Home News Local News ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံ၊ ဝိပ္ပံ၊ ဝိဇ္ဇာဘာသာတွဲများတွင် အမှတ်အများဆုံးရရှိသူစာရင်း၌ ပြင်ပဖြေ အများဆုံးပါဝင်

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံ၊ ဝိပ္ပံ၊ ဝိဇ္ဇာဘာသာတွဲများတွင် အမှတ်အများဆုံးရရှိသူစာရင်း၌ ပြင်ပဖြေ အများဆုံးပါဝင်

0
279

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်အများဆုံးရရှိသူစာရင်း ( Top Ten List ) ကို သိပ္ပံဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲနှင့် ဝိဇ္ဇာဘာသာတွဲအလိုက် ထုတ်ပြန်ခဲ့ရာ အမှတ်အများဆုံးရရှိသူများအနက် ပြင်ပဖြေဆိုသူအများဆုံးပါဝင်ကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသူမှာ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်စာစစ်ဌာနတွင် သိပ္ပံဘာသာတွဲဖြင့် ဝင်ရောက်ဖြေဆိုခဲ့သူ မောင်ဟိန်းဝေယံထွန်းဖြစ်ပြီး ရမှတ်ပေါင်း ၅၅၆ မှတ် ရရှိခဲ့သူဖြစ်သည်။

အလားတူ ဝိပ္ပံဘာသာတွဲတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ ပြင်ပဖြေဆိုသူ မောင်အောင်ဇော်က ရမှတ်ပေါင်း ၅၃၈ မှတ်ဖြင့် လည်းကောင်း၊ ဝိဇ္ဇာဘာသာတွဲတွင် ဧရာ၀တီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်မှ မထိုက်သူလင်းက ရမှတ်ပေါင်း ၅၁၃ မှတ်ဖြင့် အမှတ်အများဆုံးရရှိခဲ့ပြီး အဆိုပါ စာရင်းတွင် ပြင်ပမှဖြေဆိုသူ ၂၁ ဦးပါဝင်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံခြားစာစစ်ဌာန အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဝင်ရောက်ဖြေဆိုသူ ၁၆၁၈၅၀ ဦးရှိသည့်အနက် စာမေးပွဲအောင်မြင်သူ ၁၀၉၈၅၁ ဦးရှိ၍ အောင်ချက်ရာခိုင်နှုန်း ၆၇ ဒသမ ၈၇ ရှိခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏စာရင်းများအရ သိရသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် ဇွန်လ ၉ ရက်၊ နံနက် ၆ နာရီမှစတင်၍ ကပ်ထားခဲ့ပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website ဖြစ်သည့် www.myanmarexam.org တွင်လည်း နံနက် ၄ နာရီမှစတင်၍ အသိပေးထုတ်ပြန်ခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here