Sunday, March 16, 2025

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ ၏...

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ မွေးနေ့အထိမ်းအမှတ်အနေဖြင့် မတ်လ (၂၂)ရက်တွင် လူဦးရေသုံးသောင်းကို စတုဒိသာကျွေးမွေးသွားမည်ဖြစ်ကြောင်း ရာသက်ပန် ကုမ္ပဏီ စတုဒိသာအဖွဲ့မှ သိရသည်။ ဆရာတော်ကြီး၏...

စွမ်းအင်၊ ဓါတ်သတ္ထုများဆိုင်ရာ ဒေါ်လာဘီလျံချီသော စာချုပ်များကို...

ဗီယက်နမ်ခေါင်းဆောင်များသည် အမေရိကနှင့် ကုန်သွယ်မှု မညီမျှခြင်းကို လျှော့ချနိုင်ရေး၊ ထရမ့်ပ်အစိုးရအဖွဲ့၏ အခွန်စည်းကြပ်မှုဒဏ်ခံရနိုင်ခြေကို သက်သာစေရေး ကြိုးပမ်းချက်အဖြစ် အမေရိကနှင့် အကြီးစားသဘောတူညီချက်အချို့ကို လက်မှတ်ရေးထိုးကြမည်ဖြစ်ရာ ဗီယက်နမ်...

ရွှေစာရံဘုရားဖူးပြီး ပြင်ဦးလွင်သို့ ပြန်လာသည့် ဘုရားဖူးယာဉ်...

ရွှေစာရံဘုရားဖူးပြီး ပြင်ဦးလွင်သို့ ပြန်လာသည့် ဘုရားဖူးယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူများအနက် အ မျိုးသား (၂) ဦး၊ အမျိုးသမီး(၄)ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၇)ဦး ထိခိုက်ဒဏ်ရာရထားကြောင်း...

တက္ကသိုလ်ဝင်တန်းစာမေးပွဲ မကျင်းပမီနှင့် ကျင်းပချိန်ကာလများအတွင်းလုံခြုံရေးသတိ/အသိ မလစ်ဟင်းရန်...

၂၀၂၄ -၂၀၂၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲမကျင်းပမီနှင့် ကျင်းပချိန်ကာလများအတွင်းလုံခြုံ ရေးသတိ အသိ မလစ် ဟင်းရန်ဆောင်ရွက်ရန်လိုပြီး၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးခြားဖြစ်စဉ်များနှင့် ပတ်သက်၍ အချိန်နှင့်တပြေးညီ...
HomeNewsLocal News၂၀၀၈ ဖွဲ့စည်းပုံဥပဒေသည် ဒီမိုကရေစီ...

၂၀၀၈ ဖွဲ့စည်းပုံဥပဒေသည် ဒီမိုကရေစီ စနစ်အတွက် အနှောင့်အယှက်တစ်ခုဖြစ်ကြောင်း ဒေါက်တာ အေးမောင် ဦးဆောင်သည့် ပါတီက အာဆီယံအထူးကိုစားလှယ်ကို တင်ပြ

၂၀၀၈ ဖွဲ့စည်းပုံဥပဒေသည် ဒီမိုကရေစီ စနစ်အတွက် အနှောင့်အယှက်တစ်ခုဖြစ်ကြောင်း ဒေါက်တာ အေးမောင်ဦးဆောင်သည့် ပါတီက အာဆီယံအထူးကိုစားလှယ်ကို တင်ပြ

၂၀၀၈ ဖွဲ့စည်းပုံသည် စစ်မှန်သည့် ဒီမိုကရေစီ စနစ်သို့ သွားရာတွင် အနှောင့်အယှက်အဟန့်အတား ဖြစ်နေပြီး ဖွဲ့စည်းပုံအသစ်ရေးဆွဲရန်ကြောင်း ရခိုင့်ဦးဆောင်ပါတီက အာဆီယံ အထူးကိုယ်စားလှယ်ထံ တင်ပြခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၂) ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အာဆီယံ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံစဥ် ဖွဲ့စည်းပုံအသစ်ရေးဆွဲရေး တင်ပြခဲသည်ဆိုသည့်အ‌ပေါ် ပေါ်ပြူလာနယူးစ်မှ ဆက်သွယ်မေးမြန်းစဉ် ရခိုင့်ဦး ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့သည်။

