Tuesday, March 18, 2025

AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ...

မလေးရှားပင်လယ်ရေပြင်သို့ ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူး-ယစ်ဆေးဝါးများအား ပို့ဆောင်ရောင်းချမည့် AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ရန်ကုန်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၆...

Online လိ-မ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်သည့်...

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ မင်းလက်ပံနှင့် KK Park နယ်မြေများတွင် Online လော-င်းကစားမှုများ၊ Online လိ-မ်လည်မှုများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင်...

မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် တေးသံရှင်များက နှစ်ရက်တာ...

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလဖြစ်သည့် မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တေးသံရှင်များက တပေါင်းပွဲတော်ညအဖြစ် နှစ်ရက်တာအခမဲ့ဖျော်ဖြေတင်ဆက်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ...

ဂျာမနီနိုင်ငံတွင် ပြုလုပ်မည့် ရင်းနှီးမြှုပ်နှံမှုပြပွဲသို့ မြန်မာလုပ်ငန်းရှင်များ...

ဂျာမနီနိုင်ငံ၊ Frankfurt မြို့၌ Investment Management Exhibition (IME)-2025 (ရင်းနှီးမြှုပ်နှံမှုပြပွဲ-၂၀၂၅) ပြုလုပ်သွားမည်ဖြစ်‌ပြီး မြန်မာလုပ်ငန်းရှင်များအနေဖြင့် ပါဝင်ပြသနိုင်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ...
HomeNewsLocal News၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဇွန်လအတွင်း၌...

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဇွန်လအတွင်း၌ အမေရိကန်ဒေါ်လာ ၅ သန်းကျော်ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခုအားခွင့်ပြုပေးခဲ့

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဇွန်လအတွင်း၌ အမေရိကန်ဒေါ်လာ ၅ သန်းကျော်ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခုအားခွင့်ပြုပေးခဲ့

မြန်မာနိုင်ငံ၌ရင်းနှီးမြှုပ်နှံလိုသူများအား ရင်းနှီး မြှုပ်နှံမှုကော်မတီမှစီစစ်ခွင့်ပြုပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဇွန်လအတွင်း၌ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု ၃ ခုနှင့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၃ ခုတို့အား ခွင့်ပြုပေးခဲ့ကြောင်း ရန်ကုန် တိုင်း၊ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဇွန်လအတွင်း၌ စီစစ်ခွင့်ပြုပေးခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃ ခု၏တန်ဖိုးမှာ အမေရိကန်ဒေါ် လာ ၅ ဒသမ ၇၅၉ သန်းရှိကာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၃ ခု၏ တန်ဖိုးမှာလည်း မြန်မာငွေကျပ်သန်း ၄၄၄၁ သန်းကျော်ရှိကြောင်း သိရသည်။

“ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီအနေနဲ့ တစ်လတစ်ကြိမ်ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအ ဝေးတွေလုပ်ပြီး အမေရိကန်ဒေါ်လာ ၅ သန်း၊ မြန် မာကျပ်ငွေသန်း ၆၀၀၀ အထိရှိတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို စီစစ်ပြီးတော့မှ ခွင့်ပြုပေးနေပါတယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္မဏီများညွှန်ကြားမှုဦးစီးဌာန(ရန်ကုန်တိုင်း)၏ ညွှန်ကြားရေးမှူးဦးမျိုးခိုင်ဦးကပြောသည်။

ထို့ပြင် တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား စီစစ်ခွင့်ပြုပေးလျက်ရှိသည့်အပြင် ရင်း နှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“အခုလိုဆောင်ရွက်နေတဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေလည်းရလာပါတယ် ဇွန်လအ တွင်းကခွင့်ပြုပေးခဲ့တဲ့လုပ်ငန်းတွေရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခုမှာ မြန်မာနိုင်ငံသားလုပ်သား ၂၁၅၆ ယောက်နဲ့ ပြည်ပလုပ်သား ၃၄ ယောက်အလုပ်အကိုင်ရရှိခဲ့ပါတယ်”ဟု ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္မဏီများညွှန်ကြားမှုဦးစီးဌာန(ရန် ကုန်တိုင်း)၏ ညွှန်ကြားရေးမှူးဦးမျိုးခိုင်ဦးကပြော သည်။

