Saturday, June 21, 2025

အမျိုးသား(၅)ဦးနှင့် တရားမဝင်ဓာတုပစ္စည်း (Glacial Acetic...

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အထောက် အထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၂၅၅၀၀ လီတာစီကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက်ည...

သီတဂူစက္ခုဒါန ဆေးရုံတွင် မျက်စိကုသရန် စာရင်းပေးသွင်းသူ...

သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၃ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူအတွက် ယနေ့ ဇွန် ၂၀ ရက်(တစ်ရက်တည်း)ဖြင့် စာရင်းပေးသွင်းသူ(၁,၂၀၀)ဦးကျော်ရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘေလီတံတားအဆင်း ပါရမီလမ်း၊...

နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးတို့တွေ့ဆုံ

ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန်(န)ဝါ ဟူစိန်တို့ ယနေ့ ဇွန် ၂၀...

တောင်ဥက္ကလာဂေါက်ကွင်းရှေ့တွင် ကားနှစ်စီးတို-က် တစ်ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာဂေါက်ကွင်းရှေ့တွင် ယနေ့ ဇွန် ၂၀ ရက်ညနေ ၅ နာရီခွဲခန့်က ကားနှစ်စီးတို-က်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းမကြီးပေါ်ရှိ...
HomeNewsLocal News၁၆ ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး၌...

၁၆ ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး၌ ကမ္ဘောဒီးယားနိုင်ငံနှင့်စင်ကာပူနိုင်ငံတို့မှအဆိုပြုတင်သွင်းသည့် စာတမ်းများအားသဘောတူအတည်ပြုခဲ့

၁၆ ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး၌ ကမ္ဘောဒီးယားနိုင်ငံနှင့်စင်ကာပူနိုင်ငံတို့မှအဆိုပြုတင်သွင်းသည့် စာတမ်းများအားသဘောတူအတည်ပြုခဲ့

နစက အဖွဲ့ဝင်ကာကွယ်ရေးဝန်ကြီးဌာန၊ပြည် ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်ခဲ့သည့် ၁၆ ကြိမ်မြောက်အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံနှင့်စင်ကာပူနိုင်ငံတို့မှ အဆိုပြုတင်သွင်းသည့် စာတမ်းများအား အာဆီယံကာကွယ်ရေးဝန်ကြီးများက သဘောတူအတည်ပြုခဲ့ကြသည်။

အဆိုပါ ၁၆ ကြိမ်မြောက်အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးအား ကမ္ဘောဒီးယားနိုင်ငံမှဦးစီးကျင်းပခဲ့ခြင်းဖြစ်ကာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများ၊ကာ ကွယ်ရေးဆိုင်ရာအဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံဒု-အတွင်းရေးမှူးချုပ် တို့တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံမှအဆိုပြုတင်သွင်းသည့် နယ်စပ်ဖြတ်ကျော်ကမ္ဘာ့ကပ်ရော ဂါထိန်းချုပ်ရေးတွင် အာဆီယံကာကွယ်ရေးတပ် ဖွဲ့များပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်မှုဆိုင်ရာ သဘောထားအမြင်စာတမ်း၊အာဆီယံငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာအမျိုးသမီးတပ်ဖွဲ့ဝင်များအတွက် ကူညီထောက်ပံ့ရေးလုပ်ငန်းစဉ် မြှင့်တင်ခြင်းဆိုင်ရာ သဘောထားအမြင်စာတမ်းနှင့်အာဆီယံကာကွယ်ရေးဆိုင်ရာပညာရေးကျောင်း များ၏ ပူးပေါင်းဆောင်ရွက်မှုထူထောင်ခြင်းဆိုင်ရာသဘောထားအမြင်စာတမ်းတို့အား သဘောတူအတည်ပြုခဲ့ကြသည်။

အလားတူ စင်ကာပူနိုင်ငံမှအဆိုပြုတင်သွင်းသည့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးအောက်ရှိ ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက် ဗဟိုဌာနဆိုင်ရာရည်ညွှန်းကိုးကားစာစောင်များကိုလည်း သဘောတူအတည်ပြုခဲ့ကြသည်။

ကမ္ဘောဒီးယားနိုင်ငံမှအဆိုပြုတင်သွင်းသည့် အရှေ့တောင်အာရှပင်လယ်ရေကြောင်း တရားဥပဒေစိုးမိုရေးနှင့်အာဆီယံအပေါင်း ကာ ကွယ်ရေးဝန်ကြီးများ၏ ပင်လယ်ရေကြောင်း လုံ ခြုံရေးနယ်ပယ်တို့ကြား သတင်းအချက်အလက်မျှဝေမှုမြှင့်တင်ရေးဆိုင်ရာဆွေးနွေးမှုစာတမ်းနှင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးတိုးမြှင့်ရန် စစ်သမိုင်းပုံဖော်ဆောင်ရွက်မှုပြုခြင်းဆွေးနွေးမှုစာတမ်းကိုလည်း အသိအမှတ်ပြုခဲ့ကြသည်။

ကမ္ဘောဒီးယားနိုင်ငံမှအဆိုပြုတင်သွင်းသည့် ကိုဗစ်(၁၉)ရောဂါမှ ပြန်လည်ထူထောင်ရေးကို အထောက်အကူပြုသည့် ကာကွယ်ရေးကဏ္ဍ ၏ အခန်းကဏ္ဍဆိုင်ရာ ဖနွမ်းပင်အမြင်အား အတည်ပြုခဲ့ကြသည်။

