Tuesday, April 22, 2025

လူဦးရေတိုးပွားရေး ရည်မှန်းချက်အတွက် မိခင်လောင်းများကို X...

အီလွန်မက်စ်သည် သူ၏ အနာဂတ်ရှုမြင်ချက်နှင့်ကိုက်ညီမည့် သားသမီးများဖြင့် "တပ်စုကြီး" တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် သူ၏ လူမှုမီဒီယာပလက်ဖောင်း X ကို အသုံးပြုကာ အမျိုးသမီးများအား...

လားရှိုးမြို့သို့ ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်းများ တပ်နေရာချမှု...

ယနေ့ ဧပြီ(၂၂)ရက် နံနက်ပိုင်းအချိန်က လားရှိုးမြို့သို့ စတင်ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်း အနေဖြင့်ထောက်ပို့တပ် အပါအဝင် ခလရ (၄၁) တပ်တို့တွင် တပ်နေရာနေရာချထားမှုများ ဆောင်ရွက်လျက်ရှိသည်ဟု...

ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ပြည်ပမှဘိလပ်မြေများ...

ငလျင်ဒဏ်သင့်ဒေသများတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ပမှ တင်သွင်းခွင့်ပြုထားသည့် ဘိလပ်မြေများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။ ယခုအချိန်သည် ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းအပြင် ပွင့်လင်းရာသီဖြစ်၍ နိုင်ငံတစ်ဝန်း၌ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်...

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ...

မြန်မာ့တပ်မတော်မှ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၂ ရက်မှ ၂၂ ရက်အထိသတ်မှတ်ခဲ့ရာမှ ယင်း ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးကာလကို ဧပြီ ၃၀ ရက်အထိထပ်မံတိုးမြှင့်ခဲ့ကြောင်း...
HomeNewsLocal News၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်မြန်မာက GDP...

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်မြန်မာက GDP ၃ ရာခိုင်နှုန်းခန့် တိုးလာမည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်းထား

ယခုနှစ် စက်တင်ဘာလတွင် ကုန်ဆုံးမည့် ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး GDP သည် (၃) ရာခိုင်နှုန်းခန့် တိုးတက်မှုရှိလာနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာတွင် ၂၀၁၉ ခုနှစ်ကထက် တစ်ဦးချင်း GDP သည် (၁၃) ရာခိုင်နှုန်း နိမ့်ကျနေဆဲ ဖြစ်မည်ဟု ယှဉ်ပြထားသည်။ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ မြန်မာ့စီးပွားရေးသည် သိသာထင်ရှားသည့် မတည်ငြိမ်မှုတွေနှင့် မသေချာမရေရာမှုတွေ ရှိနေပြီး လျှပ်စစ်မီးပြတ်တောက်မှု၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေလဲလှယ်မှုကန့်သတ်ချက်များ၊ အဓိကသွင်းအားစုအချို့ပြတ်တောက်မှုနှင့် မကြာခဏပြောင်းလဲနေသည့်စည်းမျဉ်း၊ စည်းကမ်းတွေကြောင့် စီးပွားရေးလုပ်ငန်းများ ရပ်နားခဲ့ရကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့ကုန်စည်ဈေးနှုန်းများ လျော့ကျလာခြင်းကြောင့် နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၂ ဘဏ္ဍာနှစ်တွင် ၁၆ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၃ ဘဏ္ဍာနှစ် စက်တင်ဘာလတွင် ငွေကြေး ဖောင်းပွမှုနှုန်းသည် ၇ ရာခိုင်နှုန်းအထိ လျော့ကျလာနိုင်သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

ပြီးခဲ့သည့် ဇူလိုင်လကတည်းက ထုတ်လုပ်မှုနှင့် အမှာစာအသစ်များလျော့နည်းသွားခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင်လည်း ပြည်တွင်းရင်းနှီးမြှုပ်နှံမှုသာ တက်လာကာ နိုင်ငံခြားမှရင်းနှီးမြုပ်နှံ FDI စီးဝင်မှုမှာ အားနည်းနေဆဲ ဖြစ်သည်။

လာမည့်ဘဏ္ဍာနှစ်တွင် ငွေကြေး ဖောင်းပွမှုဖိအားများ လျော့ပါးသွားခြင်းကြောင့် ဝန်ဆောင်မှုကဏ္ဍ အလယ်အလတ် တိုးတက်မည်ဟု ခန့်မှန်းထားပြီး နိုင်ငံတကာခရီးသွားလုပ်ငန်း တိုးတက်မှုအနည်းငယ် ရှိလာနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

