Monday, August 17, 2026

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်...

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ဝှေ့အားကစားသမားများသည် ရန်ကုန်မြို့ သုဝဏ္ဏရှိ Myanmar...

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်ပေါ်နေပြီး အဝါရောင်အဆင့် သတ်မှတ်ထား၊

ရခိုင်နှင့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတို့၌ လှိုင်းကြီးပြီး မိုးသက်လေပြင်းကျမည် နေပြည်တော်၊ သြဂုတ်-၁၇ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည်...

KBZ နှင့် ရွှေမင်းသားဖောင်ဒေးရှင်း ပူးပေါင်း၍...

ကမ္ဘောဇဘဏ် (KBZ) နှင့် ရွှေမင်းသားဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ မသန်စွမ်းကျောင်းသား/ကျောင်းသူ ၄၇ ဦးအတွက် ၅ နှစ်တာ ပညာသင်ဆုစီမံကိန်းကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်းက...

AFC Women’s Champions League...

AFC Women’s Champions League 2026/27 ပြိုင်ပွဲ၏ ခြေစစ်ပွဲအဆင့် (Preliminary Stage) ပွဲစဉ်များကို ယနေ့ ဩဂုတ် ၁၇...
HomeNewsLocal News၁၂နှစ်အတွင်းတပ်မတော်မိသားစုများသစ်ပင်ပေါင်း ၂၁သန်းကျော် စိုက်ပျိုးရာ၆၆ရာခိုင်နှုန်းရှင်သန်

၁၂နှစ်အတွင်းတပ်မတော်မိသားစုများသစ်ပင်ပေါင်း ၂၁သန်းကျော် စိုက်ပျိုးရာ
၆၆ရာခိုင်နှုန်းရှင်သန်

ယနေ့ ဇွန် (၇) ရက်တွင် ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၄ ခုနှစ်ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင် စိုက်ပျိုးပေးခဲ့‌ကြောင်း သိရသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ သစ်ပင်စိုက်ပျိုးပွဲတော် (၃၈) ကြိမ် ပြုလုပ်ခဲ့ပြီး ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေး အတွက်သစ်ပင်များကို စိုက်ပျိုးခဲ့ကြကြောင်း၊ တပ်မတော်အနေဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုဝင်များ အပါအဝင်၊ တိုင်းစစ်ဌာနချုပ်အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များ၌ ၂၀၂၃ ခုနှစ်အထိ သစ်ပင်ပေါင်း (၂၁ ဒသမ ၇၅ သန်း) ၂၁,၇၅၃,၄၇၇ ပင် စိုက်ပျိုးနိုင်ခဲ့ပြီး ရှင်သန်ဖြစ်ထွန်းမှုအနေဖြင့် (၁၄ ဒသမ ၃၁ သန်း) ၁၄,၃၁၇,၇၈၄ ပင် ရှင်သန်ဖြစ်ထွန်းခဲ့သည်ကိုတွေ့ရကြောင်း သိရသည်။

ယနေ့သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်း ၉၀၉ ပင်၊ ပိတောက် ၃၀၃ ပင်၊ မဟော်ဂနီ ၆၀၆ ပင်၊ မန်ဂျန်ရှား ၆၀၆ ပင် စုစုပေါင်း ၂၄၂၄ ပင်အား စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ရှိ ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။

အလားတူ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌လည်း မိုးရာသီသစ်ပင်စိုက်ပွဲများ ကျင်းပကာစုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲအတွက် လက်ဝှေ့အား ကစားသမားများ စခန်းသွင်းလေ့ကျင့်

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ဝှေ့အားကစားသမားများသည် ရန်ကုန်မြို့ သုဝဏ္ဏရှိ Myanmar Boxing Federation လက်ဝှေ့အဖွဲ့ချုပ်၌ စခန်းသွင်းလေ့ကျင့်လျက်ရှိကြောင်း သိရသည်။ ပြိုင်ပွဲအတွက် အားကစားသမားများ၏ ကိုယ်ကာယကြံ့ခိုင်မှု၊ ထိုးသတ်မှုနည်း ဗျူဟာများနှင့် လက်ဝှေ့နည်းစနစ်ပိုင်းဆိုင်ရာများကို အဓိကထား၍ အပြင်းအထန် လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ လေ့ကျင့်ရေးစခန်းအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ဝှေ့အားကစားသမားများသည် ပြိုင်ပွဲတွင် အကောင်းဆုံးရလဒ်များ ရရှိနိုင်ရေးအတွက် စုစည်းလေ့ကျင့်နေကြပြီး လေ့ကျင့်မှုအခြေအနေများကို ဓာတ်ပုံမှတ် တမ်းများဖြင့် ဖော်ပြထားသည်။

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်ပေါ်နေပြီး အဝါရောင်အဆင့် သတ်မှတ်ထား၊

ရခိုင်နှင့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတို့၌ လှိုင်းကြီးပြီး မိုးသက်လေပြင်းကျမည် နေပြည်တော်၊ သြဂုတ်-၁၇ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဩဂုတ် ၁၇ ရက်) မွန်းလွဲ ၁၂ နာရီတွင် သတင်းထုတ်ပြန်သည်။ သို့သော် မုန်တိုင်းငယ်၏ လက်ရှိ ရွေ့လျားမှု လမ်းကြောင်းမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်မည့် အခြေအနေ မရှိသည့်အတွက် သတိပေးချက်ကို အဝါရောင်အဆင့်အဖြစ် သတ်မှတ်ထားသည်။ အဆိုပါ...

KBZ နှင့် ရွှေမင်းသားဖောင်ဒေးရှင်း ပူးပေါင်း၍ မသန်စွမ်းကျောင်းသား/သူ ၄၇ ဦးကို ၅ နှစ်တာ ပညာသင်ဆုပေးမည်

ကမ္ဘောဇဘဏ် (KBZ) နှင့် ရွှေမင်းသားဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ မသန်စွမ်းကျောင်းသား/ကျောင်းသူ ၄၇ ဦးအတွက် ၅ နှစ်တာ ပညာသင်ဆုစီမံကိန်းကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်းက ထုတ်ပြန်ထားသည်။ အဆိုပါ စီမံကိန်းအတွက် ငါးနှစ်တာ သဘောတူစာချွန်လွှာ (MoU) ကို ဩဂုတ် ၁၃ ရက်တွင် နှစ်ဖက်တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ စီမံကိန်း၏ ရည်ရွယ်ချက်မှာ ကိုယ်အင်္ဂါ၊ အမြင်၊ အကြားနှင့် ဉာဏ်ရည်မသန်စွမ်းမှု အပါအဝင် မသန်စွမ်းမှုအမျိုးအစား အမျိုးမျိုးရှိသော ကျောင်းသား/ကျောင်းသူများ၏ ပညာရေးအခွင့်အလမ်းများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ဖြစ်ကြောင်း ဖောင်ဒေးရှင်းက ဆိုသည်။ ရွေးချယ်ခံရသူများတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071