တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း အာကာသသို့ ဒုံးပျံပစ်လွှတ်မှု မစ်ရှင် ၇၀ ကိုပြုလုပ်သွားမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်သည်။
အဆိုပါ အာကာသမစ်ရှင်များအနက် ကုန်တင်အာကာသယာဉ်တစ်ခု ပစ်လွှတ်ခြင်း၊ လူ ၂ ဦးလိုက်ပါမည့် အာကာသယာဉ်ပစ်လွှတ်ခြင်း၊ ChinaSat ဆက်သွယ်ရေး ဂြိုဟ်တု ၂ ခုပစ်လွှတ်ခြင်းတို့ပါဝင်ကြောင်းသိရသည်။
ထို့အပြင် စကြဝဠာအား စူးစမ်းလေ့လာခြင်းဆိုင်ရာဂြိုဟ်တု လွှတ်တင်သည့် အစီအစဉ်များကို ယခင်နှစ်ထက် ပိုမိုပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင်ဆိုထားသည်။
Ref: China plans 70 launch missions in 2023