Wednesday, April 30, 2025

နစက ဒု-ဝန်ကြီးချုပ်ဦးသန်းဆွေ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံသံ...

နစက ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ယနေ့ ဧပြီ ၂၉ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၏...

ထာဝရငြိမ်းချမ်းရေးသို့….

လက်ရှိတွင် ရက် ၂၀ အပစ်ရပ်ပြီး သက်တမ်း တပတ်တိုးကာ ဧပြီ ၃၀ရက်နေ့ထိ အပစ်ရပ်ကြေငြာထားရာ ငြိမ်းချမ်းရေးအပြီးရရေးအတွက် ပြည်သူအားလုံး ဆန္ဒရှိနေကြသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးအတွက်...

စစ်ကိုင်းမြို့ရှိ သံဃာ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို...

မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ သံဃာ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို IBEC သဘာဝဘေးအန္တရာယ်ကူညီစောင့်ရှောက်ရေးစင်တာနှင့် ပြည်တွင်း/ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများပူပေါင်း၍ ယနေ့ ဧပြီ ၂၉...

တစ်နာရီလျှင် (၃၅)မိုင်ခန့်အထိရှိသော မိုးသက်လေပြင်းများတိုက်ခတ်နိုင်၍ သတိပြုနေထိုင်ကြရန်သတိပေး

တစ်နာရီလျှင် (၃၅)မိုင်ခန့်အထိရှိသော မိုးသက်လေပြင်းများတိုက်ခတ်နိုင်၍ သတိပြုနေထိုင်ကြရန် မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှ ယနေ့ ဧပြီ ၂၉ ရက်က မိုးသက်လေပြင်းအန္တရာယ်သတိပေးချက်အဖြစ် သတိပေးထုတ်ပြန်ခဲ့ကြောင်း သိရသည်။ မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)၏ သတိပေးချက်အရ...
HomeNewsLocal News၂၀၂၃ ခုနှစ်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်...

၂၀၂၃ ခုနှစ်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေး၏ အသီးအပွင့်များကိုခံစားရန် အစပျိုးသည့်နှစ်တစ်နှစ်ဖြစ်ဟု နစက ဥက္ကဋ္ဌကနှစ်သစ်နှုတ်ခွန်းဆက်တွင်​ပြောကြား

၂၀၂၂ ခုနှစ်အား ကျွန်တော်တို့ တိုင်းရင်းသားညီ အစ်ကိုမောင်နှမများသည် အခက်အခဲများစွာနှင့် စိန်ခေါ်မှုပေါင်းစုံကြားမှ ကျွန်တော်တို့အားလုံး၏ စည်းလုံးညီညွတ်မှု၊စိတ်ရှည်သည်းခံမှုနှင့်သဘောထားပြည့်ဝမှုများနှင့်အကောင်းဆုံးဖြတ်ကျော်နိုင်ခဲ့ပြီးဖြစ်သည်ဟု နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ််ျုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၁ ရက် (ယနေ့)တွင် ၂၀၂၃ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ၂၀၂၂ ခုနှစ်တွင် ကျွန်တော်တို့ ညီအစ်ကို မောင်နှမများအားလုံး၏ စုစည်းညီညွတ်အားနှင့် စိန်ရတုပြည်ထောင်စုနေ့အခါသမယကိုလည်း ခမ်းနားထည်ဝါစွာ ဂုဏ်ယူဖွယ်ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရရှိခဲ့ခြင်းသည် ၇၅ နှစ်ပြည့်မြောက်တော့မည်ဖြစ်သော်လည်း ယင်းကာလအတွင်း လွတ်လပ်ရေး၏အရသာအားအပြည့်အဝခံစားရခြင်းမရှိသေးဘဲ လွတ်လပ်ရေးနဲ့အတူပေါက်ဖွားလာသည့် လက်နက်ကိုင်ပဋိပက္ခများကို တတ်နိုင်သမျှချုပ်ငြိမ်းအောင်ဆောင်ရွက်ခဲ့​ကြောင်း​ပြောကြားခဲ့သည်။

“ငြိမ်းချမ်းရေးကို ကျွန်တော်ကိုယ်တိုင်ဖိတ်ခေါ်ပြီးဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပြီးသမျှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေအပေါ်မှာ အလားအလာကောင်းတဲ့ သဘောတူညီမှုတွေရရှိခဲ့ပါတယ်”ဟု နစက ဥက္ကဋ္ဌကဆိုသည်။

