Monday, May 26, 2025

NDAA (မိုင်းလား) ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့်...

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)၏ သဘောထားခံယူချက်နှင့်ပတ်သက်၍ ဒု-ဥက္ကဋ္ဌဦးစန်ပေ့မှ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက...

စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကိုဖော်ဆောင်သွားနိုင်ရန် NDAA (မိုင်းလား)အဖွဲ့နှင့်တွေ့ဆုံစဉ်...

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒု-ဥက္ကဋ္ဌ...

မွေထိုင်း ချန်ပီယံကို ပထမအချီတွင်ပင် အလဲထိုးဖြင့်...

ယနေ့ မေ (၂၅)ရက်တွင် ကျင်းပပြုလုပ်သည် ထိုင်း-မြန်မာ လက်ဝှေ့စိန်ခေါ်ပွဲစဉ်အတွင်း မွေထိုင်းချန်ပီယံ ဖာမီချိုင်းကို ရိုးရာဖိုက်တာ ရာမာန်က ပထမ အချီတွင်ပင် အလဲထိုးဖြင့်အနိုင်ရရှိခဲ့ပြီဖြစ်သည်။ ရာမာန်အနေဖြင့်...

လွှတ်တော်အဆောက်အဦများပြင်ဆင်နေမှုကို နစက ဥက္ကဋ္ဌကြည့်ရှုစစ်ဆေး

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးများအားပြန်လည်ပြင်ဆင်နေမှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၅ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိခိုက်ပျက်စီးခဲ့သည့်နေရာများဖြစ်သည့်...
HomeNewsLocal News၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂...

၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်အထိ အမျိုးသားသွေးဌာနသို့ လာရောက်သွေးလှူဒါန်းသူ တစ်သိန်းကျော်ရှိခဲ့

(၄၄)ကြိမ်မြောက် သွေးလှူရှင်များဂုဏ်ပြုပွဲနှင့်လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)ရရှိသည့် သွေးလှူရှင် ၃၀ ဦးအား ဂုဏ်ပြုပွဲအခမ်းအနား၌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း၏ပြောကြားချက်အရ သိရသည်။

(၄၄)ကြိမ်မြောက် သွေးလှူရှင်များဂုဏ်ပြုပွဲနှင့် နစက မှချီးမြှင့်သည့် လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)ရရှိသော သွေးလှူရှင် ၃၀ ဦးအားဂုဏ်ပြုပွဲအခမ်းအနားကို ဒီဇင်ဘာ ၈ မွန်းလွဲပိုင်းက သူနာပြုတက္ကသိုလ်(ရန်ကုန်)၌ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတွင် အမျိုးသားသွေးဌာန ၁ ခု၊မန္တလေး၊မကွေး၊မော်လမြိုင်၊မြစ်ကြီးနား၊တောင်ကြီး ၊ပုသိမ်နှင့်နေပြည်တော်တို့ရှိ ဆေးရုံကြီးများတွင်တွဲဖက်ထားသည့် သွေးဘဏ် ၇ ခု၊ ခုတင် ၂၀၀ နှင့်ခုတင် ၁၀၀ ဆံ့ ဆေးရုံများတွင် ဓာတ်ခွဲခန်းနှင့်တွဲဖက်ဆောင်ရွက်သည့် သွေးဘဏ်များအား တိုးချဲ့ဖွဲ့စည်းထားကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံတစ်ဝန်းရှိ သွေးသွင်းကုသမှု ဆောင်ရွက်ပေးနေသည့် ဆေးရုံများတွင် အခြေခံလိုအပ်ချက်ဖြစ်သော ဆေးပစ္စည်း၊သွေးလှူဒါန်းရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်သိုလှောင်ရသည့် စက်ပစ္စည်းများကို ပြည့်ဝစွာထောက်ပံ့ပေးထားပြီးဖြစ်သည်။

ထိုသို့ ထောက်ပံ့ပေးထားသော်လည်း စဉ်ဆက် မပြတ်လှူဒါန်းပေးသည့် စေတနာသွေးလှူရှင်များ ၏ လှူဒါန်းကူညီမှုမရှိခဲ့ပါက လူနာများအတွက် စိတ်ပူပန်မှုနှင့်ငွေကြေးကုန်ကျမှုများရှိမည့်အပြင် အမှန်တကယ်အန္တရာယ်ကင်းသည့် သွေးနှင့်သွေးပစ္စည်းများဖြင့် ကုသမှုခံယူခွင့်ရရှိနိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းကပြောကြားခဲ့သည်။

“ကိုဗစ်ရောဂါကူးစက်ခံရမှုအန္တရာယ်ကိုဂရုမစိုက်ဘဲ ဝေဒနာရှင်လူနာတွေအတွက် အမျိုးသားသွေးဌာနကို လာရောက်လှူဒါန်းပေးခဲ့သူ ၂၀၂၀ ပြည့်နှစ်ကနေ ၂၀၂၂ ခုနှစ်အထိ သွေးလှူရှင် ၁၁၂၄၉၇ ဦးရှိခဲ့ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