ဟန်ချက်ညီလုံခြုံရေးအတွက် ပေါင်းစည်းညီညွတ်မှုခိုင်မာစေမည့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အာဆီယံကာကွယ်ရေးဝန်ကြီးများ၏ ပူးတွဲထုတ်ပြန် ကြေညာချက်အား အတည်ပြုထုတ်ပြန်ခဲ့ကြကြောင်း သိရသည်။

ဆက်စပ်အစည်းအဝေးများအဖြစ် တရုတ်နိုင်ငံ၊ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဝေဖုန်းဟေ၊ဂျပန်နိုင်ငံကာကွယ်ရေးဝန်ကြီးကီရှိနိုဘူ၊အာဆီယံအဖွဲ့ဝင်နိုင်ငံများမှကာကွယ်ရေးဝန်ကြီးများနှင့်အာဆီယံအတွင်းရေးမှူးချုပ်တို့တက်ရောက်ခဲ့ကြသည့် အာဆီယံ-ဂျပန် ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေး၊အာဆီယံ-တရုတ် ကာကွယ်ရေးဝန်ကြီးများအလွတ်သဘော ရုပ်သံအစည်းအဝေးတို့အား ကျင်းပခဲ့ကြသည်။

၁၆ ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး၌ ဗိုလ်ချုပ်ကြီးမြထွန်းဦးမှ မြန်မာနိုင်ငံနှင့်တပ်မတော်၏ သဘောထားရပ် တည်မှုနှင့်အကောင်အထည်ဖော်နေမှုများ၊အာဆီယံဒေသတွင်းကာကွယ်ရေးဆိုင်ရာလုပ်ငန်းဖော်ဆောင်မှုများ၊ရှေ့ဆက်လုပ်ဆောင်မည့်ကိစ္စများတွင် မြန်မာနိုင်ငံ၏ဆောင်ရွက်နေမှုနှင့်ရပ်တည်မှုများအား ဆွေးနွေးခဲ့သည်။

ဒေသတွင်းကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာအမြင်များ ပူးပေါင်းဖလှယ်ခွင့်နှင့်ဆွေး နွေးခွင့်များအားရရှိစေကာ အခြားအာဆီယံနိုင်ငံများနှင့်ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့်ဖော်ဆောင်နိုင်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမျိုးသား(၅)ဦးနှင့် တရားမဝင်ဓာတုပစ္စည်း (Glacial Acetic Acid) ၂၅၅၀၀ လီတာကိုဖမ်းမိ

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အထောက် အထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၂၅၅၀၀ လီတာစီကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက်ည ၆ နာရီခွဲခန့်က ပျော်ဘွယ်မြို့နယ်၊ သပြေရိုးကျေးရွာ၌ စိုးသက်ပိုင်အား အထောက်ထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၃၀ လီတာစီပါ ပလတ်စတစ်ပုံး(၈၅ဝ)ပုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ယင်း ဓာတုပစ္စည်းများကို သိမ်းဆည်းရန် အခကြေးငွေပေး၍စေခိုင်းသူ ဇော်လင်းဦးအား ဇွန် ၁၀ ရက်၊ ဓာတုပစ္စည်းများအား ရန်ကုန်မြို့မှပျော်ဘွယ်မြို့သို့ တာဝန်ခံသယ်ဆောင်သူကျော်မြင့်ဦး(ခ)ဖိုးကျော်(ခ)ဖြိုးကျော်အား ဇွန်...

သီတဂူစက္ခုဒါန ဆေးရုံတွင် မျက်စိကုသရန် စာရင်းပေးသွင်းသူ (၁,၂၀၀)ဦးကျော်ရှိခဲ့

သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၃ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူအတွက် ယနေ့ ဇွန် ၂၀ ရက်(တစ်ရက်တည်း)ဖြင့် စာရင်းပေးသွင်းသူ(၁,၂၀၀)ဦးကျော်ရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘေလီတံတားအဆင်း ပါရမီလမ်း၊ ပင်လုံလမ်းနှင့် ဦးဝိစာရလမ်းဆုံမီးပွိုင့်နှင့် နာရီစင်မှတ်တိုင်အနီးရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ပြုလုပ်မည့် သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၃ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူ၌ လာရောက်ကုသမှုခံယူလိုသူ များအား ဇွန် ၂၀ ရက်နံနက် ၇ နာရီမှစတင်၍ စာရင်းပေးသွင်းရန် ကြေညာထားခဲ့သည်။ ထိုသို့ ကြေညာထားသော်လည်း နံနက် ၄ နာရီမှစတင်ကာ တန်းစီစောင့်ဆိုင်းနေကြသူများရှိခဲ့ပြီး ကုသမှုခံယူလိုသူများပြားသဖြင့် တစ်ရက်တည်း၌ပင် လူဦးရေ(၁,၂၀၀)ကျော်သွားခဲ့၍ စာရင်းပိတ်ခဲ့ကြောင်း...

နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးတို့တွေ့ဆုံ

ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန်(န)ဝါ ဟူစိန်တို့ ယနေ့ ဇွန် ၂၀ ရက်နံနက် ၁၀ နာရီခွဲက နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးဦးကိုကိုကျော်သည်လည်း ယနေ့ ဇွန် ၂၀ ရက်မွန်းလွဲ ၂ နာရီက မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနနှင့် ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန် ကြီးဌာန၊ အာရှနှင့် ပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေးဌာနတို့ကြား တွေ့ဆုံဆွေးနွေးပွဲတက်ရောက်ရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071