Tuesday, April 29, 2025

ဘိလပ်မြေအိတ်များ ပိုမိုတိုးထုတ်နိုင်ရန် ဆောင်ရွက်နေ

ငလျင်ဒဏ်သင့် ဒေသများရှိ ပြိုကျပျ-က်စီးသွားသည့် အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေးတွင် ဘိလပ်မြေလိုအပ်ချက် မြင့်မားလာမှုကြောင့် ဘိလပ်မြေများ ပိုမိုတိုးထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ဘိလပ်မြေအများဆုံး...

တာချီလိတ်တွင် တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာကာ...

ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ယနေ့ ဧပြီလ (၂ ၉)ရက် မွန်းလွဲပိုင်းအချိန်၌ တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး ရပ်ကွက်အတွင်းရှိ...

မန္တလေးတွင် ပြိုကျအဆောက်အဦးများမှ တန်ဖိုးကြီးလက်ဝတ်ရတနာ ရှာဖွေရောင်းစားသူများရှိလာ

မန္တလေးငလျင်ကြီးကြောင့် ပြိုကျသွားခဲ့ရသည့် အဆောက်အဦးများမှ တန်ဖိုးကြီးလက်ဝတ်ရတနာများ ရှာဖွေကာ ပြန်လည်ရောင်းစားသူများ ရှိလာနေသည်။ “ဒီဖျက်လိုက်တဲ့ အဆောက်အဦးမြေပုံတွေကို ပြန်ပစ်တဲ့နေရာရှိတယ်။ အဲဒီမှာလည်းရှာကြတာ၊ တချို့ လက်စွပ်ရတယ်၊ ရကြတာလည်းရှိတယ်၊...

စပိန်၊ ပေါ်တူဂီနှင့် ပြင်သစ်၏ အချို့ဒေသများတွင်...

တနင်္လာနေ့က စပိန်၊ ပေါ်တူဂီနှင့် ပြင်သစ်၏ အချို့ဒေသများ(ခဏတာ) တို့တွင် လျှပ်စစ်ဓာတ်အား အကြီးအကျယ်ပြတ်တောက်မှုကြောင့် လူသန်းပေါင်းများစွာ၏ နေ့စဉ်လုပ်ငန်းဆောင်တာများ ရပ်တန့်ခဲ့သည်။ ယာဉ်ကြောပိတ်ဆို့မှုများ - အလုပ်သွားအချိန်တွင်...
HomeInternational၂၀၂၂ ခုနှစ် မစ္စစ်ဝေါလ်...

၂၀၂၂ ခုနှစ် မစ္စစ်ဝေါလ် အလှမယ်ဆုကို အိန္ဒိယနိုင်ငံသူ ဆာဂမ် ကိုရှယ်က ဆွတ်ခူးရရှိ

၂၀၂၂ ခုနှစ်၏ မစ္စစ်ဝေါလ် အလှမယ်ဆုကို အိန္ဒိယနိုင်ငံသူ ဆာဂမ် ကိုရှယ်က ၆၃ နိုင်ငံမှ ပြိုင်ဘက်များကို အနိုင်ယူကာ ဆွတ်ခူးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၇ ရက် စနေနေ့ ညနေပိုင်းက လာ့စ်ဗီးဂတ်စ်မြို့ရှိ ဟိုတယ်တစ်ခုတွင် ကျင်းပသော မစ္စစ်ဝေါလ် အလှမယ်ပြိုင်ပွဲ၌ အသက် ၃၂ အရွယ် ကိုရှယ်က အဆိုပါ ဆုကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

မစ္စစ် အိန္ဒိယ အလှမယ်အဖွဲ့အစည်းက ကိုရှယ် ဆုရရှိသည့် သတင်းအား ၎င်း၏တရားဝင် အင်စတာဂရမ် ပေ့ချ်ပေါ်တွင် တနင်္ဂနွေနေ့က ကြေညာခဲ့သည်။

“၂၁ နှစ် အကြာမှာတော့ ဒီသရဖူကို ကျွန်မတို့ ပြန်လည်ရယူနိုင်ခဲ့ပါပြီ။ အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ အိန္ဒိယကို ချစ်တယ်၊ ကမ္ဘာကြီးကို ချစ်ပါတယ်” ဟု ကိုရှယ်က ဗီဒီယို သတင်းတစ်ပုဒ်တွင် ပြောကြားခဲ့သည်။

မစ္စစ် ဝေါလ် အလှမယ်ဆုကို ပထမဆုံး ရယူပေးခဲ့သည့် အိန္ဒိယနိုင်ငံသူမှာ သရုပ်ဆောင် မင်းသမီး အာဒီတီ ဂိုဗီတီကာ ဖြစ်ပြီး ၂၀၀၁ ခုနှစ်က ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

ကိုရှယ်၏ အင်စတာဂရမ် အကောင့်အရ သူသည် အင်္ဂလိပ်စာပေ ဘွဲ့လွန် ဘွဲ့ကို ရရှိထားသူဖြစ်ပြီး အိန္ဒိယရေတပ် အရာရှိတစ်ဦးနှင့် အိမ်ထောင်ပြုထားသူ ဖြစ်သည်။

