၂ဝ၁၇ ခုနှစ် ကို ဝင်ရောက် ခဲ့ပြီမို့ ရုပ်ရှင် လောကသားတွေဟာ ၂ဝ၁၆ ခုနှစ် တစ်နှစ်ပတ်လုံး မှာ အကောင်အထည် စဖော်ဖြစ်ခဲ့တဲ့ အကြောင်းအရာ တွေကို အပြီးသတ် လုပ်ဆောင်နိုင် ကြဖို့ သယ်ဆောင် သွားရမှာ ဖြစ်ပါ တယ်။ အနီးစပ်ဆုံး ကိစ္စရပ်တစ်ခု ကတော့ဆင်ဆာ အရေးကိစ္စပါ။ ဆင်ဆာအရေး ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းနဲ့ အမှုဆောင် အဖွဲ့ဝင်တို့ဟာ ရုပ်ရှင် လောကသား (အထူးသဖြင့် ထုတ်လုပ်သူနဲ့ ဒါရိုက်တာ) စုစုပေါင်း ဦးရေ ၇ဝ ကျော် နဲ့တွေ့ဆုံပြီး ဆင်ဆာ အရေး ကိစ္စကို ၂ဝ၁၆ ခုနှစ် ဒီဇင် ဘာလ ၉ ရက်နေ့က ဆွေးနွေးပြော ဆိုခဲ့ကြပါတယ်။
အဲဒါနဲ့ အတူ အချက် ၅ ချက်ပါ အဖြေ ထွက်ခဲ့တယ်။ အဲဒီ အချက် ၅ ချက်ကို ဒီဇင် ဘာလ ၁ဝ ရက်နေ့မှာ ပဲ ရုပ်ရှင် ဥက္ကဋ္ဌ ဦးလူမင်း ဦးဆောင် တဲ့ အမှုဆောင် အဖွဲ့တို့ဟာ ပြန်ကြား ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက် တာဖေမြင့် နဲ့အတူ ဆင်ဆာအဖွဲ့ တို့နဲ့တွေ့ဆုံခဲ့ကြပါ တယ်။ ထွက်လာတဲ့ ရလဒ်တွေ အပေါ်ကိုတော့ ရုပ်ရှင် ဥက္ကဋ္ဌ က ..
“တောင်းဆိုတဲ့ အချက် ၅ ချက် ရဲ့ အဖြေကို ပြန်ပြောရမယ် ဆိုရင် ဆင်ဆာ အဖွဲ့ကို မရှိစေချင်လို့ ဖျက်မယ် ဆိုရင် အဲဒီဆင်ဆာ အဖွဲ့ကို ဖွဲ့ထားတဲ့ ဥပဒေကို အရင်ပြင်ရမလို ဖြစ်နေပါတယ်။ မရှိသင့်ဘူး၊ ရှိသင့် တယ်လို့ ဝန်ကြီး ကတော့ မငြင်းပါ ဘူး။ Rating စနစ်နဲ့ သွားမယ် ဆိုရင် လည်း အခုကတည်း ကစပြီး ကြိုတင် လေ့လာထားကြဖို့ လိုပါတယ်။ Rating ဆိုတာ ဆင်ဆာ အဖွဲ့မရှိတော့ ဘူး ဆိုပေ မယ့် ခေါင်းစဉ် ပြောင်းလိုက် တဲ့ သဘောပါ။ ထောက်ညွှန်တဲ့ သူ ဘယ်သူ ဘယ်ဝါ ဆိုတာ ထောက်ညွှန် တယ် ဆိုတာကို လည်း ကြေ ညာခွင့် မရှိဘူးလို့ ဆင်ဆာ အဖွဲ့ဝင် ဝန်ကြီး တစ်ယောက်က ရှင်းပြပါတယ်။ ထောက်ညွှန်ချက်တွေ ကို ပြန်လည် Complain လုပ်ခွင့် ဆိုတဲ့ နေရာ မှာလည်း လက်ရှိတည်ဆဲ ဥပဒေမှာ ကိုက ပါထားပြီးသား ဖြစ်တဲ့အတွက် Complain တက်ခွင့်၊ ရှင်းပြခွင့် ပြန် ရမယ်လို့ ပြောပါတယ်”လို့ ဆိုပါ တယ်။
ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်း ကတော့ အခုလက်ရှိ ဖြတ်တောက်ဖို့ စာရင်း ကျပြီးသား ဇာတ်ကားတွေ ကိုလည်း အတတ်နိုင်ဆုံး တတ်နိုင် သမျှ ဖြေလျှော့မှုတွေ၊ လွတ်လပ်မှုတွေ ပေးဖို့ တိုက်တွန်း ပြောဆိုခဲ့တာတွေ လည်း ရှိခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ် နှစ်လယ်မှာ အစပြု ခဲ့တဲ့ ရုပ်ရှင်ရုံ တစ်ရာ စီမံကိန်း ကိုလည်း ၂ဝ၁၇ ခုနှစ်မှာ ရုပ်လုံးပေါ်လာဖို့ အစီအစဉ် တွေ ရှိနေပါတယ်။ လက်ရှိမှာတော့ ရုပ်ရှင်ရုံ တစ်ရာ စီမံကိန်းကို ကနဦး ရုပ်လုံးဖော်ခဲ့တဲ့ မှော်ဘီမြို့နယ်က ရုပ်ရှင်ရုံနဲ့ ရှမ်းပြည်နယ် အောင်ပန်း က ရုပ်ရှင် ရုံတွေဟာ ပြီးစီးသွားခဲ့တဲ့ အပြင် စုစုပေါင်း ၁ဝ ရုံအထိ ပြီးစီးနေပြီ ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး နဲ့ ပြည်နယ်တို့က အစိုးရ တို့ထံ ရုံဖွင့်ခွင့် တင်ပြထား တဲ့အထိ အခြေအနေ ရောက်ရှိနေပြီ ဖြစ်ကြောင်းကိုလည်း သိထားရပါ တယ်။
“ကျွန်တော် သိသလောက်တော့ မှော်ဘီက ရုပ်ရှင်ရုံလည်း ပြီးသွားပါ ပြီ။ အခုက အစိုးရသစ်ရဲ့မူ ဖြစ်သွား ပြီဆိုတော့ ရန်ကုန်တိုင်း အစိုး ရ အဖွဲ့ဆီမှာ ခွင့်ပြုချက် တောင်းရ တယ်လေ။ ရန်ကုန်တိုင်း အစိုးရရဲ့ ခွင့်ပြုချက်ကျမှ ရုံဖွင့်လို့ရမှာပေါ့။ အခုဆိုရင် ရှမ်းပြည် နယ် အောင်ပန်း ရုပ်ရှင်ရုံကလည်း ရှမ်း အစိုးရဆီ တင် ထားတယ်။ မုံရွာ ရုပ်ရှင်ရုံကတော့ စစ်ကိုင်းတိုင်း အစိုးရဆီ တင်ပြထား ပါတယ်။ မော်လမြိုင် ရုပ်ရှင်ရုံ၊ ဘီးလင်း၊ သထုံ၊ စတဲ့ ဆီက ရုပ်ရှင် ရုံတွေကတော့ ပြီးသွားပြီ။ ပြီးသွား ပေမယ့် ဖွင့်ခွင့်ရဖို့ ခွင့်ပြုချက် ကို စောင့်နေတာပေါ့။ ခွင့်ပြုချက်ရပြီ ဆိုရင်တော့ ပြီးတဲ့ ရုံတွေအားလုံး ဖွင့်လို့ရပါပြီ။ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ လလောက် ဆိုရင် တော့ ဖွင့်လှစ်နိုင်ဖို့ မှန်းထားပါတယ်။ လောလောဆယ် ရုပ်ရှင်ရုံ ၁ဝ ရုံ အထိ ပြီးထားပါပြီ” လို့ ရုပ်ရှင်ရုံ တစ်ရာ လုပ်ငန်း စီမံကိန်း ရဲ့ ဒါရိုက် တာ တစ်ဦးဖြစ်သူ ဦးသူရ (ခ)ဇာဂ နာ က ပြောပြပါတယ်။
