Monday, December 8, 2025

မြန်မာ-ကာတာနှစ်နိုင်ငံကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင်ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းသည် ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ကျင်းပပြုလုပ်သော (၂၃) ကြိမ်မြောက် ဒိုဟာဖိုရမ်အား တက်ရောက်ခဲ့သည်။ ဖိုရမ်အတွင်း၌...

သုတေသနများသည် ရိုးရာမွေးမြူရေးစနစ်မှ ခေတ်မီထိရောက်သည့် မွေးမြူရေးစနစ်သို့...

စိုက်ပျိုးမွေးမြူရေးကို သီအိုရီနှင့် အခြေခံသုတေသနတို့မှ ရရှိထားသည့် အသိပညာများကိုအသုံးချပြီး မွေးမြူတိရိ စ္ဆာန်များ ထုတ်လှုပ်မှုစွမ်းရည်တိုးတက်စေခြင်း၊ နည်းလမ်းသစ်များရရှိရေး ဆောင်ရွက်သော သုတေသနလုပ်ငန်းများလုပ်ဆောင်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...

ဝါရှင်တန်နှင့် လော့စ်အိန်ဂျယ်လိစ်မြို့တို့တွင် အမေရိကန်ရောက်မြန်မာများ ကြိုတင်မဲပေး

အမေရိကန်ပြည်ထောင်စု၊ အနောက်ဘက်ပိုင်း ဒေသတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် လာမည့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခြင်းကို လော့စ်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ ဒီဇင်ဘာ (၆) ရက်နှင့် (၇)...

KK park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့မှ...

KK park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့ရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံး ပြုခဲ့၍ သိမ်းဆည်းရမိခဲ့သောပစ္စည်းများအား ထပ်မံအသုံးပြုမှုမရှိစေရန် ဒီဇင်ဘာ ၇ ရက်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ထို့ပြင်...
HomeNewsLocal News၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးပထမဆုရှင်...

၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးပထမဆုရှင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးအဆင့် ပထမရရှိခဲ့သော မောင်ကျော်သန်းလင်းသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဒိုက်ဦးအကျဥ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

မောင်ကျော်သန်းလင်းသည် ပုဒ်မ ၅၀၅(က) ၊ ၅၂(ခ) နှစ်မှုပေါင်းဖြင့် ဒိုက်ဦးအကျဥ်းထောင်တွင် ပြစ်ဒ-ဏ် (၆) နှစ် ချမှတ်ခံရခြင်းဖြစ်ပြီး နိုင်ငံတော်မှ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ပုဒ်မနှင့် ၅၁၂ ပုဒ်မများဖြင့် အမှုဖွင့်ခံထားရသူအကျဥ်းသားအကျဥ်းသူ ၃၀၀၀ ကျော်ကို ပြန်လည်လွှတ်ပေးရာတွင် ပါဝင်ခဲ့ခြင်းဖြစ် သည်။

မကြာမီကျင်းပမည့် ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အရ ပြစ်မှုထင်ရှားစီရင်ခံရပြီး အကျဉ်းထောင်/ အချုပ်ထောင်/ အကျဉ်းစခန်းသီးသီးတွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသ ည့် အကျဉ်းသား / အကျဉ်းသူများ လွတ်ငြိမ်းခွင့်ပေးသည့် နောက်ဆက်တွဲတွင် ပြန်လည်လွတ်မြောက်မှုများ ရှိလာခဲ့ခြင်း ဖြစ်သည်။

မောင်ကျော်လင်းသန်းသည် ၂၀၁၉-ခုနှစ်၊ တက္ကသိုလ်ဝင်တန်းကို အလုံမြို့နယ်၊ အ.ထ.က (၄)မှ ဝင်ရောက်ဖြေဆိုရာ ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ရုံမက မြန်မာတစ်နိုင်ငံလုံး တက္ကသိုလ်ဝင်တန်း ပထမဆုကိုရရှိခဲ့သူဖြစ်ပြီး ၈-တန်း၊ ၉-တန်း၊ ၁၀-တန်း သုံးထပ်ကွမ်းလူရည်ချွန်တစ်ဦးလည်းဖြစ်သည်။

