Monday, August 17, 2026

ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲ ရန်ကုန်မြို့တွင်ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. H.E VOLHA CHAMADANAVA ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးအဖြစ်ရောက်ရှိနေသည်။ ထိုသို့ ရောက်ရှိနေရာ...

ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ကားကြီးတစ်စီးနှင့် အဌားကားတစ်စီး မျက်နှာချင်းဆိုင်တို-က်...

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်တွင် ယနေ့ သြဂုတ် ၁၇ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ကားကြီးတစ်စီးနှင့် အဌားကား(Taxi)တစ်စီး...

လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဒဂုံအရှေ့နှင့် ဒဂုံမြောက်ပိုင်းတို့၌ ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းကွန်ရက်များအတွင်းရေအားနည်းမှုများဖြစ်ပေါ်‌နိုင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့သို့ ရေပေးပို့နေသော   ရေပေးဝေရေးစခန်းဇုန်(၇)ရှိ  66/6.6 kV, 4MVA ဓာတ် အားခွဲရုံနှင့် ရေတွန်းစက်ကြီးများ၏ Control...

တောင်ကိုရီးယားတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် တစ်ဦး‌ေ-သဆုံး၊...

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ မြေပြိုမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး‌ေ-သဆုံးပြီး သုံးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ ဂျောင်ဆန်တောင်ပိုင်းပြည်နယ်၊ ဂျီယိုဂျဲမြို့ရှိ လူနေတိုက်ခန်းအဆောက်အအုံတစ်ခုတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး...
HomeNewsLocal News၂၀၂၃ ခုနှစ်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်...

၂၀၂၃ ခုနှစ်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေး၏ အသီးအပွင့်များကိုခံစားရန် အစပျိုးသည့်နှစ်တစ်နှစ်ဖြစ်ဟု နစက ဥက္ကဋ္ဌကနှစ်သစ်နှုတ်ခွန်းဆက်တွင်​ပြောကြား

၂၀၂၂ ခုနှစ်အား ကျွန်တော်တို့ တိုင်းရင်းသားညီ အစ်ကိုမောင်နှမများသည် အခက်အခဲများစွာနှင့် စိန်ခေါ်မှုပေါင်းစုံကြားမှ ကျွန်တော်တို့အားလုံး၏ စည်းလုံးညီညွတ်မှု၊စိတ်ရှည်သည်းခံမှုနှင့်သဘောထားပြည့်ဝမှုများနှင့်အကောင်းဆုံးဖြတ်ကျော်နိုင်ခဲ့ပြီးဖြစ်သည်ဟု နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ််ျုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၁ ရက် (ယနေ့)တွင် ၂၀၂၃ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ၂၀၂၂ ခုနှစ်တွင် ကျွန်တော်တို့ ညီအစ်ကို မောင်နှမများအားလုံး၏ စုစည်းညီညွတ်အားနှင့် စိန်ရတုပြည်ထောင်စုနေ့အခါသမယကိုလည်း ခမ်းနားထည်ဝါစွာ ဂုဏ်ယူဖွယ်ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရရှိခဲ့ခြင်းသည် ၇၅ နှစ်ပြည့်မြောက်တော့မည်ဖြစ်သော်လည်း ယင်းကာလအတွင်း လွတ်လပ်ရေး၏အရသာအားအပြည့်အဝခံစားရခြင်းမရှိသေးဘဲ လွတ်လပ်ရေးနဲ့အတူပေါက်ဖွားလာသည့် လက်နက်ကိုင်ပဋိပက္ခများကို တတ်နိုင်သမျှချုပ်ငြိမ်းအောင်ဆောင်ရွက်ခဲ့​ကြောင်း​ပြောကြားခဲ့သည်။

“ငြိမ်းချမ်းရေးကို ကျွန်တော်ကိုယ်တိုင်ဖိတ်ခေါ်ပြီးဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပြီးသမျှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေအပေါ်မှာ အလားအလာကောင်းတဲ့ သဘောတူညီမှုတွေရရှိခဲ့ပါတယ်”ဟု နစက ဥက္ကဋ္ဌကဆိုသည်။