မစ္စဝေါလ် ပြိုင်ပွဲသည် အိမ်ထောင်သည်များအတွက် ပထမဆုံး ပြုလုပ်ပေးခဲ့သော အလှမယ်ပြိုင်ပွဲဖြစ်ပြီး ၁၉၈၄ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

Source: WION

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘိလပ်မြေအိတ်များ ပိုမိုတိုးထုတ်နိုင်ရန် ဆောင်ရွက်နေ

ငလျင်ဒဏ်သင့် ဒေသများရှိ ပြိုကျပျ-က်စီးသွားသည့် အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေးတွင် ဘိလပ်မြေလိုအပ်ချက် မြင့်မားလာမှုကြောင့် ဘိလပ်မြေများ ပိုမိုတိုးထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ဘိလပ်မြေအများဆုံး ထုတ်လုပ်နိုင်သည့် Alpha ဘိလပ်မြေစက်ရုံ၊ ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံနှင့် ဆင်မင်းဘိလပ်မြေစက်ရုံများမှ ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံသည် လာမည့်မေလ (၁၅)ရက်မှစတင်ကာ နေ့စဥ် အိတ်တစ်သိန်း ထုတ်နိုင်တော့မည် ဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၌ အရေးပါသည့် ဘိလပ်မြေများကို တတ်နိုင်သရွေ့ အမြန်ဆုံးထုတ်လုပ်ကာ စျေးကွက်အတွင်းရောက်ရှိဖို့ တာဝန်ရှိသူများ စုပေါင်းလုပ်ဆောင်နေကြောင်းလည်း သိရသည်။

တာချီလိတ်တွင် တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာကာ နေအိမ်အချို့ရေဝင်ရောက်မှုဖြစ်ပွား

ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ယနေ့ ဧပြီလ (၂ ၉)ရက် မွန်းလွဲပိုင်းအချိန်၌ တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး ရပ်ကွက်အတွင်းရှိ လူနေအိမ်အချို့ ရေဝင်ရောက်မှုဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာလော့၊ ပုန်းထွန်၊ မကာဟိုခမ်းရပ်ကွက်တွင် ရေစတင်ဝင်ရောက်လျက်ရှိပြီး ရပ်ကွက်နေပြည်သူများ သတိပြုနေထိုင်ကြရန် နှိုးဆော်ထားကြောင်း သိရသည်။ " မိုးများရင်တောင်ကျရေဆင်းပြီး ချောင်းရေမြင့်တက်တာက နှစ်တိုင်းပါပဲ။ အခုတော့ စောင့်ကြည့်နေပါတယ်။ ပြီးခဲ့နှစ်ကတော့ မိုးများပြီး ချောင်းရေတက်တာတွေ မြေပြိုတာတွေကြောင့် လူ‌ေ-သဆုံးမှုတွေလည်း ရှိခဲ့တယ်။ အခုတော့ရပ်ကွက်မှာ သတိပေးထားတာတွေ...

မန္တလေးတွင် ပြိုကျအဆောက်အဦးများမှ တန်ဖိုးကြီးလက်ဝတ်ရတနာ ရှာဖွေရောင်းစားသူများရှိလာ

မန္တလေးငလျင်ကြီးကြောင့် ပြိုကျသွားခဲ့ရသည့် အဆောက်အဦးများမှ တန်ဖိုးကြီးလက်ဝတ်ရတနာများ ရှာဖွေကာ ပြန်လည်ရောင်းစားသူများ ရှိလာနေသည်။ “ဒီဖျက်လိုက်တဲ့ အဆောက်အဦးမြေပုံတွေကို ပြန်ပစ်တဲ့နေရာရှိတယ်။ အဲဒီမှာလည်းရှာကြတာ၊ တချို့ လက်စွပ်ရတယ်၊ ရကြတာလည်းရှိတယ်၊ ရှာတဲ့လူများလာလို့ လုံခြုံရေးတွေနဲ့ အဲဒီနေရာတွေကို ထိန်းထားပိတ်ထားရတယ်” ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။ ငလျင်ကြောင့် မန္တလေးမြို့တွင် ကွန်ဒိုတိုက်ခန်များ၊ အထပ်မြင့်တိုက်များ ၊ ဟိုတယ်များ အပါအဝင် လူနေတိုက်တာ အဆောက်အဦး အများအပြားလည်း ပြိုကျခဲ့ရသည်။ ယင်းအဆောက်အဦများတွင်လည်း ချမ်းသာသူအများစုနေထိုင်သောကြောင့် တန်ဖိုးကြီးလက်ဝတ်ရတနာပစ္စည်းများလည်း အနည်းနှင့်အများ မြေစာပုံထဲတွင် ပါသွားတတ်သည်ဟု အထက်ပါ ဒေသခံကပင် ဆိုသည်။ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071