၂ဝ၁၆ ခုနှစ် သြဂုတ်လ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တို့မှာ ပြုလုပ်ခဲ့တဲ့ ရုပ်ရှင် ဖိုရမ်ကတော့ ရုပ်ရှင်လောက အတွက် လွန်စွာ အကျိုးရှိခဲ့ပြီး အားနည်းချက် တွေ ဖြစ်နေတဲ့ ရုံတင်စနစ် ကိစ္စ၊ Pre Production ၊ Production ၊ Post Production ၊ Exhibition (ရုံတင် ပြသခြင်း) ကိစ္စရပ်တွေ၊ ပြင်ဆင်ရ မယ့် ကိစ္စတွေ ထင်သာမြင်သာနဲ့ ထွက်ပေါ်ခဲ့ပါတယ်။ တစ်ဆက်တည်း မှာပဲ အနုပညာ အလုပ်တွေ လုပ်ကိုင် တဲ့အခါ ချုပ်ဆိုတဲ့ စာချုပ် စာတန်း ကိစ္စတွေ အားနည်းချက်ကြောင့် လုပ်ငန်းခွင် အတွင်း ဆုံးရှုံးနေတဲ့ အရာနဲ့ လုပ်ငန်းအချိန် အတွင်း စည်းကမ်း ပျက်လာတဲ့ အကြောင်း အရာတွေကို ဆွေးနွေးနိုင်ခဲ့ကြတာမို့ ပြင်ဆင်ရမယ့် အကြောင်းအရာတွေ ထင်ရှားခဲ့ပါတယ်။ စာချုပ်ကိစ္စနဲ့ တစ်ဆက်တည်းမှာ အနုပညာရှင်တွေ ရရှိတဲ့ အနုပညာကြေး တွေကို အတိအကျ ရေးသားရမှာမို့ ဝင်ငွေ ခွန် ကိစ္စတွေပါ ပါဝင်လာပါတယ်။ ၂ဝ၁၇ ခုနှစ်အတွင်းမှာတော့ အခု အချက်အလက် တွေထဲက စာချုပ် စာတန်း ကိစ္စရပ်ကို အကောင် အထည်ဖော်ဖို့ အစီအစဉ်တွေ ရှိလာ နိုင်ပါတယ်။
ရုံတင်စနစ်ကတော့ Aရုံ၊ Bရုံ ရုံပြိုင်စနစ် ကနေပြီး A ချန်နယ်၊ B ချန်နယ်အသွင် ကူးပြောင်းလာကာ A ချန်နယ် ကတော့ ဆင်ဆာအမှတ် အတိုင်း တန်းစီပြီး ပြသရတဲ့ ပုံစံ ဖြစ်ပြီး B ချန်နယ်ကတော့ တန်းစီ မစောင့်နိုင်တဲ့ မည်သည့် ရုပ်ရှင် ဇာတ်ကားမဆို မိမိတို့ သဘော အတိုင်း ရုံပိုင်ရှင်နဲ့ ဇာတ်ကား ပိုင်ရှင်တို့ ညှိနှိုင်းပြီး ပြသနိုင်ပါတယ်။ ၂ဝ၁၆ ခုနှစ် ဧပြီလ ၃ ရက်နေ့ က ပြုလုပ်ခဲ့ တဲ့ ၂ နှစ်စာ အကယ် ဒမီ ထူးချွန်ဆု ပေးပွဲ အပြီးမှာတော့ ၂ဝ၁၄ ခုနှစ် အတွက် အကယ်ဒမီဆု ကို ချီးမြှင့် ရာမှာတော့ ဒါရိုက်တာဆု ကျန်ရစ် ခဲ့ပြီး ၂ဝ၁၅ ခုနှစ် အကယ်ဒမီ အတွက် မှာတော့ ဇာတ်ကားဆု၊ အသံဆု၊ ဇာတ်ညွှန်း ဆုတွေ ပေးအပ် နိုင်ခဲ့ခြင်း မရှိခဲ့တာကြောင့် ဝေဖန်မှု တွေ အရှိန်မြင့် တက် ခဲ့ရပါတယ်။ အဲဒါကြောင့် ၂ဝ၁၇ ခုနှစ် မတ်လ ၁၈ ရက်နေ့ (သို့မဟုတ်) ၁၉ ရက်နေ့ မှာ ပြုလုပ်မယ့် ၂ဝ၁၆ ခုနှစ် အတွက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးမှာ တော့ ဝေဖန်မှု အသံတွေကို သင်ပုန်း ချေနိုင်မလား ဆိုတာကို စောင့်ကြည့် ရင်း ရုပ်ရှင် လောက သားတွေ အား လုံး ၂ဝ၁၇ ခုနှစ် နှစ်သစ်ကို ရင်ခုန် စွာနဲ့ ဖြတ်သန်းရင်း ရုပ်ရှင် လောက အပြောင်းအလဲ ဘာတွေဆက်ဖြစ် မလဲ ဆိုတာကို စောင့်ကြည့်နေရဦးမှာ ဖြစ်ပါတယ်။
ထက်လူ