Friday, February 14, 2025

အိန္ဒိယကဖိလစ်ပိုင်သို့ဒုံး-ကျည်ဒေါ်လာသန်း၂၀၀ကျော်ဖိုးရောင်းမည်

အိန္ဒိယနိုင်ငံအနေဖြင့် ဖိလစ်ပိုင် သို့ ယခုနှစ်အတွင်း ဒေါ်လာသန်း၂၀၀ကျော်ဖိုးတာတိုပစ် ဒုံး-ကျည်များ ရောင်းချပေးရန် မျှော်လင့်ထားသည်ဟု အိန္ဒိယသတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။ တရုတ်နှင့် တင်းမာမှုမြင့်မားနေချိန်တွင်...

ပူတင်နှင့်ထရမ့်ပ် ဆော်ဒီအာရေဗျ တွင် ပထမဆုံးအကြိမ်...

ဖေဖော်ဝါရီ၊ ၁၃ ရီပတ်ဘလစ်ကန်သမ္မတတက်လာပြီးနောက်ပိုင်း ပထမဆုံးတွေ့ဆုံမှုတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဆော်ဒီအာရေဗျတွင် တွေ့ဆုံရန် မျှော်လင့်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ မော်စကိုက...

ပြင်သစ်ကအိန္ဒိယဒုံးပျံလောင်ချာစနစ်ကိုဝယ်ယူရန်ဆွေးနွေးနေ

ဘန်ဂလူရူ၊ဖေဖော်ဝါရီ ၁၂ ပြင်သစ်က အိန္ဒိယ၏ဒုံးပျံလောင်ချာစနစ်အားဝယ်ယူရန်ဆွေးနွေးနေပြီး စာချုပ်ချုပ်ဆိုဖြစ်ပါက နူးဒေလီအတွက် ဒုတိယအကြီးဆုံးလက်-နက်တင်ပို့သူဖြစ်သော ပြင်သစ်သည် ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယထံမှလက်-နက်ဝယ်ယူသူဖြစ်လာမည်ဖြစ်သည်။ အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး လက်-နက်တင်သွင်းသူဖြစ်သလို ၎င်း၏ကာကွယ်ရေးလိုအပ်ချက်များ ပြည့်မီစေရန်...

နီပေါ လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ လက်ရွေးစင်အမျိုးသမီးအသင်း အပြီးသတ်...

နီပေါနိုင်ငံ၊ ခတ္တမန္ဒုမြို့ရှိ Dasharath ကွင်းတွင် ဖေဖော်ဝါရီ (၁၇)ရက်မှ(၂၆) ရက်အထိ ကျင်းပမည့် လေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ပြိုင်ပွဲ၌ ယှဉ်ပြိုင်မည့် အပြီးသတ်...
HomeNewsLocal News၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကြံစိုက်ရာသီတွင် နေပြည်တော်အတွင်း...

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကြံစိုက်ရာသီတွင် နေပြည်တော်အတွင်း စိုက်ဧက ၁၀၀၀၀ ကျော် စိုက်ပျိုးထား

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကြံစိုက်ရာသီတွင် နေပြည်တော်အတွင်း စိုက်ဧက ၁၀၀၀၀ ကျော် စိုက်ပျိုးထား

နေပြည်တော် အောက်တိုဘာ ၁၃

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကြံစိုက်ရာသီတွင် နေပြည်တော်ရှိပြည်ထောင်စုနယ်မြေအတွင်း ကြံစိုက်ဧက ၁၀၀၂၉ ဧက ကိုစိုက်ပျိုးထားနိုင်ကြောင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကြံစိုက်ရာသီတွင် နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်း ကြံစိုက်ဧက ၁၃၀၀၀ စိုက်ပျိုးရန်လျာထားခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကြံစိုက်ဧက ၁၀၀၂၉ ဧက ကိုစိုက်ပျိုးထားနိုင်ကြောင်း၊ ထိုသို့စိုက်ပျိုးသည့် ဧကများမှာ ပျဉ်းမနားမြို့နယ်တွင် ၃၇၄ ဧက၊ လယ်ဝေးမြို့ နယ်တွင် ၅၉၇၃ ဧက၊ တပ်ကုန်းမြို့နယ်တွင် ၇၂၃ ဦး၊ ဇေယျာသီရိမြို့နယ်တွင် ၁၈၁ ဧက၊ ပုဗ္ဗသီရိမြို့နယ် တွင် ၁၂၃၀ ဧကနှင့် ဥတ္တရသီရမြို့နယ်တွင် ၁၅၄၈ ဧက တို့ဖြစ်ကြကြောင်း သိရသည်။

“ နေပြည်တော်မှာက မြို့နယ်ရှစ်မြို့နယ်မှာ ဒက္ခိဏသီရိမြို့နယ်နဲ့ ဇမ္ဗူသီရိမြို့နယ်တွေမှာတော့ မစိုက်ပါဘူး။ ဝန်ထမ်းအိမ်ရာတွေ၊ ရုံးအဆောက်အဦတွေ များတဲ့မြို့နယ်တွေလဲဖြစ်တော့ မစိုက်ကြပါဘူး။ နေပြည်တော်မှာက သကြားစက်လေးလုံးရှိပါတယ်။ အခုပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကြံစိုက်ရာသီမှာက သကြားစက်ရုံတစ်ခုက နိုင်ငံတော်ကိုပြန်အပ်မယ်ဆိုတဲ့ သတင်းတွေကြောင့် တောင်သူတွေက မစိုက်ရဲကြတော့ အခုပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ အနည်းငယ်တော့ လျော့သွားတာပေါ့” ဟု ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိနေပြည်တော်ပြည်ထောင်စုနယ်မြေတွင် သကြားစက်လေးလုံးရှိပြီး ပျဉ်းမနားသကြားစက် အမှတ်(၂)နှင့် အမှတ်(၃)၊ တပ်ကုန်းမြို့နယ်ရှိ ဒဟတ်ကုန်းသကြားစက်၊ လယ်ဝေးမြို့နယ်ရှိ တောင်ဇင်အေး သကြားစက်ရုံ တို့ဖြစ်ကြကြောင်း၊ လက်ရှိ မီနီဘတ်ဂျတ်တွင် သကြားဈေးများမြင့်တက်မှုရှိနေ၍ ပြီးခဲ့သည့် ကြံစိုက်ရာသီထက် တောင်သူများ ကြံသီးနှံစိုက်ပျိုးမှု ပိုမိုစိတ်ဝင်စားမှုရှိနေကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071