” ဟုတ်ပါတယ်။ ကျွန်တော်တို့ ပါတီက စာထုတ်ထားပါတယ်။ အဲဒီအထဲကအတိုင်း တင်ပြခဲ့ပါတယ်” ဟု ဒေါက် တာအေးမောင်က ပြန်လည်ဖြေကြားခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ဒီမိုကရေစီယောင် ယောင် စနစ်တစ်ရပ်ကို ဖန်တီးပေးသည်မှာ မှန်သော် လည်း လူမျိုးအသိုက်အဝန်းများအကြား မညီမျှမှုနှင့် စစ်မှန်သော ဒီမိုကရေစီ စနစ်တရပ်ဆီသို့ သွားရာလမ်းတွင် အတားအဆီးအနှောင့်အယှက် အဟန့်အတားဖြစ်စေမှု၏ အဓိကအရင်းမြစ် ဖြစ်နေသည်ဟု ရခိုင့်ဦးဆောင်ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်ရှိ ကြုံတွေ့နေရသည့် နိုင်ငံရေးအကြပ်အတည်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို အခြေ တည်၍ ဖြစ်ပေါ်လာခြင်း ဖြစ်သည့်အတွက် ငြိမ်းချမ်းပြီးသာယာဝပြောသော မြန်မာနိုင်ငံအသစ် တည်ဆောက်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်တရပ်ကို အခြေပြု တည် ဆောက်ရမည်ဟုလည်း ဆိုသည်။

ထို့အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ရေးဆွဲနေသည့် ကာလအတွင်း နိုင်ငံတော်ကို အုပ်ချုပ်ရန် ကြားဖြတ်အ စိုးရတစ်ရပ် လိုအပ်မည်ဖြစ်ပြီး အဆိုပါ ကြားဖြတ်အစိုး ရသည်လည်း တရားဝင်မှုရှိစွာဖြင့် လုံလောက်သည့်အ တိုင်းအတာ တစ်ခုအထိ နိုင်ငံ့အာဏာကို ထိန်းချုပ်နိုင်သည့် အခွင့်အာဏာရှိရန် လိုအပ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယနေ့ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ရေးဆွဲရေး ကိစ္စများနှင့် ပတ်သက်၍ အာဆီယံ အထူးကိုယ်စားလှယ်အား တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ယနေ့ပြုလုပ်သည့် အာဆီယံအထူး ကိုယ်စားလှယ်နှင့် တွေဆုံပွဲသို့ ကြံ့ခိုင်ရေးပါတီ၊ ပအိုးဝ်အမျိုးသားအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ညီညွတ်ရေးပါတီ၊ တအာင်း(ပလောင်) အ မျိုးသားပါတီ၊ ရခိုင့်ဦးဆောင်ပါတီနှင့် ရခိုင်အမျိုး သားပါတီတို့မှ ထိပ်ပိုင်း ခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ ၏ မွေးနေ့အထိမ်းအမှတ်အနေဖြင့် လူဦးရေသုံးသောင်းကို စတုဒိသာ ကျွေးမွေးသွားမည်

