Monday, December 8, 2025

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ရန်ကုန်မြို့တွင်ကျင်းပ

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊...

မြန်မာအားကစားအဖွဲ့(၁၂)ဖွဲ့ ဆီးဂိမ်းပြိုင်ပွဲဝင်ရန် ထိုင်းနိုင်ငံသို့ထွက်ခွာ

မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့(၁၂)ဖွဲ့သည် ထိုင်းနိုင်ငံတွင်ကျင်းပသည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ယနေ့ ဒီဇင်ဘာ ၈ ရက်နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ တိုက်ကွမ်ဒိုအားကစားအဖွဲ့၊ လက်ဝှေ့အားကစားအဖွဲ့၊ ဖူဆယ်(အမျိုးသား)အားကစားအဖွဲ့၊ ရေကူးအားကစားအဖွဲ့၊...

အောက်တိုဘာလအတွက် အလုပ်သမားများ၏မိသားစုလွှဲပို့ငွေ လချုပ်စာရင်း ပေးပို့ရန်...

၂၀၂၅ ခုနှစ် အောက်တိုဘာလအတွက် အလုပ်သမားများ၏မိသားစုလွှဲပို့ငွေ လချုပ်စာရင်း ပေးပို့ရန် အေဂျင်စီ ၆၄ ခုကျန်ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ အဆိုပါအေဂျင်စီများအနေဖြင့် ဒီဇင်ဘာ ၁၀...

တိုကျိုမြို့ရှိ မြန်မာသံရုံးအမည်သုံး၍ အွန်လိုင်းလောင်းကစားစာမျက်နှာတစ်ခု ဖွင့်လှစ်နေဟု...

မြန်မာသံရုံး၊ တိုကျိုမြို့မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမတိုင်မီက အသုံးပြုခဲ့သည့် website အမည်ကို တုပ၍ အွန်လိုင်း လောင်းကစားစာမျက်နှာတစ်ခု ဖွင့်လှစ်အသုံးပြုနေကြောင်း မြန်မာသံရုံး၊...
HomeNewsLocal News၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ...

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံ၊ ဝိပ္ပံ၊ ဝိဇ္ဇာဘာသာတွဲများတွင် အမှတ်အများဆုံးရရှိသူစာရင်း၌ ပြင်ပဖြေ အများဆုံးပါဝင်

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်အများဆုံးရရှိသူစာရင်း ( Top Ten List ) ကို သိပ္ပံဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲနှင့် ဝိဇ္ဇာဘာသာတွဲအလိုက် ထုတ်ပြန်ခဲ့ရာ အမှတ်အများဆုံးရရှိသူများအနက် ပြင်ပဖြေဆိုသူအများဆုံးပါဝင်ကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသူမှာ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်စာစစ်ဌာနတွင် သိပ္ပံဘာသာတွဲဖြင့် ဝင်ရောက်ဖြေဆိုခဲ့သူ မောင်ဟိန်းဝေယံထွန်းဖြစ်ပြီး ရမှတ်ပေါင်း ၅၅၆ မှတ် ရရှိခဲ့သူဖြစ်သည်။

အလားတူ ဝိပ္ပံဘာသာတွဲတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ ပြင်ပဖြေဆိုသူ မောင်အောင်ဇော်က ရမှတ်ပေါင်း ၅၃၈ မှတ်ဖြင့် လည်းကောင်း၊ ဝိဇ္ဇာဘာသာတွဲတွင် ဧရာ၀တီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်မှ မထိုက်သူလင်းက ရမှတ်ပေါင်း ၅၁၃ မှတ်ဖြင့် အမှတ်အများဆုံးရရှိခဲ့ပြီး အဆိုပါ စာရင်းတွင် ပြင်ပမှဖြေဆိုသူ ၂၁ ဦးပါဝင်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံခြားစာစစ်ဌာန အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဝင်ရောက်ဖြေဆိုသူ ၁၆၁၈၅၀ ဦးရှိသည့်အနက် စာမေးပွဲအောင်မြင်သူ ၁၀၉၈၅၁ ဦးရှိ၍ အောင်ချက်ရာခိုင်နှုန်း ၆၇ ဒသမ ၈၇ ရှိခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏စာရင်းများအရ သိရသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် ဇွန်လ ၉ ရက်၊ နံနက် ၆ နာရီမှစတင်၍ ကပ်ထားခဲ့ပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website ဖြစ်သည့် www.myanmarexam.org တွင်လည်း နံနက် ၄ နာရီမှစတင်၍ အသိပေးထုတ်ပြန်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ရန်ကုန်မြို့တွင်ကျင်းပ

