Sunday, July 13, 2025

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး...

စင်ကာပူ တာတိုဖလား ကနူး /...

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက...

ရလဒ်များကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးကြိုးစားသွားရန်...

ပြီးခဲ့သည့် ပြိုင်ပွဲများတွင် ကြုံတွေ့ခဲ့သည့် ရလဒ်ဆိုးများကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးယှဉ် ပြိုင်ကြိုးစားသွားရန် အမျိုးသမီးဘောလုံး ကော်မတီဥက္ကဌ ဒေါ် ခင်စံပယ်ကြည် က...
HomeInternational၂၀၂၃ ခုနှစ်အတွက် ဩဇာအရှိဆုံးနှင့်...

၂၀၂၃ ခုနှစ်အတွက် ဩဇာအရှိဆုံးနှင့် အကောင်းဆုံး ပတ်စပို့များ – ဟန်လေ ပတ်စပို့ အညွှန်း

ကမ္ဘာတစ်ဝန်း ကိုဗစ်ကြောင့် ပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်လာတဲ့အတွက် ခရီးသွား ဝါသနာပါသူတွေလည်း ပြည်ပနိုင်ငံများကို သွားရောက်လည်ပတ်ကြဖို့ စိတ်အားထက်သန်လာပါတယ်။

ဒါကြောင့် ကမ္ဘာတစ်ဝန်းက ခရီးသွားချစ်သူတွေအတွက် ဟန်လေ ပတ်စပို့ အညွှန်းက သူရဲ့ သုံးလတစ်ကြိမ် ထုတ်ပြန်လေ့ရှိတဲ့ နိုင်ငံရပ်ခြား ခရီးထွက်ဖို့ အကောင်းဆုံး ပတ်စပို့များ စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။

ဟန်လေ ပတ်စပို့ အညွှန်း ဆိုတာက ကမ္ဘာ့နိုင်ငံတွေရဲ့ ဗီဇာ မလိုဘဲ ပတ်စပို့ဖြင့်သာ ဝင်ရောက်နိုင်တဲ့ နိုင်ငံအရေအတွက်အပေါ် စာရင်းကောက်ယူပြီး တရားဝင်အဆင့် သတ်မှတ်ပေးတာ ဖြစ်ပါတယ်။

ဟန်လေကပေးတဲ့ ခရီးထွက်ဖို့ အကောင်းဆုံး ပတ်စပို့တွေရဲ့ ပထမနေရာကိုတော့ ဂျပန်နိုင်ငံရဲ့ ပတ်စပို့ကပဲ ငါးနှစ်ဆက်တိုက် ဆွတ်ခူးခဲ့ပါတယ်။ ဂျပန်ပတ်စပို့ကို ကိုင်ဆောင်ထားသူတွေဟာ နိုင်ငံပေါင်း ၁၉၃ နိုင်ငံကို ဗီဇာလွတ် ဒါမှမဟုတ် ဗီဇာဖြင့် ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။

ဒုတိယနေရာကိုလည်း အာရှနိုင်ငံတွေဖြစ်တဲ့ စင်ကာပူနဲ့ တောင်ကိုရီးယားက ၁၉၂ နိုင်ငံကို ဗီဇာလွတ် ဝင်ရောက်နိုင်ခြင်းဖြင့် ပူးတွဲရရှိခဲ့ပါတယ်။

ဂျာမနီနဲ့ စပိန်နိုင်ငံရဲ့ ပတ်စပို့တွေက ၁၉၀ နိုင်ငံဖြင့် တတိယနေရာ၊ အီတလီ၊ ဖင်လန်နဲ့ လူဇင်ဘတ်တို့က ၁၈၉ နိုင်ငံဖြင့် စတုတ္ထနေရာနဲ့ ဆွီဒင်၊ ဩစတြီးယား၊ ဒိန်းမတ်နဲ့ နယ်သာလန်တို့က ၁၈၈ နိုင်ငံဖြင့် ပဥ္စမနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ပြင်သစ်၊ အိုင်ယာလန်နဲ့ ဗြိတိန်ကလည်း ၁၈၇ နိုင်ငံဖြင့် ဆဌမနေရာမှာကို ရရှိထားပါတယ်။

