(Unicode)
၂၀၂၂ မှာ လူဦးရေ ၂၇၄သန်း အရေးပေါ်အကူအညီလိုအပ်လိမ့်မယ်လို့ UN ခန့်မှန်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝှမ်းရှိ လူဦးရေ ၂၇၄ သန်းဟာ ၂၀၂၂ခုနှစ်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်လိမ့်မယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ဒီအရေအတွက်ဟာ ယခုနှစ်ထက် ၁၇% တိုးလာတာပါ။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ကြာသပတေးနေ့မှာ အစီ ရင်ခံစာထုတ်ပြန်ခဲ့တာပါ။
၄င်းအစီရင်ခံစာဟာ ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ပံ့ပိုးပေးသော အ ရေးပေါ်အကူအညီအပေါ်မှာ အကဲဖြတ်ထားတာပါ။အရေးပေါ်အကူအညီထဲမှာတော့ အစားအသောက်နဲ့ ကာကွယ်ဆေးတွေပါဝင်ပါတယ်။
ယီမင်နဲ့ဆီးရီးယားအပါအဝင် နိုင်ငံနဲ့ဒေသပေါင်း ၆၃နိုင်ငံမှ အလိုအပ်ဆုံးသောလူများကို အရေးပေါ်အကူအညီများပေးရန် ဒေါ်လာ ၄၁ ဘီလီယံခန့် လိုအပ်မည်ဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြထားပါတယ်။ယီမင်နဲ့ ဆီးရီးယားကတော့ ပြည်တွင်းစစ်ဆက်လက်ဖြစ်ပွါးနေဆဲ နိုင်ငံတွေလည်း ဖြစ်ပါတယ်။
အာဖဂန်နစ္စတန်နဲ့အီသီယိုးပီးယားက ပြည်သူတွေလည်း ၄င်းစာရင်းမှာ ပါဝင်ပါတယ်။အာဖဂန်နစ္စတန်ဟာ နိုင်ငံကို တာလီဘန်တို့ ပြန်လည် ထိန်းချုပ်ပြီးနောက်ပိုင်း စီးပွါးရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အီသီယိုးပီးယားမှာတော့ အစိုးရတပ်တွေနဲ့ တိုင်းရင်းသားလူနည်းစု တပ်ဖွဲ့များကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေပါတယ်။
နိုင်ငံတကာ အလှူရှင်တွေဆီမှ ရရှိတဲ့အလှူငွေဟာ ကုလသမဂ္ဂနဲ့မိတ်ဖက်အဖွဲ့အစည်းများတောင်းဆိုသည့် ပမာဏရဲ့ထက်ဝက်ခန့်သာရှိတာကြောင့် နိုင်ငံတကာအသိုက်အဝန်းမှ နောက် ထပ် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုတွေပေးဖို့ကုလသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ Martin Griffiths ကတောင်းဆိုထားပါတယ်။
Source- NHK
Photo Credit-Reuters
(Zawgyi)
၂၀၂၂ မွာ လူဦးေရ ၂၇၄သန္း အေရးေပၚအကူအညီလိုအပ္လိမ့္မယ္လို႔ UN ခန့္မွန္း
ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ကမၻာတဝွမ္းရွိ လူဦးေရ ၂၇၄ သန္းဟာ ၂၀၂၂ခုႏွစ္မွာ လူသားခ်င္းစာနာေထာက္ထားမွုဆိုင္ရာ အကူအညီမ်ားလိုအပ္လိမ့္မယ္လို႔ ကုလသမဂၢက ခန့္မွန္းထားပါတယ္။ဒီအေရအတြက္ဟာ ယခုႏွစ္ထက္ ၁၇% တိုးလာတာပါ။
ကုလသမဂၢလူသားခ်င္းစာနာမွုဆိုင္ရာ ညႇိႏွိုင္းေရး႐ုံး (OCHA) က ၾကာသပေတးေန႔မွာ အစီ ရင္ခံစာထုတ္ျပန္ခဲ့တာပါ။
၄င္းအစီရင္ခံစာဟာ ကုလသမဂၢနဲ႔ အစိုးရမဟုတ္ေသာ အဖြဲ႕အစည္းမ်ားမွ ပံ့ပိုးေပးေသာ အ ေရးေပၚအကူအညီအေပၚမွာ အကဲျဖတ္ထားတာပါ။အေရးေပၚအကူအညီထဲမွာေတာ့ အစားအေသာက္နဲ႔ ကာကြယ္ေဆးေတြပါဝင္ပါတယ္။
ယီမင္နဲ႔ဆီးရီးယားအပါအဝင္ နိုင္ငံနဲ႔ေဒသေပါင္း ၆၃နိုင္ငံမွ အလိုအပ္ဆုံးေသာလူမ်ားကို အေရးေပၚအကူအညီမ်ားေပးရန္ ေဒၚလာ ၄၁ ဘီလီယံခန့္ လိုအပ္မည္ျဖစ္ေၾကာင္း အစီရင္ခံစာက ေဖာ္ျပထားပါတယ္။ယီမင္နဲ႔ ဆီးရီးယားကေတာ့ ျပည္တြင္းစစ္ဆက္လက္ျဖစ္ပြါးေနဆဲ နိုင္ငံေတြလည္း ျဖစ္ပါတယ္။
အာဖဂန္နစၥတန္နဲ႔အီသီယိုးပီးယားက ျပည္သူေတြလည္း ၄င္းစာရင္းမွာ ပါဝင္ပါတယ္။အာဖဂန္နစၥတန္ဟာ နိုင္ငံကို တာလီဘန္တို႔ ျပန္လည္ ထိန္းခ်ဳပ္ၿပီးေနာက္ပိုင္း စီးပြါးေရးမတည္ၿငိမ္မွုေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။
အီသီယိုးပီးယားမွာေတာ့ အစိုးရတပ္ေတြနဲ႔ တိုင္းရင္းသားလူနည္းစု တပ္ဖြဲ႕မ်ားၾကား တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြါးေနပါတယ္။
နိုင္ငံတကာ အလွူရွင္ေတြဆီမွ ရရွိတဲ့အလွူေငြဟာ ကုလသမဂၢနဲ႔မိတ္ဖက္အဖြဲ႕အစည္းမ်ားေတာင္းဆိုသည့္ ပမာဏရဲ့ထက္ဝက္ခန့္သာရွိတာေၾကာင့္ နိုင္ငံတကာအသိုက္အဝန္းမွ ေနာက္ ထပ္ ဘ႑ာေရးဆိုင္ရာ ပံ့ပိုးကူညီမွုေတြေပးဖို႔ကုလသမဂၢရဲ့ လူသားခ်င္းစာနာေထာက္ထားမွုဆိုင္ရာ အႀကီးအကဲ Martin Griffiths ကေတာင္းဆိုထားပါတယ္။
Source- NHK
Photo Credit-Reuters