Sunday, March 16, 2025

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ ၏...

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ မွေးနေ့အထိမ်းအမှတ်အနေဖြင့် မတ်လ (၂၂)ရက်တွင် လူဦးရေသုံးသောင်းကို စတုဒိသာကျွေးမွေးသွားမည်ဖြစ်ကြောင်း ရာသက်ပန် ကုမ္ပဏီ စတုဒိသာအဖွဲ့မှ သိရသည်။ ဆရာတော်ကြီး၏...

စွမ်းအင်၊ ဓါတ်သတ္ထုများဆိုင်ရာ ဒေါ်လာဘီလျံချီသော စာချုပ်များကို...

ဗီယက်နမ်ခေါင်းဆောင်များသည် အမေရိကနှင့် ကုန်သွယ်မှု မညီမျှခြင်းကို လျှော့ချနိုင်ရေး၊ ထရမ့်ပ်အစိုးရအဖွဲ့၏ အခွန်စည်းကြပ်မှုဒဏ်ခံရနိုင်ခြေကို သက်သာစေရေး ကြိုးပမ်းချက်အဖြစ် အမေရိကနှင့် အကြီးစားသဘောတူညီချက်အချို့ကို လက်မှတ်ရေးထိုးကြမည်ဖြစ်ရာ ဗီယက်နမ်...

ရွှေစာရံဘုရားဖူးပြီး ပြင်ဦးလွင်သို့ ပြန်လာသည့် ဘုရားဖူးယာဉ်...

ရွှေစာရံဘုရားဖူးပြီး ပြင်ဦးလွင်သို့ ပြန်လာသည့် ဘုရားဖူးယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူများအနက် အ မျိုးသား (၂) ဦး၊ အမျိုးသမီး(၄)ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၇)ဦး ထိခိုက်ဒဏ်ရာရထားကြောင်း...

တက္ကသိုလ်ဝင်တန်းစာမေးပွဲ မကျင်းပမီနှင့် ကျင်းပချိန်ကာလများအတွင်းလုံခြုံရေးသတိ/အသိ မလစ်ဟင်းရန်...

၂၀၂၄ -၂၀၂၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲမကျင်းပမီနှင့် ကျင်းပချိန်ကာလများအတွင်းလုံခြုံ ရေးသတိ အသိ မလစ် ဟင်းရန်ဆောင်ရွက်ရန်လိုပြီး၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးခြားဖြစ်စဉ်များနှင့် ပတ်သက်၍ အချိန်နှင့်တပြေးညီ...
HomeNewsLocal News၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်...

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအမှတ်အများဆုံးဖြင့်အောင်မြင်ခဲ့သူ ၃၃ ဦး ထိုင်းနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအမှတ်အများဆုံးဖြင့်အောင်မြင်ခဲ့သူ ၃၃ ဦး ထိုင်းနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်

၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးအမှတ်အများဆုံးဖြင့်အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူ ၃၃ ဦးသည် ကြီးကြပ်သူ ဆရာ၊ဆရာမများနှင့်အတူ ဇူလိုင် ၄ ရက်နံနက်ပိုင်းက ထိုင်းနိုင်ငံသို့လေ့လာရေးခရီးသွားရောက်ခဲ့ကြသည်။

နစက ဥက္ကဋ္ဌ၏လမ်းညွှန်ချက်အရ ဝိဇ္ဇာဘာသာတွဲ၊ဝိပ္ပံဘာသာတွဲနှင့်သိပ္ပံဘာသာတွဲများတွင် အမှတ်အများဆုံးရရှိခဲ့သူများအား ဂုဏ်ပြုသည့်အနေဖြင့် ပညာရေးဝန်ကြီးဌာနမှ ပြည်ပနိုင်ငံ အတွေ့အကြုံကောင်းများရရှိရေး၊နိုင်ငံချစ်စိတ်၊မျိုးချစ်စိတ်ရှင်သန်ထက်မြက်စေရေးအတွက် ထိုင်းနိုင်ငံသို့လေ့လာရေးခရီးစေလွှတ်ခဲ့ခြင်းဖြစ်ကာ ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှတာဝန်ရှိသူများက သုဝဏ္ဏဘူမိလေဆိပ်၌ ကြိုဆိုခဲ့ကြသည်။

ထို့နောက် လေ့လာရေးခရီးလာရောက်သည့် ကျောင်းသား၊ကျောင်းသူများသည် မြဘုရားသို့သွားရောက်ဖူးမြော်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့သွားရောက်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေနှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် သံအမတ်ကြီးမှ လေ့လာရေးခရီးစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ထူးချွန်ကျောင်းသား၊ကျောင်းသူများ လေ့လာရေးအဖွဲ့အား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။


ထို့ပြင် ထူးချွန်ကျောင်းသား၊ကျောင်းသူများအဖွဲ့သည် Siam Paragon ရှိ Siam Ocean World နှင့် Madame Tussauds Museum သို့သွားရောက်လေ့လာကာ ပြတိုက်၌ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

ထို့နောက် Holiday Inn Hotel သို့ရောက်ရှိ၍အနား ယူပြီးနောက် Asiatique သို့သွားရောက်လည်ပတ် ၍ Chao Phraya River Cruise စီး၍မြစ် ကြောင်းတစ်လျှောက်ကြည့်ရှုကြသည်။


