နှစ်စဉ်ရွေးချယ်နေကြဖြစ်သော TC Candler ၏ ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး မျက်နှာပိုင်ရှင်အမျိုးသားအယောက် ၁၀၀ စာရင်း၌ စူပါမန်းမင်းသား Henry Cavill သည် နံပါတ်တစ်နေရာ၌ရွေးချယ်ခံခဲ့ရသည်။
နံပါတ် (၂) ဆုကို တောင်ကိုရီးယားယောကျာ်းလေးအဆိုရှင်အဖွဲ့ဖြစ်သည့် Stray kids အဖွဲ့မှ Hyunjin ကရရှိခဲ့ပြီး အမေရိကန်သရုပ်ဆောင် Timothée Chalamet က နံပါတ် (၃) နေရာရရှိခဲ့သည်။
အလားတူ ကမ္ဘာ့အလှဆုံးအမျိုးသမီးအယောက် ၁၀၀ စာရင်း၌လည်း အမေရိကန်ပြည်ထောင်စုမှ မော်ဒယ်လ် Jasmine Tookes ကဆွတ်ခူးရရှိခဲ့ပြီး တောင်ကိုရီးယားအမျိုးသမီးအဆိုရှင်များဖြစ်ကြသည့် Momoland အဖွဲ့ဝင် Nancy နှင့် Black pink အဖွဲ့ဝင် Lisa တို့က နံပါတ် (၂) နှင့် (၃) နေရာတွင် အသီးသီးရရှိခဲ့ကြသည်။
၂၀၂၁ ခုနှစ်၏ ဆွဲဆောင်မှုအရှိဆုံးမျက်နှာပိုင်ရှင်အမျိုးသားအဖြစ် ရွေးချယ်ခံခဲ့ရသည့် ပိုင်တံခွန်သည် ယခုနှစ်တွင် နံပါတ် (၁၄) နေရာသို့ကျဆင်းသွားခဲ့သည်။
Source : TC Candler