မိမိဒေသ၊မိမိလူမျိုး၏ ကောင်းကျိုးအား တကယ့်ရင်ထဲမှ စစ်မှန်သည့်စေတနာ၊ မေတ္တာအမှန်တရားနှင့်လိုလားရန်သာအရေးကြီးကာ လက်နက်ကိုင်ပဋိပက္ခများဖြေရှင်းနိုင်ပါက တိုင်းရင်းသားများနှင့်တိုင်းရင်းသားဒေသများ၏ အခွင့်အရေးကို ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်​ကြောင်းထည့်သွင်း​ပြောခဲ့သည်။

“တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ ဒီမိုကရေစီ အခွင့်အရေးတွေမဆုံးရှုံးစေဖို့ တိုင်းရင်းသားဒေသတွေအပါအဝင် တစ်နိုင်ငံလုံးနေရာအနှံ့ အ ကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုး စားဆောင်ရွက်နေပါတယ်။ တိုင်းပြည်ကို မူလအခြေအနေအတိုင်းအေးချမ်းစေဖို့ဆောင်ရွက်နေပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

၂၀၂၃ ခုနှစ်သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရရှိခြင်း ၇၅ နှစ်ပြည့် စိန်ရတုတိုင်ခဲ့ပြီဖြစ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေး၏ အသီးအပွင့်များခံစားရန် အစပျိုးသည့် နှစ်တစ်နှစ်ဖ. မြန်မာ့နိုင်ငံရေးအချိုးအကွေ့တစ်ခုတွင် သမိုင်းကောင်းတစ်ခုဖန်တီးနိုင်မည့် အခွင့်အရေးကောင်းတစ်ခုအား တိုင်းရင်းသားပြည်သူများ ပိုင်ဆိုင်ခွင့်ရသော နှစ်တစ်နှစ်ဖြစ်၍ဒီအခွင့်အရေးကိုအရယူနိုင်ရန်မျှော်လင့်သည်ဟု ဆိုသည်။

“ကျွန်တော်တို့အားလုံး အတူတကွလျှောက်လှမ်းချင်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ခိုင်မာစေဖို့နဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအ ခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး အတွက် အခုရှိပြီးသားထက်ပိုမိုတဲ့ ပေါင်းစည်းညီညွတ်မှုတွေနဲ့ ရှေ့ကိုခရီးဆက်ရမှာပဲဖြစ်ပါတယ်။အဲဒီလိုခရီးဆက်နိုင်အောင်လည်း နစက အနေနဲ့ ဘက်ပေါင်းစုံကနေ ရှိသမျှတံခါးတွေ အားလုံးဖွင့်ပြီး လက်ကမ်းကြိုနေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

၂၀၂၂ ကမ္ဘာ​မှာ နိုင်ငံတကာအ​ရေးအခင်းကိုကြည့်ပြီး ၂၀၂၃ ခုနှစ်တွင် တိုင်းရင်းသားညီအစ်ကိုအားလုံး ပိုမိုသတိရှိခြင်းနှင့်ပိုမိုအသိရှိကာ ၎င်းတို့အား ကျော်လွှားနိုင်ရန် ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိ ဆိုသည့်အတိုင်း မိမိတို့အားလုံးစည်းလုံးစွာကျော်ဖြတ်ရန်လိုအပ်သည်ဟု ဆိုသည်။

“နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမယ့် အပြုသဘောဆောင်ရွက်ချက်တွေကို “မြန်မာစိတ်” မွေးပြီးတော့ စည်းစည်းလုံးလုံးလုပ်ကိုင်သွားကြမယ်ဆိုရင် ကျွန်တော်တို့ သွားချင်တဲ့ “ပန်းတိုင်” ကို မလွဲမသွေရောက်ရှိမှာပဲဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက. သည်။

