Thursday, November 13, 2025

နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့တွင် အိမ်နီးချင်းနိုင်ငံများကဝိုင်းဝန်းထိန်းချုပ်ပေးရန်ပြော

နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့တွင် အိမ်နီးချင်းနိုင်ငံများကဝိုင်းဝန်းထိန်းချုပ်ပေးရန် ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူများမှ ယနေ့ နိုဝင်ဘာ ၁၂ ရက်နံနက်ပိုင်းက ရန်ကုန်မြို့အခြေစိုက်၊ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်...

(၂)နှစ်ကျော်အတွင်း နိုင်ငံပေါင်း(၅၂)နိုင်ငံမှ နိုင်ငံခြား သား...

(၂)နှစ်ကျော်အတွင်း နိုင်ငံပေါင်း(၅၂)နိုင်ငံမှ နိုင်ငံခြားသား (၆၇,၉၈၂)ဦးကို သက်ဆိုင်ရာနိုင်ငံများထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေကပြောကြားခဲ့ကြောင်း သိရသည်။ ယနေ့ နိုဝင်ဘာ ၁၂ ရက်နံနက်ပိုင်းက ရန်ကုန်မြို့အခြေစိုက်၊...

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေက သံတမန်များအားရှင်းလင်းပြောကြား

လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာ အပိုင်းလိုက်ကျင်းပမည့် လွတ်လပ်၍တရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ ယနေ့ နိုဝင်ဘာ ၁၂ ရက်နံနက်ပိုင်းက ရန်ကုန်မြို့အ...

အမှိုက်အမျိုးအစားများ ခွဲခြားပစ်နိုင်ရန် ရန်ကုန်စည်ပင်က ဆောင်ရွက်နေသော်လည်း...

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်နိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လှုံ့ဆော်တိုက်တွန်းကာ ဆောင်ရွက်နေသော်လည်း ပြည်သူများ လိုက်ပါမှု အားနည်းနေသေးကြောင်း သိရသည်။ ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ Shopping...
HomeNewsLocal News၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့တွင်...

၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့တွင် ဂုဏ် ထူးဆောင်ဘွဲ့တံဆိပ်၊စွမ်းရည်သတ္တိဆိုင်ရာဆုရရှိသူများအနက် ၁၄၆ ဦးအား နိုင်ငံတော်အဆင့်အ ခမ်းအနားဖြင့် ချီးမြှင့်သွားမည်

၂၀၂၃ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ဂုဏ် ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့ နာယက၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နိုဝင်ဘာ ၃ ရက်တွင်ပြုလုပ်ခဲ့သည့် ၂၀၂၃ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ဂုဏ် ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ် သည်။

နိုင်ငံတော်အတွက် ထူးကဲစွာအကျိုးဆောင်သူ များ၊နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးတာဝန်များ ထမ်းဆောင်ရာတွင် မိမိကိုယ်ကျိုးကို မငဲ့ကွက်ဘဲ အသက်ခန္ဓာစွန့် လွှတ်ပြီး ရဲဝံ့စွန့်စားစွာတာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သားများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအပါအဝင် ပြည်သူ့ဝန်ထမ်းများကို ဂုဏ်ထူး ဆောင်ဘွဲ့များ၊ဂုဏ်ထူးဆောင်တံဆိပ်များနှင့်စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်(၁၂)မျိုး ချီးမြှင့်သွားမည်ဟု ပြောသည်။

“နိုင်ငံတော်အနေနဲ့ ဂုဏ်ပြုထိုက်သူတွေကို ဂုဏ်ပြုခြင်းနဲ့ချီးမြှင့်ထိုက်သူတွေကို ချီးမြှင့်ခြင်းတွေကို မင်္ဂလာတရားတော်နဲ့အညီဆောင်ရွက်ခြင်းဖြစ်ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် နိုင်ငံကိုအဘက်ဘက်မှ ရန်လိုဖိအားပေးလုပ်နေသည့်ကာလအတွင်း နိုင်ငံ၏တာဝန်များကို ကျရာကဏ္ဍများမှ ထူးကဲစွာအသက်‌ပေး ဆောင်ရွက်ကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့်လုံခြုံ ရေးအဖွဲ့ဝင်များ မကျန်ရှိစေရန်လည်း စိစစ်ဆောင်ရွက်ရမည်ဟု ပြောသည်။

“နိုင်ငံတော်က ချီးမြှင့်အပ်နှင်းခံရမယ့် ပုဂ္ဂိုလ်တွေရဲ့ အရည်အချင်းဟာ သားစဉ်မြေးဆက် ဂုဏ်ယူဝံ့ကြွားနိုင်တဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်တွေကိုသာ ချီးမြှင့်ခံရခြင်းမျိုးဖြစ်စေလိုပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

ယခု ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၄ ရက် စိန်ရတုလွတ် လပ်ရေးနေ့တွင် ၂၀၂၂ ခုနှစ်၊မတ် ၂၇ ရက်တွင် ပထမအကြိမ်အဖြစ် စည်သူဘွဲ့ ၁ ဦး၊ သီရိပျံချီဘွဲ့  ၉ ဦး၊ ဇေယျကျော်ထင်ဘွဲ့  ၅ ဦး၊ ဝဏ္ဍကျော်ထင်ဘွဲ့  ၄၅ ဦးအပါအဝင်(စုစုပေါင်း ၈၈၀ ဦး)အားချီး မြှင့်ရန် သတ်မှတ်ထားသည်ဟု ပြောသည်။

