ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ကိုကတိသစ္စာပြုဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်ပြော

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP)မှဦးဆောင်၍ အခြေခံလူတန်းစားများ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ကို ကတိသစ္စာပြုသည်ဟု ဧရာဝတီတိုင်း၊ မဲဆန္ဒနယ်အမှတ်(၁)၊ USDP ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီဝင်များ၊ ပါတီမိတ်ဆွေများ၊ မဲဆန္ဒရှင်များနှင့်တွေ့ဆုံစဥ် USDP ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ "အခြေခံလူတန်းစားတွေ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင် USDP ပါတီကဦးဆောင်ပြီး ဆောင်ရွက်သွားမယ်လို့ကတိသစ္စာပြုပါတယ်"ဟု USDP ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်က ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရန် နိုင်ငံတော်အစိုးရမှ အားကြိုးမာန်တက်ဆောင်ရွက်လျက်ရှိရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071