Tuesday, February 17, 2026

မုံရွာမြို့ ဘုရားလှဘုရားဝင်းမှ (၈၇) နှစ်ရှိ...

မုံရွာမြို့၏ မြို့သမိုင်းဝင် ဘုရားစာရင်းတွင် ပါဝင်သော အလယ်ရပ် ၊ ဘုရားလှစေတီ ဘုရားဝင်းအတွင်းရှိ သက်တမ်း (၈၇) နှစ်ရှိပြီဖြစ်သည့် ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင်ကို...

ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော် သံဃာ့ဒါန...

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၁၆ ရက်မွန်းလွဲပိုင်းက သပြေကုန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ်၌ဆင်ယင်ကျင်းပခဲ့သည်။ အဆိုပါ မင်္ဂလာအခမ်းအနားများကို ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ...

အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)၏ အလုပ်ရုံ(၂၂)ရုံအနက်...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)ပြန်လည်လည်ပတ်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်၌ စက်ရုံ၏ အလုပ်ရုံ(၂၂) ရုံအနက် (၁၉)ရုံကိုစမ်းသပ်လည်ပတ်ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကျန်ရှိသည့် အလုပ်ရုံ(၃)ရုံအနက် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့်...

ဟုမ္မလင်းခရိုင်အတွင်း သစ်တောဖုံးလွှမ်းမှု ၅ နှစ်အတွင်း...

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်အတွင်း သစ်တောဖုံးလွှမ်းမှုမှာ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ၂ ဒသမ ၁၀ ရာခိုင်းနှုန်းတိုးတက်လာကြောင်း သယံဇာတ နှင့်...
HomeNewsLocal News၂၀၂၃ ခုနှစ် တိုင်းနှင့်...

၂၀၂၃ ခုနှစ် တိုင်းနှင့် ပြည်နယ် လှေလှော်ပြိုင်ပွဲတွင် အားကစားသမား (၂၉၁) ဦးဝင်ရောက်ယှဥ်ပြိုင်

ရန်ကုန်မြို့၊ အင်းလျားကန်တွင် သြဂုတ် (၉) ရက်မှ (၁၁) ရက်အထိ ကျင်းပသည့် ၂၀၂၃ ခုနှစ် တိုင်းနှင့်ပြည်နယ်လှေလှော်ပြိုင်ပွဲတွင် အမျိုးသားအသင်း (၁၁) သင်း၊ အမျိုးသမီးအသင်း (၇)သင်းတို့မှ လှေလှော်အားကစားသမား (၂၉၁) ဦး ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိကြောင်း သိရသည်။

ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို သြဂုတ် (၉) ရက်နံနက်ပိုင်းက အင်းလျားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ၌ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒု – ဝန်ကြီးဦးမျိုးလှိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

လှေလှော်ပြိုင်ပွဲအား လူငယ်မျိုးဆက်သစ်လှေလှော်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ လှေလှော်အားကစားနည်းအား ပြည်သူအများ စိတ်ဝင်စားလာစေရေး၊ ပြည်နယ်နှင့် တိုင်းအသီးသီးမှ လာရောက်ယှဉ်ပြိုင်သည့် လှေလှော်အားကစားသမားများ အချင်းချင်းချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရေးနှင့် လှေလှော်အားကစားနည်း အဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ဒု-ဝန်ကြီးဦးမျိုးလှိုင်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့၌ ယခုနှစ်အတွင်းကျင်းပမည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ရိုးရာလှေ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

ပြိုင်ပွဲ ပထမနေ့အဖြစ် မီတာ(၂၀၀) အမျိုးသား/အမျိုးသမီး (၇) တက် လှေပြိုင်ပွဲ၊ မီတာ (၂၀၀) အမျိုးသား/အမျိုးသမီး (၁၀) တက် လှေပြိုင်ပွဲ၊ မီတာ(၂၀၀) Mixed (၁၀) တက်လှေပြိုင်ပွဲများကို ကြည့်ရှုအားပေးကာ ပထမနေ့တွင် ဆုရရှိသူများအား ဒု-ဝန်ကြီးနှင့်တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုံရွာမြို့ ဘုရားလှဘုရားဝင်းမှ (၈၇) နှစ်ရှိ ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင် ပြန်လည်ပြုပြင်မွမ်းမံလျက်ရှိ