မိမိတို့အားလုံး နိုင်ငံ့အကျိုး၊တိုင်းရင်းသားပြည် သူလူထုအကျိုးအား ရှေးရှု၍ ပိုမိုကောင်းမွန်သည့် နိုင်ငံတော်၏ လူမှုစီးပွားဘဝများကို မျိုးဆက်သစ်လူငယ်များအတွက် တည်ဆောက်ပေးရမည်ဖြစ်ပြီး မျိုးဆက်သစ်လူငယ်များထံမှ တိုင်းပြည်အတွက်အဖိုးတန်သည့် လူ့စွမ်းအားအရင်းအမြစ်များကို အကျိုးရှိရှိအသုံးချနိုင်စေရန် တာဝန်ရှိသူ များအားလုံး ညီညွတ်စွာဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။

နှစ်သစ်နှုတ်ခွန်းဆက်တွင် နိုင်ငံသားအားလုံးလည်း နှစ်သစ်အခါသမယမှသည် နှစ်များစွာတိုင် ကိုယ်စိတ်နှလုံးချမ်း​မြေ့စွာနဲ့​ကောင်းကျိုးလိုရာ အဖြာဖြာဖန်တီးနိုင်သူများဖြစ်​စေ​ကြောင်းဆု​တောင်းထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲ ရန်ကုန်မြို့တွင်ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. H.E VOLHA CHAMADANAVA ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးအဖြစ်ရောက်ရှိနေသည်။ ထိုသို့ ရောက်ရှိနေရာ သြဂုတ် ၁၆ ရက်ညပိုင်းက ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ဘယ်လာရုစ်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ၊ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။ ဂုဏ်ပြုညစာသုံးဆောင်ပြီးချိန်တွင် ရန်ကုန်တိုင်းလွှတ် တော်ဥက္ကဋ္ဌနှင့် ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌတို့က ကပြဖျော်ဖြေခဲ့ကြသည့် ယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသား/သူများအား...

ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ကားကြီးတစ်စီးနှင့် အဌားကားတစ်စီး မျက်နှာချင်းဆိုင်တို-က် (၂)ဦး‌ေ-သဆုံးခဲ့မှု ဝေါမြို့နယ်တွင်ဖြစ်ပွား

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်တွင် ယနေ့ သြဂုတ် ၁၇ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ကားကြီးတစ်စီးနှင့် အဌားကား(Taxi)တစ်စီး မျက်နှာချင်းဆိုင်တို-က်မိခဲ့ကြောင်း သိရသည်။ အဆိုပါ ကားကြီးနှင့် အဌားကား (Taxi)တို့သည် ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းမကြီး၏ မိုင်တိုင်အမှတ် ၈/၃ တွင်မျက်နှာချင်းဆိုင်တို-က်မိခဲ့ခြင်းဖြစ်ပြီး အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့မှာ အခင်းဖြစ်နေရာ၌‌ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ရုပ်အလေ-ာင်းများအား ဝေါလူမှုကူညီရေးအသင်းက ဝေါမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဒဂုံအရှေ့နှင့် ဒဂုံမြောက်ပိုင်းတို့၌ ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းကွန်ရက်များအတွင်းရေအားနည်းမှုများဖြစ်ပေါ်‌နိုင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့သို့ ရေပေးပို့နေသော   ရေပေးဝေရေးစခန်းဇုန်(၇)ရှိ  66/6.6 kV, 4MVA ဓာတ် အားခွဲရုံနှင့် ရေတွန်းစက်ကြီးများ၏ Control ပိုင်းတို့တွင် သြဂုတ် ၁၆ ရက်ည ၆ နာရီခန့်က လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဖြစ်ပေါ်ခဲ့ခြင်းကို ရန်ကုန်မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(ရေနှင့် သန့်ရှင်းမှု)က သြဂုတ် ၁၆ ရက်ညပိုင်းတွင် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုအတွက် လိုအပ်သည့်စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်းများကို အမြန်ဆုံးပြီးစီးနိုင်ရေးဆောင်ရွက်နေချိန်တွင် ရေတွန်းစက်ကြီးများအား ခေတ္တရပ်နားထားရမည်ဟုလည်းအသိပေးခဲ့ကြောင်း သိရသည်။ ရေတွန်းစက်ကြီးများ ခေတ္တရပ်နားထားရချိန်၌ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071