ယင်းသို့ လှူဒါန်းမှုများကြောင့် အမျိုးသားသွေးဌာနမှ ရန်ကုန်မြို့ပေါ်ရှိ ပြည်သူ့ဆေးရုံများနှင့်ပုဂ္ဂလိကဆေးရုံများအပါအဝင် ဆေးရုံစုစုပေါင်း ၃၆ ရုံအတွက် လုံလောက်စွာထောက်ပံ့နိုင်ခဲ့ပြီး သွေးသွင်းကုသရန်လိုအပ်သည့်လူနာများ ကပ်ရောဂါကာလအတွင်း အပူအပင်မရှိကုသမှုခံယူနိုင်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း၊ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်တာဝန် ရှိသူများက လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)ရရှိသည့် သွေးလှူရှင် ၃၀ ဦး၊ အကြိမ် ၁၂၀ နှင့်အထက်သွေးလှူရှင် ၃၅ ဦး၊အကြိမ် ၁၀၀ နှင့်အထက်သွေးလှူရှင် ၁၀ ဦး(စုစုပေါင်း ၇၅ ဦး)တို့အား ဂုဏ်ပြုတံဆိပ်၊ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြသည်။

ထို့အတူ သွေးလှူရှင် ၅၅၁ ဦးကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှချီးမြှင့်သည့် ဂုဏ်ပြုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြသည်။

Photo Credit-မြို့တော်သတင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

NDAA (မိုင်းလား) ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့် နိုင်ငံရေးအဖွဲ့အစည်းကိုမျှလက်ခံထားခြင်းမရှိ

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)၏ သဘောထားခံယူချက်နှင့်ပတ်သက်၍ ဒု-ဥက္ကဋ္ဌဦးစန်ပေ့မှ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌တွေ့ဆုံစဥ် NDAA (မိုင်းလား)၏ ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)၏ သဘောထားခံယူချက်အနေ ဖြင့် နှစ်(၃ဝ)ကျော်ကျင့်သုံးလာခဲ့သည့်အတိုင်း နိုင်ငံတော်မှချမှတ်ထားထားသော ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး "တို့တာဝန်အရေးသုံးပါး"အတွက် အဓိကထားဆောင်ရွက်လျက်ရှိသည်ဟု ရှင်းလင်းတင်ပြသည်။ ထို့ပြင် ဒေသတွင်းလမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ပိုမိုမြန်ဆန်ချောမွေ့စေရေး၊ မိမိတို့ဒေသအတွင်း ပညာရေးကဏ္ဍနှင့်ကျန်းမာရေးကဏ္ဍများတွင် နိုင်ငံတော်အနေဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးစေလိုပြီး မိမိတို့ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့် မည်သည့်နိုင်ငံရေးအဖွဲ့အစည်းကိုမျှလက်ခံထားခြင်းမရှိဟု တင်ပြသည်။ ထို့အတူ ဒေသတွင်းနှင့်...

စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကိုဖော်ဆောင်သွားနိုင်ရန် NDAA (မိုင်းလား)အဖွဲ့နှင့်တွေ့ဆုံစဉ် နစက ဥက္ကဋ္ဌပြောကြား

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒု-ဥက္ကဋ္ဌ ဦးစန်ပေ့ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့အား တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် နစကဥက္ကဋ္ဌက မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံတော်တစ်ခုဖြစ်ပြီး စစ်မှန်စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသောပြည်ထောင်စုစ နစ်ကိုလျှောက်လှမ်းနေကြခြင်းဖြစ်၍ နိုင်ငံတွင်းမှီတင်းနေထိုင်သည့် တိုင်းရင်းသားညီရင်းအကို မောင်နှမများအားလုံးအနေဖြင့် စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကိုဖော်ဆောင်သွားနိုင်ရန်လိုအပ်သည်ဟု ပြောသည်။ ထို့ပြင် မိမိတို့အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားဖြစ်ပေါ်စေရေးအတွက် ကောင်းမွန်စေလိုသည့်စိတ်ဖြင့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ဦးစားပေးအနေဖြင့် အရေးကြီးသည့် ပညာရေးနှင့်...

မွေထိုင်း ချန်ပီယံကို ပထမအချီတွင်ပင် အလဲထိုးဖြင့် အနိုင်ရခဲ့သည့် ရာမာန်

ယနေ့ မေ (၂၅)ရက်တွင် ကျင်းပပြုလုပ်သည် ထိုင်း-မြန်မာ လက်ဝှေ့စိန်ခေါ်ပွဲစဉ်အတွင်း မွေထိုင်းချန်ပီယံ ဖာမီချိုင်းကို ရိုးရာဖိုက်တာ ရာမာန်က ပထမ အချီတွင်ပင် အလဲထိုးဖြင့်အနိုင်ရရှိခဲ့ပြီဖြစ်သည်။ ရာမာန်အနေဖြင့် ပြိုင်ဘက်ဖြစ်သူ မွေထိုင်းဖိုက်တာ ဖာမီချိုင်းကို ပထမအချီ၌ပင် Knock down နစ်ကြိမ်ကျအောင် ထိုးသ-တ်ကာ အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ နှစ်ဦးသည် ဒုခေါင်တွဲဆိုင်းနေရာတွင် ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး ဖားမီချိုင်းမှာ မြန်မာပရိတ်သတ်များရင်းနှီးပြီးသားဖြစ်သည့် မွေထိုင်းလက်ဝှေ့ကျော် တစ်ဦးဖြစ်သည်။ ဖာမီချိုင်းသည် BKFC ထိုင်း ရွှေခါးပတ် နှစ်ခု ရရှိပိုင်ဆိုင်ထားသည့်အပြင် ယခုလ မတ် (၁၄) ရက်နေ့၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071