Ed Sheeran ကမင်းနဲ့ နီးတဲ့ မြို့မှာ မကြာခင် လာရောက် ဖျော်ဖြေတော့မှာပါ။ NBC’s အစီအစဉ်မှာ ဖျော်ဖြေမှု မစတင်ခင်မှာဘဲ သူရဲ့ Twitter အကောင့်မှာ ၂ဝ၁၇ တစ်နှစ်လုံးမှာ သူအမေရိက တစ်ဝှမ်း ဖျော်ဖြေရေး ခရီးစဉ် စတင် မယ်လို့ ကြေညာလိုက်ပါတယ်။ သူဟာ မကြာသေးခင်ကမှ သူရဲ့ တတိယမြောက် အယ်လ်ဘမ် ကို ဖြန့်ချိထားပြီး Divide သီချင်းက ဖြန့်ချိပြီး ၂၄ နာရီ အတွင်း ကြည့်ရှု့မှု ဦးရေ ၅၆,၇၂၇,၈၆၁ ထိရောက်ရှိ သွားခဲ့ပါတယ်။ သူရဲ့အယ်လ်ဘမ်က ၄၄ သိန်း နဲ့ ၄၅ သိန်း ဝန်းကျင် ရောင်းချရမယ် လို့ ခန့်မှန်း ထားပြီး နံပါတ်၁ နေရာကို ရရှိမယ်လို့ ထင်ချက် ပေးနေကြပါတယ်။Ed Sheeran ရဲ့  North American လှည့်လည် ဖျော်ဖြေရေး ခရီးစဉ် က ဇွန် ၂၉ ရက် နေ့ Kansas City, Mo.ရှိSpring Center ကနေ စတင်မှာ ဖြစ်ပြီး အောက်တိုဘာ ၆ ရက်နေ့မှာ Nashville ရှိ Bridgestone Arena မှာလည်း ဖျော်ဖြေမှာပါ။ လက်မှတ်တွေ ကိုတော့ မတ်လ ၁၇ ရက်နေ့မှာ စတင် ရောင်းချတော့မယ် လို့သိရပါ တယ်။
၂ဝ၁၇ မှာ မြောက်အမေရိကမှာ လှည့်လည်ဖျော်ဖြေမည့် Ed Sheeran