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ မွေးနေ့အထိမ်းအမှတ်အနေဖြင့် မတ်လ (၂၂)ရက်တွင် လူဦးရေသုံးသောင်းကို စတုဒိသာကျွေးမွေးသွားမည်ဖြစ်ကြောင်း ရာသက်ပန် ကုမ္ပဏီ စတုဒိသာအဖွဲ့မှ သိရသည်။ ဆရာတော်ကြီး၏ သက်တော် (၈၅) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာကုသိုလ်ကို ပူဇော်သော အားဖြင့် အများကောင်းမှု အဖြစ် လူဦးရေ (၃) သောင်းစာ စတုဒိသာ အာဟာရဒါနအလှူအဖြစ် ပေါ်ဆန်းမွှေး ထမင်းဖြူနှင့်အတူ ကြက်သားဟင်း၊ သီးစုံချဉ်ရည်ဟင်း၊ ပုဇွန်ခြောက်ထောင်းအစပ်ကြော်၊ ကြက်သဲမြစ် ပဲကြာဇံကြော်၊ ခရမ်းချဉ်သီးချက်တို့ကို ကျွေးမွေးသွားမည်ဖြစ်သည်။ စတုဒိသာ အလှူတော်မင်္ဂလာကို ပြင်ဦးလွင်မြို့၊ အနီးစခန်း၊ အောင်ချမ်းသာရပ်ကွက်ရှိ...

စွမ်းအင်၊ ဓါတ်သတ္ထုများဆိုင်ရာ ဒေါ်လာဘီလျံချီသော စာချုပ်များကို အမေရိကနှင့် ဗီယက်နမ် ကုမ္ပဏီများ လက်မှတ်ရေးထိုး

ဗီယက်နမ်ခေါင်းဆောင်များသည် အမေရိကနှင့် ကုန်သွယ်မှု မညီမျှခြင်းကို လျှော့ချနိုင်ရေး၊ ထရမ့်ပ်အစိုးရအဖွဲ့၏ အခွန်စည်းကြပ်မှုဒဏ်ခံရနိုင်ခြေကို သက်သာစေရေး ကြိုးပမ်းချက်အဖြစ် အမေရိကနှင့် အကြီးစားသဘောတူညီချက်အချို့ကို လက်မှတ်ရေးထိုးကြမည်ဖြစ်ရာ ဗီယက်နမ် ကုန်သွယ်ရေးဝန်ကြီး၏ အမေရိကခရီးစဉ်အတွင်း ဗီယက်နမ် ကုမ္ပဏီများသည် စွမ်းအင်၊ ဓါတ်သတ္ထု့ဆိုင်ရာ သဘောတူညီချက်များကို အမေရိက ကုမ္ပဏီများနှင့် လက်မှတ်ရေးထိုးခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာနှင့် သက်ဆိုင်ရာ ကုမ္ပဏီတစ်ခုတို့က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ဗီယက်နမ်ကုမ္ပဏီများသည် အမေရိက ရေနံစိမ်းနှင့် သဘာဝဓါတ်ငွေ့ရည်များဝယ်ယူရန် ဆွေးနွေးခဲ့သည်ဟု သဘောတူညီချက်တစ်ခုတွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် နိုင်ငံပိုင် PetroVietnam Power ကုမ္ပဏီက ပြောဆိုခဲ့ပြီး...

ရွှေစာရံဘုရားဖူးပြီး ပြင်ဦးလွင်သို့ ပြန်လာသည့် ဘုရားဖူးယာဉ် တိမ်းမှောက်မှုကြောင့် (၆)ဦး အသက်ဆုံးရှုံး

ရွှေစာရံဘုရားဖူးပြီး ပြင်ဦးလွင်သို့ ပြန်လာသည့် ဘုရားဖူးယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူများအနက် အ မျိုးသား (၂) ဦး၊ အမျိုးသမီး(၄)ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၇)ဦး ထိခိုက်ဒဏ်ရာရထားကြောင်း ဖြစ်စဉ်ကို ကူညီပေးနေသည့် နယ်မြေခံ လူမှုကူညီရေးအသင်းတို့ထံမှ သိရသ ည်။ ယမန်နေ့ မတ်လ (၁၅)ရက်၊ ညနေ (၅)နာရီခွဲ အချိန် ရွှေစာရံမှ ဘုရားဖူးပြန်လာသည့် 4WD ယာဉ်မှာ ရွှေစာရံ - ရဲရွာ - ကျောက်ဆည်လမ်း ဒုဌဝတီ တံတားအကျော် တိုးဂိတ်အ လွန် မီးသွေးဖုတ်ရွာအနီး လမ်းမှား၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071