အမေရိကန်၊ ဘယ်လ်ဂျီယံ၊ နော်ဝေး၊ ဆွစ်ဇာလန်၊ နယူးဇီလန်နဲ့ ချက်နိုင်ငံတို့က သတ္တမနေရာ၊ ဩစတြေးလျ၊ ဂရိ၊ ကနေဒါနဲ့ မော်လတာတို့က အဌမနေရာ၊ ပိုလန်နဲ့ ဟန်ဂေရီက နဝမနေရာ၊ လစ်သူယေးနီးယားနဲ့ ဆလိုဗက်ကီးယားနိုင်ငံတို့က ၁၈၃ နိုင်ငံဖြင့် ဒသမနေရာ စသည်ဖြင့် တစ်နိုင်ငံစီ လျော့၍ ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပတ်စပို့ကတော့ ၄၇ နိုင်ငံဖြင့် အဆင့် ၉၆ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

Source: WION

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး စိတ်(၁)သိန်းကို စိုက်ထည့်ပေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှလည်း ငါးမျိုးစိတ်များကိုစိုက်ထည့်ပေးခဲ့သည်။ ယနေ့တွင် ရေဆင်းဆည်အတွင်းသို့ (၂)လက်မအရွယ် ရွှေဝါငါးချင်းကောင်ရေ(၅,၀၀၀)၊ ငါးမြစ်ချင်းကောင်ရေ(၄၅,၀၀၀)၊ ငါးခုံးမကြီးကောင်ရေ (၅၀,၀၀၀)(စုစုပေါင်း ငါးမျိုးကောင်ရေ (၁၀၀,၀၀၀)ကို /စိုက်ထည့်ပေးခဲ့ကြသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ရေ ဆင်းဆည်အတွင်းသို့ ငါးမျိုးစိတ်စိုက်ထည့်မှု (၁၀) ကြိမ်နှင့် ယခုအကြိမ်အပါအဝင်(၁၁)ကြိမ်၌...

စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲတွင် မြန်မာ‌ ရွှေသုံးခု ၊ ‌ငွေတစ်ခု ၊‌ ကြေးသုံးခုရရှိထား

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup)၌ မြန်မာနိုင်ငံကိုယ်စားဝင်ရောက်ယှဉ်ပြိုင်သည့် လှေလှော်အားကစားအဖွဲ့‌မှာ ရွှေသုံးခု ၊ ‌ ငွေတစ်ခု ၊ ကြေးသုံးခု ဆွတ်ခူးရရှိထား‌ကြောင်းသိရသည်။ အဆိုပါ ပြိုင်ပွဲတွင် U17 + U18 ကယက် တစ်ယောက်လှော် မီတာ ၁၀၀၀ ပြိုင်ပွဲ၌‌ မြန်မာမှ ဇေယျာထွန်းက ပထမ(ရွှေတံ...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင် ဆင်ထား

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ပြောသည်။ လက်ရှိ တောင်ငူမြို့ စစ်တောင်းမြစ်ရေသည် ယနေ့ နံနက် ၆နာရီခွဲအချိန်၌ ၄၆၀ စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၄ နာရီအတွင်း ၆၅ စင်တီမီတာ ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။ တောင်ငူမြို့ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ ၆၀၀ စင်တီမီတာတွင်ရှိသည်ဟုဆိုသည်။ " ကျွန်တော်တို့ မိတ်ဖက်အဖွဲ့တွေ ပူး ပေါင်းပြီး စုဖွဲ့ပြင်ဆင်တာရှိသလို အချို့ အသင်းအဖွဲ့တွေလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071