မိမိဒေသ၊မိမိလူမျိုး၏ ကောင်းကျိုးအား တကယ့်ရင်ထဲမှ စစ်မှန်သည့်စေတနာ၊ မေတ္တာအမှန်တရားနှင့်လိုလားရန်သာအရေးကြီးကာ လက်နက်ကိုင်ပဋိပက္ခများဖြေရှင်းနိုင်ပါက တိုင်းရင်းသားများနှင့်တိုင်းရင်းသားဒေသများ၏ အခွင့်အရေးကို ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်​ကြောင်းထည့်သွင်း​ပြောခဲ့သည်။

“တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ ဒီမိုကရေစီ အခွင့်အရေးတွေမဆုံးရှုံးစေဖို့ တိုင်းရင်းသားဒေသတွေအပါအဝင် တစ်နိုင်ငံလုံးနေရာအနှံ့ အ ကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုး စားဆောင်ရွက်နေပါတယ်။ တိုင်းပြည်ကို မူလအခြေအနေအတိုင်းအေးချမ်းစေဖို့ဆောင်ရွက်နေပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

၂၀၂၃ ခုနှစ်သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရရှိခြင်း ၇၅ နှစ်ပြည့် စိန်ရတုတိုင်ခဲ့ပြီဖြစ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေး၏ အသီးအပွင့်များခံစားရန် အစပျိုးသည့် နှစ်တစ်နှစ်ဖ. မြန်မာ့နိုင်ငံရေးအချိုးအကွေ့တစ်ခုတွင် သမိုင်းကောင်းတစ်ခုဖန်တီးနိုင်မည့် အခွင့်အရေးကောင်းတစ်ခုအား တိုင်းရင်းသားပြည်သူများ ပိုင်ဆိုင်ခွင့်ရသော နှစ်တစ်နှစ်ဖြစ်၍ဒီအခွင့်အရေးကိုအရယူနိုင်ရန်မျှော်လင့်သည်ဟု ဆိုသည်။

“ကျွန်တော်တို့အားလုံး အတူတကွလျှောက်လှမ်းချင်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ခိုင်မာစေဖို့နဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအ ခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး အတွက် အခုရှိပြီးသားထက်ပိုမိုတဲ့ ပေါင်းစည်းညီညွတ်မှုတွေနဲ့ ရှေ့ကိုခရီးဆက်ရမှာပဲဖြစ်ပါတယ်။အဲဒီလိုခရီးဆက်နိုင်အောင်လည်း နစက အနေနဲ့ ဘက်ပေါင်းစုံကနေ ရှိသမျှတံခါးတွေ အားလုံးဖွင့်ပြီး လက်ကမ်းကြိုနေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

၂၀၂၂ ကမ္ဘာ​မှာ နိုင်ငံတကာအ​ရေးအခင်းကိုကြည့်ပြီး ၂၀၂၃ ခုနှစ်တွင် တိုင်းရင်းသားညီအစ်ကိုအားလုံး ပိုမိုသတိရှိခြင်းနှင့်ပိုမိုအသိရှိကာ ၎င်းတို့အား ကျော်လွှားနိုင်ရန် ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိ ဆိုသည့်အတိုင်း မိမိတို့အားလုံးစည်းလုံးစွာကျော်ဖြတ်ရန်လိုအပ်သည်ဟု ဆိုသည်။

“နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမယ့် အပြုသဘောဆောင်ရွက်ချက်တွေကို “မြန်မာစိတ်” မွေးပြီးတော့ စည်းစည်းလုံးလုံးလုပ်ကိုင်သွားကြမယ်ဆိုရင် ကျွန်တော်တို့ သွားချင်တဲ့ “ပန်းတိုင်” ကို မလွဲမသွေရောက်ရှိမှာပဲဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက. သည်။

မိမိတို့အားလုံး နိုင်ငံ့အကျိုး၊တိုင်းရင်းသားပြည် သူလူထုအကျိုးအား ရှေးရှု၍ ပိုမိုကောင်းမွန်သည့် နိုင်ငံတော်၏ လူမှုစီးပွားဘဝများကို မျိုးဆက်သစ်လူငယ်များအတွက် တည်ဆောက်ပေးရမည်ဖြစ်ပြီး မျိုးဆက်သစ်လူငယ်များထံမှ တိုင်းပြည်အတွက်အဖိုးတန်သည့် လူ့စွမ်းအားအရင်းအမြစ်များကို အကျိုးရှိရှိအသုံးချနိုင်စေရန် တာဝန်ရှိသူ များအားလုံး ညီညွတ်စွာဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။

နှစ်သစ်နှုတ်ခွန်းဆက်တွင် နိုင်ငံသားအားလုံးလည်း နှစ်သစ်အခါသမယမှသည် နှစ်များစွာတိုင် ကိုယ်စိတ်နှလုံးချမ်း​မြေ့စွာနဲ့​ကောင်းကျိုးလိုရာ အဖြာဖြာဖန်တီးနိုင်သူများဖြစ်​စေ​ကြောင်းဆု​တောင်းထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နစက ဒု-ဝန်ကြီးချုပ်ဦးသန်းဆွေ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံသံ အမတ်တို့အားတွေ့ဆုံ ငလျင်ဒဏ်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့