နိုင်ငံတော်မှ ရာဇသတ်ကြီး ပုဒ်မ၅၀၅-က ဖြင့် တရားစွဲခံထားရသူများနှင့် တရားစွဲခံရ၍ တိမ်းရှောင်မှုကြောင့် ပုဒ်မ ၅၁၂ ဖြင့် အမှုဖွင့်ခံထားရသူ စုစုပေါင်း ၅,၅၈၀ ဦး တို့၏ ကြားနာစစ်ဆေးဆဲအမှုများကို ပိတ်သိမ်းပြီး အမှုမှလွှတ်ပေးခဲ့ကာ အကျဥ်းသား ၃၀၀၀ ကျော်ကို ဆန္ဒမဲပေးနိုင်ရေးအတွက် ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ကာတာနှစ်နိုင်ငံကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင်ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းသည် ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ကျင်းပပြုလုပ်သော (၂၃) ကြိမ်မြောက် ဒိုဟာဖိုရမ်အား တက်ရောက်ခဲ့သည်။ ဖိုရမ်အတွင်း၌ အမြဲတမ်းအတွင်းဝန်သည် ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီးဌာနအကြီးအကဲ H.E. Aljohara Yousif Al-Obaidan နှင့် ဒီဇင်ဘာ ၇ ရက်နံနက်ပိုင်းကတွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေး၊ နှစ်နိုင်ငံကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဖိုရမ်၌ တက်ရောက်လာကြသူများက ငြိမ်းချမ်းရေး၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအပါအဝင် အရေးပါသည့်နယ်ပယ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက်...

သုတေသနများသည် ရိုးရာမွေးမြူရေးစနစ်မှ ခေတ်မီထိရောက်သည့် မွေးမြူရေးစနစ်သို့ ကူးပြောင်းရန်သော့ချက်ဖြစ်

စိုက်ပျိုးမွေးမြူရေးကို သီအိုရီနှင့် အခြေခံသုတေသနတို့မှ ရရှိထားသည့် အသိပညာများကိုအသုံးချပြီး မွေးမြူတိရိ စ္ဆာန်များ ထုတ်လှုပ်မှုစွမ်းရည်တိုးတက်စေခြင်း၊ နည်းလမ်းသစ်များရရှိရေး ဆောင်ရွက်သော သုတေသနလုပ်ငန်းများလုပ်ဆောင်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ကပြောသည်။ "မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ရမည့် အသုံးချသုတေသနများ" ခေါင်းစဉ်ဖြင့် ကျင်းပသည့် အကြိမ် (၅၀) မြောက် လစဉ်ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲ၌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ သုတေသနများသည် ရိုးရာမွေးမြူရေးစနစ်မှ ခေတ်မီထိရောက်သည့် မွေးမြူရေးစနစ်သို့ ကူးပြောင်းရန်အတွက် သော့ချက်ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးက ပြောသည်။ ထို့နောက် မြန်မာနိုင်ငံ၏ ငါးမွေးမြူရေးလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်...

ဝါရှင်တန်နှင့် လော့စ်အိန်ဂျယ်လိစ်မြို့တို့တွင် အမေရိကန်ရောက်မြန်မာများ ကြိုတင်မဲပေး

အမေရိကန်ပြည်ထောင်စု၊ အနောက်ဘက်ပိုင်း ဒေသတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် လာမည့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခြင်းကို လော့စ်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ ဒီဇင်ဘာ (၆) ရက်နှင့် (၇) ရက်တို့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ မဲရုံကို နံနက် (၁၀) နာရီမှ ညနေ (၅) နာရီထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဝင်းလဲဖြူက မဲရုံမှူးအဖြစ် ဆောင်ရွက်ကာ ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းများက မဲဆန္ဒရှင်များ၏ ဆန္ဒမဲလက်မှတ်များကို စိစစ်ထုတ်ပေးခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ထို့အတူ ၂၀၂၅ ခုနှစ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071