ထို့ပြင် ဒုတိယအကြိမ်အဖြစ် ၂၀၂၂ ခုနှစ်၊ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်တွင် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ၊စွမ်းရည်သတ္တိဆိုင်ရာများကို ထုတ်ပြန်ထားပြီးဖြစ်ကာ အဂ္ဂမဟာသီရိသုဓမ္မဘွဲ့ ၃ ဦး၊ သတိုးသီရိသုဓမ္မဘွဲ့  ၂ ဦး၊ အဂ္ဂမဟာသရေစည်သူဘွဲ့  ၅ ဦး၊ သတိုးမဟာသရေစည်သူဘွဲ့  ၅ ဦးအပါအဝင်(စုစုပေါင်း ၁၄၆ ဦး)အား ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၄ ရက်စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အဆင့်အခမ်းအနားဖြင့် ချီးမြှင့်သွားမည်ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့တွင် အိမ်နီးချင်းနိုင်ငံများကဝိုင်းဝန်းထိန်းချုပ်ပေးရန်ပြော

နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့တွင် အိမ်နီးချင်းနိုင်ငံများကဝိုင်းဝန်းထိန်းချုပ်ပေးရန် ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူများမှ ယနေ့ နိုဝင်ဘာ ၁၂ ရက်နံနက်ပိုင်းက ရန်ကုန်မြို့အခြေစိုက်၊ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ် သည်။ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရာတွင် မြန်မာနိုင်ငံ၌မထုတ်လုပ်နိုင်သည့် ဓာတုအခြေပြုမူးယစ်ဆေးဝါးများ နယ်စပ်နိုင်ငံများမှ တစ်ဆင့်ဝင်ရောက်နေမှုများထိန်းချုပ်နိုင်ရေး၊ EAOs များ အဓိကပါဝင်နေပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးတည်ငြိမ်မှုနှင့် တိုက်ရိုက်သက်ဆိုင်နေခြင်းတို့ကြောင့် အလေးထားဆောင်ရွက်နေသည်ဟု ပြော သည်။ ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများက ဝိုင်းဝန်းထိန်းချုပ်ပေးရန်နှင့် အလေးထားစောင့်ကြည့်အရေးယူပေးရန် မေတ္တာရပ်ခံလိုသည်ဟုလည်း  ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူများက ပြောသည်။ ထို့ပြင် KK Park ရှိ အဆောက်အဦးပေါင်း(၆၂၅)လုံးအ နက်...

(၂)နှစ်ကျော်အတွင်း နိုင်ငံပေါင်း(၅၂)နိုင်ငံမှ နိုင်ငံခြား သား (၆၇,၉၈၂)ဦးကို သက်ဆိုင်ရာနိုင်ငံများထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်

(၂)နှစ်ကျော်အတွင်း နိုင်ငံပေါင်း(၅၂)နိုင်ငံမှ နိုင်ငံခြားသား (၆၇,၉၈၂)ဦးကို သက်ဆိုင်ရာနိုင်ငံများထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေကပြောကြားခဲ့ကြောင်း သိရသည်။ ယနေ့ နိုဝင်ဘာ ၁၂ ရက်နံနက်ပိုင်းက ရန်ကုန်မြို့အခြေစိုက်၊ သံတမန်များနှင့် ကုလသမဂအဖွဲ့အစည်းမှ ကိုယ်စားလှယ်များအားတွေ့ဆုံ၍ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစ၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ  ၂ နှစ်ကျော်အတွင်း မြန်မာနယ်စပ်သို့ အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် တရားမဝင်ရောက်ရှိနေသည့် နိုင်ငံပေါင်း(၅၂)နိုင်ငံမှ နိုင်ငံခြားသား(၆၇,၉၈၂) ဦးကို အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။ အိမ်နီးချင်းနယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၊ မဲ့ထော်သလေး...

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေက သံတမန်များအားရှင်းလင်းပြောကြား

လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာ အပိုင်းလိုက်ကျင်းပမည့် လွတ်လပ်၍တရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ ယနေ့ နိုဝင်ဘာ ၁၂ ရက်နံနက်ပိုင်းက ရန်ကုန်မြို့အ ခြေစိုက်၊ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းမှ ကိုယ်စားလှယ်များအား ရှင်းလင်းပြောကြားခဲ့သည်။ မကြာမှီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍တရားမျှတပြီး အားလုံးပါ ဝင်သောရွေးကောက်ပွဲဖြစ်စေရန်ပြင်ဆင်နေမှုများ၊ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပမည့်အစီအစဉ်များ၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသည့် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများအား  ကန့်သတ်ထားခြင်းမရှိဘဲ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ မှတ်ပုံတင်ခွင့်ပြုခဲ့မှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်စေရန်အတွက် ပြည်တွင်း/ပြည်ပမှ လေ့လာသူအဖွဲ့များ၊ နိုင်ငံတကာမှ သံတမန်များနှင့် အဖွဲ့အစည်းများအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071