နစက ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ယနေ့ ဧပြီ ၂၉ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၏ သံအမတ်ကြီးတို့အား သီးခြားစီတွေ့ဆုံခဲ့သည်။ ဝန်ကြီးဦးသန်းဆွေနှင့် တရုတ်သံအမတ်ကြီး မစ္စ မာကျားတို့သည် နံနက် ၉ နာရီခွဲက နေပြည်တော်၌ တွေ့ဆုံ၍ ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်များဆုံးရှုံးခဲ့ရသည့် မိသားစုများနှင့် အသိုက်အဝန်းများအတွက် တရုတ်နိုင်ငံမှ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များနှင့် ဆေးဝါးများအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများထောက်ပံ့ရေး၊ မြန်မာနိုင်ငံအစိုးရ၏ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံမှဆက်လက်ကူညီပံ့ပိုးပေးသွားမည်တို့အား ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာ-တရုတ် နှစ်နိုင်ငံကြား...

ထာဝရငြိမ်းချမ်းရေးသို့….

လက်ရှိတွင် ရက် ၂၀ အပစ်ရပ်ပြီး သက်တမ်း တပတ်တိုးကာ ဧပြီ ၃၀ရက်နေ့ထိ အပစ်ရပ်ကြေငြာထားရာ ငြိမ်းချမ်းရေးအပြီးရရေးအတွက် ပြည်သူအားလုံး ဆန္ဒရှိနေကြသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးအတွက် သွေးမအေးကြသူများ၏ စကားသံများ စုစည်း ဖော်ပြလိုက်ပါသည်။ "ကပ်မျိုးစုံကို ရင်ဆိုင်ကျော်လွှားလာရတာ လူတွေတအားပင်ပမ်းနေပြီ။ သားသည်မိခင်တွေ၊ခွန်အားမပြည့်သေးတဲ့အမျိုးသမီးတွေနေရာက ခနလောက်ဝင်ခံစားပေးကြပါလို့။အဆင်ပြေနိုင်တဲ့ထွက်ပေါက်တွေ ရ ေအာင်ရှာနိုင်တယ်ဆိုတဲ့စိတ်မွေးပြီး မာနေတွေခနဘးဖယ်ကာ ဆွေးနွေးကြစေချင်ပါတယ်။ တဖွဲ့နဲ့တဖွဲ့ မယုံရဘူးဆိုတဲ့ သံသယတွေလည်း ခဏ ဘေးဖယ်ထားပြီး အရင်ဆုံးအတူ သဘောတူလို့ရတဲ့အချက်တွေကနေစညှိစေချင်ပါတယ်။ Peace or Justice ဆိုတဲ့ ဆိုရိုးလိုပေါ့ ငြိမ်းချမ်းရေး အကြောင်းပြောမယ်ဆို...

စစ်ကိုင်းမြို့ရှိ သံဃာ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို ဝတ္ထုငွေ/အလှူငွေနှင့် ဆေးဝါးများလှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ သံဃာ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို IBEC သဘာဝဘေးအန္တရာယ်ကူညီစောင့်ရှောက်ရေးစင်တာနှင့် ပြည်တွင်း/ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများပူပေါင်း၍ ယနေ့ ဧပြီ ၂၉ ရက်က ဝတ္ထုငွေ/အလှူငွေနှင့် ဆေးဝါးများလှူဒါန်းခဲ့ကြောင်း သိရသည်။ စစ်ကိုင်းမြို့ရှိ ပင့်သံဃာတော်အပါး(၇၀)အား တစ်ပါးလျှင် (၁)သိန်းကျပ်စီ၊ သီလရှင်ဆရာကြီး/ဆရာလေးအပါး(၁၀၀၀)ကျော်အား တစ်ပါးလျှင် (၂)သောင်းကျပ်စီ၊ ခေါင်းရိတ်ဓား၊ ဆပ်ပြာ၊ ဆေးဝါးအသုံးအဆောင်များကို ဗီယက်နမ်သံဃာ့အဖွဲ့အစည်းက လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ထို့ပြင် လူပုဂ္ဂိုလ်(၁၀၀၀)ဦးအား တစ်ဦးလျှင် (၁၅၀၀၀)ကျပ်စီကိုလည်း လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ငလျင်ဘေးကြောင့် အသက်ဆုံးရှုံးသွားသော ရဟန်း၊ ရှင်၊ လူအပေါင်းတို့အားရည်စူး၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071