ဝက်ဂနာ ကြေးစားတပ်ဖွဲ့သည် ရုရှားစစ်တပ်သို့ လက်နက်များ၊ ခဲယမ်းမီးကျောက်များနှင့် စစ်သုံးပစ္စည်းများ တန်ချိန်ထောင်ပေါင်းများစွာ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
ထိုသို့ ပြန်လည်အပ်နှံသည့်ပစ္စည်းများတွင် တင့်ကားများ၊ Pantsir နှင့် အခြားသော ဒုံးကျည်စနစ်များ နှင့် လက်နက်ငယ် ၂၀၀၀၀ ခန့် ပါဝင်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
“အစီအစဉ်အရ ရုရှားဖက်ဒရေးရှင်းတပ်မတော်သည် ဝက်ဂနာတပ်ဖွဲ့ထံမှ လက်နက်များနှင့် စစ်လက်နက်ပစ္စည်းများ လက်ခံခြင်းအား အပြီးသတ်ဆောင်ရွက်နေပါသည်” ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။