ရန်ကုန်မြို့၊အင်းလျားကန်၌ကျင်းပခဲ့သည့် ၂၀၂၃ ခုနှစ် တိုင်းနှင့်ပြည်နယ် လှေလှော်ပြိုင်ပွဲ၌ ရန်ကုန်တိုင်းအသင်းက စုပေါင်းတံခွန်စိုက်ဖလားအား ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် တိုင်းနှင့်ပြည်နယ် လှေလှော်ပြိုင်ပွဲအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်တို့ကကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။
စုပေါင်းတံခွန်စိုက်ဖလားရရှိခဲ့သည့် ရန်ကုန်တိုင်းအသင်းအား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းမှ တံခွန်စိုက်ဖလားနှင့်ငွေသားဆုများကိုပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး၀င်းတင့်က ရွှေ ၂ ခု၊ငွေ ၂ ခုဖြင့်တံခွန်စိုက်ဆုဖလားရရှိသည့် ဧရာ၀တီတိုင်း အမျိုးသမီးအသင်းအားဆုဖလားနှင့်ငွေသားဆုများချီးမြှင့်ခဲ့သည်။
ထို့အတူ မီတာ ၅၀၀ အမျိုးသား၊အမျိုးသမီး၊ အမျိုးသား+အမျိုးသမီး ၇ တက်၊ ၁၀တက်ပြိုင်ပွဲ
များတွင် ပထမ၊ဒုတိယ၊တတိယရရှိခဲ့ကြသည့် တိုင်းနှင့်ပြည်နယ်အသင်းများအား တိုင်းဒေသကြီး၀န်ကြီးများကတစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
Photo-Ko Aung Myint