Friday, May 23, 2025

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀)...

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ...
HomeMusic၂ဝ၂ဝ တိုကျိုအိုလံပစ်မှာ ဖျော်ဖြေဖို့One...

၂ဝ၂ဝ တိုကျိုအိုလံပစ်မှာ ဖျော်ဖြေဖို့One Asia အဖွဲ့ရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကို သွားရောက်ခဲ့တဲ့ ဓိရာမိုရ်

‘ပထမဆုံးအကြိမ် နိုင်ငံရပ် ခြားသို့ နှစ်ယောက်အတူခရီး’ လို့ဆို ပြီး ဖေ့စ်ဘုတ်မှာ ချစ်ဇနီးနဲ့အတူ ပို့(စ်)တင်ဖြစ်ခဲ့တဲ့ ဂီတပညာရှင် အကယ်ဒမီ ဓီရာမိုရ်တို့ကတော့ အောက်တိုဘာလ ၁၁ရက်နေ့ကနေ ၁၅ရက်နေ့အထိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ကို ခရီးထွက်ဖြစ်ခဲ့ပါတယ်။ အာရှရိုးရာဂီတအဖွဲ့(One Asia)အဖွဲ့ရဲ့ ဖိတ်ကြားချက်အရ သွား ရောက်ပြီး ဂီတပညာတွေပေါင်းစပ် ဖန်တီးခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဓီရာမိုရ်က

“One Asia ဆိုတဲ့အဖွဲ့ရှိတယ် ဗျ။ အဓိက Organizer ကတော့ ဂျပန်ပေါ့နော်။ ကျွန်တော်တို့ အာဆီယံ ၁ဝနိုင်ငံပါတယ်။ တရုတ်နဲ့ ကိုရီးယားနဲ့ပါတယ်။ သူတို့က တစ်နှစ်ကို နိုင်ငံတစ်နိုင်ငံသွား ပြီးတော့ ဖျော်ဖြေနေတာပေါ့နော်။ သူတို့အဖွဲ့ရဲ့ ရည်ရွယ်ချက်က ၂ဝ၂ဝပြည့်နှစ်မှာ တိုကျိုအိုလံပစ်မှာ ဖျော် ဖြေဖို့အတွက် ရည်ရွယ်နေတာ ပေါ့နော်။ အဲဒီအတွက်ကို ကျွန်တော် တို့ဆီက အနုပညာရှင်တစ်နိုင်ငံကို ၂ယောက်ဆိုပြီး ခေါ်တဲ့နေရာမှာ ကျွန်တော်တို့နိုင်ငံက ၂ယောက် ပါတယ်။ အဲဒီ ၂ယောက်ကလည်း ကျွန်တော်တို့ တက္ကသိုလ်ကပဲပေါ့။ အဲဒီကမှ သူတို့မြန်မာပြည်ကို လာတုန်းက သူတို့အဖွဲ့ကို မြူးဇစ် တွေဖန်တီးတဲ့နေရာမှာ ကျွန်တော်က ဝိုင်းလုပ်ပေးထားတယ်။ ကျွန်တော် ဖန်တီးတဲ့ မြူးဇစ်တွေကိုလည်း သူတို့ သဘောကျကြတယ်။ အဲဒီအတွက် ဂျပန်ခရီးစဉ်မှာဖိတ်တယ်။ အဲဒီ အတွက် သွားခဲ့ရတယ်” လို့ သိရပါ တယ်။ အကယ်ဒမီ ဓီရာမိုရ်ရဲ့ ဇနီးဖြစ် သူ မမေထူးချိုကလည်း အမျိုးသား ယဉ် ကျေးမှုနှင့်အနုပညာ တက္ကသိုလ် ကပဲဆိုတော့ အခုခရီးစဉ်မှာ သူမပါဝင် ဖြစ်ပုံကိုလည်းမေးဖြစ်တဲ့အခါ”ဖိတ် တာတော့ကျွန်တော့်ကို ဖိတ်တာပေါ့လေ။ဒါပေမဲ့သူ့အ တွက် ပါတာဝန် ယူပေးတယ်ပေါ့။ အဲဒါနဲ့ သူပါပါသွားတာ” လို့ ဓီရာမိုရ်က သူတို့ရဲ့ပျော်ရွှင်ဖွယ်ရာခရီးစဉ် အကြောင်း ကို ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071