အလားတူ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၃ ခုမှ မြန်မာနိုင်ငံသားအလုပ်သမား ၁၂၁၇ ဦးနှင့်ပြည်ပအလုပ်သမား ၁၆ ဦးတို့ အလုပ်အကိုင်များရရှိခဲ့ကြောင်း သိရသည်။

“ရန်ကုန်တိုင်းအတွင်းက ရှိပြီးသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို ပိုပြီးအဆင်ပြေချောမွေ့စေဖို့အ တွက်ဆောင်ရွက်ပေးနေသလို အကူအညီအ ထောက်အပံ့တွေလည်း ပေးနေပါတယ်”ဟု ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္မဏီများညွှန်ကြားမှုဦးစီးဌာန(ရန် ကုန်တိုင်း)၏ ညွှန်ကြားရေးမှူးဦးမျိုးခိုင်ဦးကပြော သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ရန်ကုန်မြို့၌ဖမ်းမိ

မလေးရှားပင်လယ်ရေပြင်သို့ ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူး-ယစ်ဆေးဝါးများအား ပို့ဆောင်ရောင်းချမည့် AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ရန်ကုန်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၆ ရက်ည ၇ နာ ရီခွဲက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၄)ရပ် ကွက်၊ ဆင်ဖြူရှင်လမ်းရှိ ဂိုဒေါင်တစ်လုံးအားဝင်ရောက်ရှာဖွေစစ်ဆေးရာ သန်းလွင်၊ ဝေယျာအောင် (ခ)သားကြီး၊ သန့်ကောင်းဆက်(ခ)ပေါင်ချိန်၊ ရဲရင့်နိုင်၊ လှသန်းဦး(ခ)ရာကွတ်တို့အား အိုက်စ်(၁ ဒသ မ ၂ တန်)နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ သိမ်းဆည်းရမိခဲ့သည့် အိုက်စ်များအား "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့နေထိုင်...

Online လိ-မ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင် နိုင်ငံခြားသား(၁၈၉)ဦးကို ပြည်နှင်လွှဲပြောင်းပေး

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ မင်းလက်ပံနှင့် KK Park နယ်မြေများတွင် Online လော-င်းကစားမှုများ၊ Online လိ-မ်လည်မှုများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင် နိုင်ငံခြားသား(၁၈၉)ဦးကို ယနေ့ မတ် ၁၈ ရက်က သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲ ပြောင်းပေးခဲ့ကြောင်း သိရသည်။ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဂျပန်နိုင်ငံသား(၁)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၁၆၉)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၁၉)ဦး(စုစုပေါင်း ၁၈၉ ဦး)ကို မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲ ပြောင်းပေးခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂျပန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ တာဝန်ရှိသူများထံ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို...

မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် တေးသံရှင်များက နှစ်ရက်တာ အခမဲ့ဖျော်ဖြေတင်ဆက်မည်

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလဖြစ်သည့် မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တေးသံရှင်များက တပေါင်းပွဲတော်ညအဖြစ် နှစ်ရက်တာအခမဲ့ဖျော်ဖြေတင်ဆက်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ တေးသံရှင်များ၏ အခမဲ့ဖျော်ဖြေတင်ဆင်မှုများနှင့်အတူ အငြိမ့်ပွဲများလည်းပါဝင်မည်ဖြစ်ကာ မန်းရွှေစက်တော်ဘုရားပွဲတော် အထူးတံတားမုဒ်ဦးအနီးရှိ စတိတ်စင်မြင့်တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဖျော်ဖြေတင်ဆက်ခြင်းကို "မင်းထွေး”ဇာတ်အဖွဲ့မှဦးဆောင်၍ ဇာတ်မင်းသား၊ မင်းသမီးများဖြစ်သည့် မင်း‌ထွေး၊ ချောသိင်္ဂီချစ်စု(ကျောက်ပန်းတောင်း)၊ မေဘိုဘို၊ တေသံရှင်များဖြစ်သည့် ချောကလက်၊ သူရိန်စိုး(လွှမ်းမိုးအလွမ်းပြေ)၊ နိုင်ငံကျော်ဟာသ(လူရွှင်တော်)အနုပညာရှင်များဖြစ်သည့် စိန်ခဲ၊ ကံပွင့်၊ အောင်ဟိန်း၊ လန်းလန်းတို့က ရွှေခိုင်ဇော် မင်္ဂလာဆိုင်းနှင့်အတူ ဖျော်ဖြေတင်ဆက်လျက်ရှိကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071