အလားတူ ထူးချွန်ကျောင်းသား၊ကျောင်းသူများ လေ့လာရေးအဖွဲ့သည် ဇူလိုင် ၅ ရက်တွင် ထိုင်းနိုင်ငံရှိ ASSUMPTION University သို့သွားရောက်လေ့လာကာ ပတ္တရားကမ်းခြေသို့ ဆက်လက်သွားရောက်ပြီး ပတ္တရားကမ်းခြေ၌ အပန်းဖြေခဲ့ကြသည်။

ထို့နောက် ပတ္တယားရေပေါ်ဈေးနှင့်တောင်ပေါ်ဘုရားများသို့ သွားရောက်လေ့လာခဲ့ပြီးနောက် ဘန်ကောက်မြို့ရှိ Baiyoke Tower ပေါ်၌ ဘန် ကောက်မြို့၏ ညရှုခင်းအားကြည့်ရှုခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ ၏ မွေးနေ့အထိမ်းအမှတ်အနေဖြင့် လူဦးရေသုံးသောင်းကို စတုဒိသာ ကျွေးမွေးသွားမည်

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ မွေးနေ့အထိမ်းအမှတ်အနေဖြင့် မတ်လ (၂၂)ရက်တွင် လူဦးရေသုံးသောင်းကို စတုဒိသာကျွေးမွေးသွားမည်ဖြစ်ကြောင်း ရာသက်ပန် ကုမ္ပဏီ စတုဒိသာအဖွဲ့မှ သိရသည်။ ဆရာတော်ကြီး၏ သက်တော် (၈၅) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာကုသိုလ်ကို ပူဇော်သော အားဖြင့် အများကောင်းမှု အဖြစ် လူဦးရေ (၃) သောင်းစာ စတုဒိသာ အာဟာရဒါနအလှူအဖြစ် ပေါ်ဆန်းမွှေး ထမင်းဖြူနှင့်အတူ ကြက်သားဟင်း၊ သီးစုံချဉ်ရည်ဟင်း၊ ပုဇွန်ခြောက်ထောင်းအစပ်ကြော်၊ ကြက်သဲမြစ် ပဲကြာဇံကြော်၊ ခရမ်းချဉ်သီးချက်တို့ကို ကျွေးမွေးသွားမည်ဖြစ်သည်။ စတုဒိသာ အလှူတော်မင်္ဂလာကို ပြင်ဦးလွင်မြို့၊ အနီးစခန်း၊ အောင်ချမ်းသာရပ်ကွက်ရှိ...

စွမ်းအင်၊ ဓါတ်သတ္ထုများဆိုင်ရာ ဒေါ်လာဘီလျံချီသော စာချုပ်များကို အမေရိကနှင့် ဗီယက်နမ် ကုမ္ပဏီများ လက်မှတ်ရေးထိုး

ဗီယက်နမ်ခေါင်းဆောင်များသည် အမေရိကနှင့် ကုန်သွယ်မှု မညီမျှခြင်းကို လျှော့ချနိုင်ရေး၊ ထရမ့်ပ်အစိုးရအဖွဲ့၏ အခွန်စည်းကြပ်မှုဒဏ်ခံရနိုင်ခြေကို သက်သာစေရေး ကြိုးပမ်းချက်အဖြစ် အမေရိကနှင့် အကြီးစားသဘောတူညီချက်အချို့ကို လက်မှတ်ရေးထိုးကြမည်ဖြစ်ရာ ဗီယက်နမ် ကုန်သွယ်ရေးဝန်ကြီး၏ အမေရိကခရီးစဉ်အတွင်း ဗီယက်နမ် ကုမ္ပဏီများသည် စွမ်းအင်၊ ဓါတ်သတ္ထု့ဆိုင်ရာ သဘောတူညီချက်များကို အမေရိက ကုမ္ပဏီများနှင့် လက်မှတ်ရေးထိုးခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာနှင့် သက်ဆိုင်ရာ ကုမ္ပဏီတစ်ခုတို့က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ဗီယက်နမ်ကုမ္ပဏီများသည် အမေရိက ရေနံစိမ်းနှင့် သဘာဝဓါတ်ငွေ့ရည်များဝယ်ယူရန် ဆွေးနွေးခဲ့သည်ဟု သဘောတူညီချက်တစ်ခုတွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် နိုင်ငံပိုင် PetroVietnam Power ကုမ္ပဏီက ပြောဆိုခဲ့ပြီး...

ရွှေစာရံဘုရားဖူးပြီး ပြင်ဦးလွင်သို့ ပြန်လာသည့် ဘုရားဖူးယာဉ် တိမ်းမှောက်မှုကြောင့် (၆)ဦး အသက်ဆုံးရှုံး

ရွှေစာရံဘုရားဖူးပြီး ပြင်ဦးလွင်သို့ ပြန်လာသည့် ဘုရားဖူးယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူများအနက် အ မျိုးသား (၂) ဦး၊ အမျိုးသမီး(၄)ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၇)ဦး ထိခိုက်ဒဏ်ရာရထားကြောင်း ဖြစ်စဉ်ကို ကူညီပေးနေသည့် နယ်မြေခံ လူမှုကူညီရေးအသင်းတို့ထံမှ သိရသ ည်။ ယမန်နေ့ မတ်လ (၁၅)ရက်၊ ညနေ (၅)နာရီခွဲ အချိန် ရွှေစာရံမှ ဘုရားဖူးပြန်လာသည့် 4WD ယာဉ်မှာ ရွှေစာရံ - ရဲရွာ - ကျောက်ဆည်လမ်း ဒုဌဝတီ တံတားအကျော် တိုးဂိတ်အ လွန် မီးသွေးဖုတ်ရွာအနီး လမ်းမှား၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071