မုံရွာမြို့၏ မြို့သမိုင်းဝင် ဘုရားစာရင်းတွင် ပါဝင်သော အလယ်ရပ် ၊ ဘုရားလှစေတီ ဘုရားဝင်းအတွင်းရှိ သက်တမ်း (၈၇) နှစ်ရှိပြီဖြစ်သည့် ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင်ကို ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။ ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်စင်သည် ဘုရားလှစေတီတော်ကြီး၏ တနင်္ဂနွေထောင့် အရှေ့မြောက်ထောင့်တွင်တည်ရှိပြီး ပြီးခဲ့သည့် (၇) ရက်ခန့်ကစပြီး ခေါင်းလောင်းစင်အဆောက်အဦးကို အလှူရှင်တစ်ဦးက ပြန်လည်ပြုပြင်နေပြီး ကြေးခေါင်းလောင်းကြီးကိုလည်း ရောင်တော်ပြန်ဖွင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ခေါင်းလောင်းပေါ်တွင်  "သက္ကရာဇ် ၁၃၀၀ ခု တပို့တွဲလဆုပ် (၁) ရက် (၄.၂.၃၉) စနေနေ့ ၊ မုံရွာမြို့မြို့မင်းကြီး ဦးဘိုးအို...

ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော် သံဃာ့ဒါန ဆွမ်းဆန် စိမ်းလောင်းလှူ

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၁၆ ရက်မွန်းလွဲပိုင်းက သပြေကုန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ်၌ဆင်ယင်ကျင်းပခဲ့သည်။ အဆိုပါ မင်္ဂလာအခမ်းအနားများကို ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သာသနဥပတ္ထမ္ဘကအဖွဲ့ကကြီးမှူးကျင်းပခြင်းဖြစ်ကာ သြဝါဒါစရိယဆရာတော်ကြီး(၇)ပါး၊ သာ သနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်(၂)ပါး၊ ပါဠိပထမပြန်စာမေးပွဲကြီးကြပ်ဆရာတော်(၂)ပါး၊ ဇမ္ဗူသီရိမြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်ကြီးများမှ ဂန္ထဝါစ ကစာချဆရာတော်(၂၀)ပါး၊ ဓမ္မာစရိယသုံးကျမ်းပြီး သာသနဓဇဓမ္မာစရိယဘွဲ့ရ(၂၉)ပါး၊ (၂)ကျမ်းအောင် (၂၅)ပါး၊ (၁)ကျမ်းအောင်(၂၂)ပါး၊ ပထမကြီးတန်းအောင်(၁)ပါး၊ ပထမလတ်တန်းအောင်(၁၁)ပါး၊  ပထမငယ်တန်းအောင်(၄)ပါးနှင့် အခြေပြုမူလတန်းအောင် (၁၁)ပါးကြွရောက်တော်မူခဲ့ကြသည်။ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များအား တာဝန်ရှိသူများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဂုဏ်ပြုအလှူတော်ငွေများကို...

အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)၏ အလုပ်ရုံ(၂၂)ရုံအနက် (၁၉)ရုံကို စမ်းသပ်လည်ပတ်ပြီးဖြစ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)ပြန်လည်လည်ပတ်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်၌ စက်ရုံ၏ အလုပ်ရုံ(၂၂) ရုံအနက် (၁၉)ရုံကိုစမ်းသပ်လည်ပတ်ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကျန်ရှိသည့် အလုပ်ရုံ(၃)ရုံအနက် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့် အလုပ်ရုံ (၃)ကို မကြာမှီစမ်းသပ်လည်ပတ်နိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကာ စက်ရုံရှိ အဓိကအလုပ်ရုံဖြစ်သည့် Romelt နည်းပညာအသုံးပြုသံရည်ကျိုအလုပ်ရုံတွင် တပ်ဆင်ထားသော စက်ပစ္စည်းများကိုလည်း ကျွမ်းကျင်ပညာရှင်များစစ်ဆေးပြီးသည့်အပြင် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံကိုလည်း စက်တပ်ဆင်ခြင်း၊ စမ်းသပ်လည်ပတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်နေမှုများအား စက်မှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းမှ ဖေဖော်ဝါရီ ၁၆ ရက်က စက်ရုံသို့သွားရောက်ပြီး အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့် အလုပ်ရုံတွင် စက်များစမ်းသပ်လည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071