၂ဝ၁၂ ခုနှစ်က စတင်ပြီး ကမ္ဘာ့အဆင့်မီ အလှ မောင်မယ်ပြိုင်ပွဲ များကို မြန်မာနိုင်ငံမှ နှစ်စဉ်ဝင် ရောက် ယှဉ်ပြိုင်လာခဲ့ရာ အခု ၂ဝ၁၆ ခုနှစ် ဆိုရင် တော့ ၄နှစ်တိုင် ရှိခဲ့ပြီဖြစ်ပါတယ်။ အခု၂ဝ၁၆ ခုနှစ် မှာတော့ အလှမယ် ပြိုင်ပွဲများစွာ ကိုလည်း ယခင် ထက် ပိုမို ယှဉ်ပြိုင် လာသလို Organization ရဲ့ ပံ့ပိုးပေးမှုတွေ ကလည်း ပိုပြီး အားကောင်းလာ တာတွေ့ရပါတယ်။ ပြိုင်ပွဲဝင် အလှမယ်လေးတွေ က လည်း ရှေ့က သွားရောက် ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံ့ ကိုယ်စားပြု အလှမယ်တွေ ပြန်လည်ဝေမျှတဲ့ သူတို့ရဲ့ အတွေ့အကြုံတွေ၊ အားနည်း ချက်တွေ ကို မှတ်သားပြင် ဆင်ပြီး နိုင်ငံ အတွက် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်လာ ကြပါတယ်။
၂ဝ၁၆ခုနှစ် နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ များမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမောင်မယ် များစွာ ကြိုးစား ယှဉ်ပြိုင်ကြတဲ့ထဲမှာ Title ဆုများ ရရှိခဲ့သလိုပဲ သရဖူ ဆုများလည်း နိုင်ငံ အတွက် ယူဆောင်ပေးနိုင်ခဲ့ကြ ပါတယ်။
Miss Asia Noble Queen 2016 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် လင်းကလျာဦးက winner ဆုကိုလည်း ကောင်း၊ Miss Teen Face of Beauty International 2016 winner ဆုကို အလှမယ် ခြူးသိမ့်မြတ်နိုး ကလည်းကောင်း၊ Miss Teen Face of Beauty International 2016 winner ဆုကို အလှမယ် ပြည့်က လည်းကောင်း၊ Mister Tourism World 2016 winner ဆုကို ဥက္ကာ မင်းမောင် က လည်း ကောင်း အသီးသီး ရရှိခဲ့ကြပြီး နိုင်ငံ့ဂုဏ်ဆောင် နိုင်ခဲ့ကြပါတယ်။
နိုင်ငံ ဂုဏ်ဆောင်နိုင်ခဲ့တဲ့ အတွက် အတိုင်း မသိ ဝမ်းသာပီတိ ဖြစ်ရတယ်လို့ ဆိုတဲ့ အလှမယ် ခြူးသိမ့် မြတ်နိုးက “ခြူး ဒီဆုကို မထင် မှတ်ဘဲရခဲ့လို့ အတိုင်းမသိ ပျော်ရပါတယ်။ အစက Top ၁၆နဲ့ ပြီးပြီ လို့ပဲထင်ခဲ့တာ။ ဒီဆုပေးမယ်မှန်း လည်း ခြူးမသိခဲ့ဘူး။ စင်ပေါ် မှာ မြန်မာ ဆိုတာ ကြေညာ လိုက်တော့ လူက ကျောက်ရုပ်ကြီး ဖြစ်သွားတယ်။ ဘေးကလူတွေ က go go လို့ပြောမှ ထွက်လာ တာ။ ခြူး ကို congratulations လုပ်ပေးတဲ့ post တွေ တစ်ခါမြင်တိုင်း တစ်ခါ မျက်ရည်ကျမိတယ်။ အားလုံး ကိုလည်း ကျေးဇူးအများကြီး တင်ပါ တယ်” လို့ ပြောပါတယ်။ Mister Tourism World 2016 winner ဆုရရှိခဲ့တဲ့ ဥက္ကာမင်းမောင် ကလည်း
“ကျွန်တော် ဒီဆုကို မမျှော်လင့်ထားပါဘူး။ ကျန်တဲ့ ပြိုင်ပွဲဝင်တွေ အားလုံးကလည်း winner ဆုနဲ့ ထိုက်တန် ပါတယ်။ ကျွန်တော်က ကံကောင်း လို့ ဆုရ သွားတယ်လို့ ခံယူထား ပါတယ်။ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ် တွေကို ပျော်ရွှင်မှုတွေ လုပ်ပေးရလို့ ဝမ်းသာ ပါတယ်။ နောက်ထပ် မျိုးဆက်သစ်တွေကို အတွေ့အကြုံပြန်လည် ဝေမျှပေးနိုင်တဲ့ အခြေအနေ တစ်ခု ဖြစ်လာတဲ့ အတွက် လည်း ဂုဏ်ယူမိပါတယ်” လို့ပြောပါတယ်။
၂ဝ၁၆ ခုနှစ်မှာ အခုလိုနိုင်ငံ ဂုဏ်ဆောင်နိုင်တဲ့ အလှမောင်မယ်များ အောင်မြင်စွာ ပေါ်ထွက်လာခဲ့ သလို နောင်နှစ် များမှာလည်း အခု လို နိုင်ငံ ကိုယ်စားပြုပြီး အောင်မြင်မှု များစွာ ရရှိနိုင်ဖို့လည်းမျှော်လင့် စောင့်စား နေမိပါတော့တယ်။
P060