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးနိုင်မင်းကျော်၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများအား မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံ သံရုံးတာဝန်ခံ Mr.Ahmad Ali R.A. AL-Marri နှင့်တာ၀န်ရှိသူများကကြိုဆိုနှုတ်ဆက်ပြီးနောက် ညစာစားပွဲကို မြန်မာ နိုင်ငံ တော်သီချင်း၊ ကာတာနိုင်ငံတော်သီချင်းတို့ဖြင့် ဖွင့်လှစ်ခဲ့သည်။ ထို့ပြင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကာတာနိုင်ငံ သံရုံးတာဝန်ခံတို့မှ အထိမ်းအမှတ်ကိတ်ကိုလှီးဖြတ်ပြီးနောက်...

မြန်မာအားကစားအဖွဲ့(၁၂)ဖွဲ့ ဆီးဂိမ်းပြိုင်ပွဲဝင်ရန် ထိုင်းနိုင်ငံသို့ထွက်ခွာ

မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့(၁၂)ဖွဲ့သည် ထိုင်းနိုင်ငံတွင်ကျင်းပသည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ယနေ့ ဒီဇင်ဘာ ၈ ရက်နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ တိုက်ကွမ်ဒိုအားကစားအဖွဲ့၊ လက်ဝှေ့အားကစားအဖွဲ့၊ ဖူဆယ်(အမျိုးသား)အားကစားအဖွဲ့၊ ရေကူးအားကစားအဖွဲ့၊ ဘိလိယက်နှင့်စနူကာအားကစားအဖွဲ့၊ Kabaddi အားကစားအဖွဲ့၊ ဘတ်စကက်ဘောအားကစားအဖွဲ့၊ ဘော်လီဘောအားကစားအဖွဲ့၊ ပီတန်းအားကစားအဖွဲ့၊ ကျွမ်းဘားအားကစားအဖွဲ့၊ ဂေါက်သီးအားကစားအဖွဲ့တို့မှ အုပ်ချုပ်/နည်းပြနှင့် အားကစားသမားများထွက်ခွာသွားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့နှင့်အတူ အားကစားအဖွဲ့များအားလိုက်လံအား ပေးရန် တာဝန်ရှိသူတစ်ဦးအပါအဝင် အုပ်ချုပ်မှုအဖွဲ့ဝင်(၉)ဦး၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌဦးသောင်းထိုက်မင်းတို့လည်းလိုက်ပါသွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာလအတွက် အလုပ်သမားများ၏မိသားစုလွှဲပို့ငွေ လချုပ်စာရင်း ပေးပို့ရန် အေဂျင်စီ ၆၄ ခု ကျန်ရှိနေ

၂၀၂၅ ခုနှစ် အောက်တိုဘာလအတွက် အလုပ်သမားများ၏မိသားစုလွှဲပို့ငွေ လချုပ်စာရင်း ပေးပို့ရန် အေဂျင်စီ ၆၄ ခုကျန်ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ အဆိုပါအေဂျင်စီများအနေဖြင့် ဒီဇင်ဘာ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး dolmigrationremittance@gmail. com သို့ အချိန်မီပေးပို့ကြရန်နှင့် အချိန်မီပေးပို့ခြင်းမရှိပါက ဒဏ်ကြေးကောက်ခံသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ အေဂျင်စီများအနေဖြင့် အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ အထောက်အထားတင်ပြရာတွင် အနည်းဆုံး (၄၁) ရာခိုင်နှုန်းသာ တင်ပြရန် သက်ဆိုင်ရာက ဖြေလျှော့ပေးထားပြီး အလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လမှစ၍ နိုင်ငံအလိုက် မိသားစုလွှဲပို့ငွေစာရင်း တင်ပြနိုင်ခြင်းမရှိသည့်အေဂျင်စီများကို အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ ယာယီဆိုင်းငံ့သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071