ကမ္ဘာ့ဘဏ်၏အစီရင်ခံစာအနှစ်ချုပ်ကို ​ဖေ​ဖော်ဝါရီ ၃ရက်​နေ့က UMFCCI တွင် ဖတ်ကြားရှင်းလင်းပြီး​နောက် ကုန်သည်ကြီးများနှင့်အပြန်အလှန်​ဆွေး​နွေးကြရာတွင် လယ်ယာစိုက်ပျိုး​ရေးကဏ္ဍတွင် ​ချေး​ငွေရရှိခြင်းနှင့် ဓါတ်​မြေသြဇာ​စျေးကျခြင်းက လာမည့်မိုးရာသီအခွင့်အလမ်း​ကောင်းများ၊ သွင်းကုန်အစားထိုးအ​လေ့အထ​ကောင်းများ​ပေါ်ထွက်လာခြင်း၊လက်လီကဏ္ဍ နှင့်ပတ်သက်၍ နည်းလမ်းများစွာကိုချိန်ညှိခြင်းက ​သော့ချက်ဖြစ်ခြင်း၊လျှပ်စစ်ရရှိ​ရေးက အခက်ခဲတစ်ခုဖြစ်နေ၍ အစားထိုးနိုင်မည့်အခြား​​သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရရှိ​​ရေး၊​ငွေ​ကြေးလဲလှယ်မှုနှုန်းများ၏ အတက်အကျ ၊ကျွမ်းကျင်လုပ်သားရှားပါးမှု၊လိုင်စင်အခက်ခဲများ၊တိုးတက်ရန်လိုအပ်​နေသည့်စီမံခန့်ခွဲမှုယန္တယားများအတွက် အ​ဖြေရှာ ​ဆွေး​နွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လူဦးရေတိုးပွားရေး ရည်မှန်းချက်အတွက် မိခင်လောင်းများကို X ပလက်ဖောင်းမှတစ်ဆင့် အီလွန်မက်စ် စုဆောင်းနေ

အီလွန်မက်စ်သည် သူ၏ အနာဂတ်ရှုမြင်ချက်နှင့်ကိုက်ညီမည့် သားသမီးများဖြင့် "တပ်စုကြီး" တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် သူ၏ လူမှုမီဒီယာပလက်ဖောင်း X ကို အသုံးပြုကာ အမျိုးသမီးများအား သူနှင့် သားသမီးရယူရန် အဆိုပြုခဲ့ကြောင်း ဝေါစထရိဂျာနယ်(WSJ) က မကြာသေးမီက ရေးသားဖော်ပြခဲ့သည်။ အမေရိကန်မှ ဆယ်လီ ကလောင်ရှင် အမျိုးသမီးတစ်ဦးဖြစ်သူ အက်ရှ်လေစိန့်ကလဲယား(အသက် ၂၉)သည် X လူမှုကွန်ရက်တွင် အီလွန်မက်စ်နှင့် စတင်ဆက်သွယ်မိခဲ့ပြီး၊ သူတို့၏ အွန်လိုင်းစကားပြောဆိုများမှတစ်ဆင့် ရင်းနှီးသောအဆင့်သို့ ရောက်ရှိခဲ့သည်။ စိန့်ကလဲယားသည် နောက်ပိုင်းတွင် မက်စ်၏ ကုမ္ပဏီဌာနချုပ်သို့ သွားရောက်ခဲ့ပြီး၊ ၂၀၂၃...

လားရှိုးမြို့သို့ ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်းများ တပ်နေရာချမှု ဆောင်ရွက်နေဟုဆို

ယနေ့ ဧပြီ(၂၂)ရက် နံနက်ပိုင်းအချိန်က လားရှိုးမြို့သို့ စတင်ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်း အနေဖြင့်ထောက်ပို့တပ် အပါအဝင် ခလရ (၄၁) တပ်တို့တွင် တပ်နေရာနေရာချထားမှုများ ဆောင်ရွက်လျက်ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက‌ ပေါ်ပြူလာနယူးစ်ကို ပြောသည်။ " မြို့တွင်းမှာအေးဆေးပါဘဲ၊ အခု (၆၂၆)ထောက်ပို့တပ်နဲ့ ခလရ (၄၁) တပ်တွေမှာ တပ်နေရာချထားတာတွေလုပ်နေတာတွေ့ရပါတယ်" ဟု ၎င်းက ဆိုသည်။ ထို့ပြင် ယနေ့ ဝင်ရောက်လာသည့် တပ်မတော် စစ်ကြောင်းတွင် တပ်မိသားစုဝင်များ ပါဝင်လာသည်ကို တွေ့ရသော်လည်း ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများပါဝင်လာသည်ကိုမတွေ့ရှိရကြောင်း ၎င်းက သူမြင်တွေ့ရသည်ကို ပြောကြားသည်။ လားရှိုးမြို့အုပ်ချုပ်ရေးဆိုင်ရာအတွက် တပ်မတော်နှင့်...

ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ပြည်ပမှဘိလပ်မြေများ ထပ်မံရောက်ရှိလာ

ငလျင်ဒဏ်သင့်ဒေသများတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ပမှ တင်သွင်းခွင့်ပြုထားသည့် ဘိလပ်မြေများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။ ယခုအချိန်သည် ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းအပြင် ပွင့်လင်းရာသီဖြစ်၍ နိုင်ငံတစ်ဝန်း၌ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ တည်ဆောက်မှု လုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သည့် ပြည်တွင်းဘိလပ်မြေ လိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်းထုတ်လုပ်မှုကို အင်အားဖြည့်တင်းပေးနိုင်ရန်အတွက် ပြည်ပမှ ဘိလပ်မြေများကို တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်သွင်းလာသော ဘိလပ်မြေရေယာဉ်များ စဉ်ဆက်မပြတ်ရောက်ရှိလျက်ရှိပြီး ယခုတန်ချိန် (၂၄၀၀) တင်ဆောင်လာသည့်ရေယာဉ်သည် ရန်ကုန်မြို့ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း သာကေတဆိပ်ခံတံတားသို့ ဧပြီ (၂၀)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071