Monday, May 12, 2025

ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေး ပူတင်အဆိုပြု

မေလ ၁၅ ရက် နေ့၌ တုကီ‌ယေးနိုင်ငံတွင် ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မေလ ၁၁ ရက်နေ့တွင်...

ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင် ပြန်လည်ဖွင့်လှစ်နိုင်ပြီဟုဆို

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပျ-က်စီးမှုများရှိခဲ့သည့် မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အထွေထွေရောဂါကု (၉) ထပ်ဆောင်ကို ပြန်လည်ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း...

စားအုန်းဆီရည်ညွှန်းဈေးကျလာပြီး (၆,၆၂၀)ကျပ်သာသတ်မှတ်

ယခုရက်သတ္တပတ် မတ်လ(၁၂)ရက်မှ (၁၈)ရက်အထိ စားအုန်းဆီရည်ညွှန်းဈေးကျလာပြီး စားအုန်းဆီတစ်ပိဿာလျှင် (၆,၆၂၀)ကျပ်ဖြင့်ရောင်းချရန် သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ လက်ရှိတွင် မလေးရှားနှင့် အင်ဒိုနီးရှားမှ မြန်မာနိုင်ငံကို...

လားရှိုးမြို့မဈေးကြီးအပါအဝင် ရပ်ကွက် အချို့တွင် ကျန်းမာရေးပညာပေးခြင်းများ...

ရှမ်း/မြောက် လားရှိုးမြို့၊ မြို့မဈေးကြီးအပါအဝင် မြို့ပေါ်အမှတ်(၁)နှင့် (၃)ရပ်ကွက်တို့တွင် ကျန်းမာရေးပညာပေးခြင်းများ စတင်ဆောင်ရွက်ရှိကြောင်း သိရသည်။ အဆိုပါ ကျန်းမာရေးအသိပေးခြင်းအတွက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကာဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းများကိုလည်း တဆက်တည်းဆောင်ရွက်ပေးလျက်ရှိကြောင်း...
HomeCelebrities' Newsသြဂုတ်လထဲမှာ မျှော်နိုင်သမျှ အမ်တီဗီ...

သြဂုတ်လထဲမှာ မျှော်နိုင်သမျှ အမ်တီဗီ ထွက်ဖို့သေချာနေပြီဖြစ်တဲ့ ဖြိုးပြည့်စုံ

 Phyo-Pyae-Sone

‘မျှော်နိုင်သမျှ’ တစ်ကိုယ်တော်စီးရီးခွေအမ်တီဗီထွက်ရှိဖို့ ရာခိုင်နှုန်းတော် တော်များများ ပြီးစီးနေပြီဖြစ်တဲ့ အဆိုတော် ဖြိုးပြည့်စုံကို အခွေထဲကရိုက်ကူး ရေးပုံစံတွေ၊ အခွေအပေါ်မျှော်လင့်ချက်တွေနဲ့ပတ်သက်ပြီးမေးမြန်းဖြစ်ခဲ့ပါ တယ်။”Audio တုန်းက ပရိသတ်တွေက နာမည်လေး တွေပေးလို့ ဖြိုးပြည့်စုံဆိုပြီး အလုပ်လေးတွေ လုပ်ခွင့်ရတယ်။ VeVe တို့၊ Media 7 တို့နဲ့ အတူတူ အလုပ် လုပ်ဖြစ်တာတွေ၊ ကိုဘိုစန်းတို့နဲ့ အတူတူပွဲတွေဆိုခွင့်ရတာတွေဆိုတာ ဒီအခွေ လေးကိုပရိသတ်အားပေးခြင်းရဲ့ နောက်ဆက်တွဲပေါ့နော်။ ပထမဆုံး တစ်ကိုယ် တော်အခွေဖြစ်တဲ့အတွက် ကျွန်တော်က တန်ဖိုးထားတယ်။ အပုဒ်တိုင်း နီးပါးလောက်ကို ရိုက်ထားတယ်။ တစ်ပုဒ်ချင်းစီပေါ်မှာ အားရ ကျေနပ်စွာ ရိုက်ထားတယ်။

အဲဒီအထဲမှာမှ ပရိသတ်အားပေးမှု ရထားတဲ့ “မျှော်နိုင်သမျှ’တို့၊ ‘အချစ်ဦး’တို့၊ ‘လရိပ်’တို့ဆိုရင် လုံးဝမလျှော့ထားဘူး။ ကျွန်တော့်ဘဝအတွက် အမှတ်တရအဖြစ်ဆုံး ‘မေမေ့ကိုလွမ်းလို့’ဆိုလို့ရှိရင် အမေလည်းမရှိတော့ဘူး။ ရေးပေးထားတဲ့ဆရာကေအေတီလည်း မရှိတော့ဘူး။ အဲဒီတော့ ကျွန်တော့် အပေါ်အမေလိုပဲ အမြဲစောင့်ရှောက်ပေးတဲ့ အမေချို (ချိုပြုံး)ရယ်၊ ကိုထွန်းထွန်းနဲ့ ရိုက်ထားတယ်။ ‘အလိုမတူတဲ့ မနက်ဖြန်’ဆိုလို့ရှိရင် ကျွန်တော့်ဘဝမှာ ပထမဦးဆုံးကိုယ်တိုင်ရေးသီချင်းလေး။ အဲဒီ သီချင်းလေး ကို ဒါရိုက်တာ ကြည်ဖြူသျှင်၊ အောင်ရဲလင်း၊ ဝိုင်းလေးတို့က အားဖြည့်ကူညီပြီး သရုပ် ဆောင်ပေးထားတယ်ပေါ့”လို့ ဖြိုးပြည့်စုံက ပြောပါတယ်။

ဒီကြားထဲမှာ ပြည်ပခရီးထွက်ဖို့လည်း ရှိနေသေးတော့ ‘ မျှော်နိုင်သမျှ’ကို အရင် ထွက် သွားမလား၊ ဒါမှမဟုတ် ခရီးကပြန်လာမှ ထွက် မလားဆိုတာကိုလည်း ချိန်ဆနေရသေး ကြောင်း သူကဆက်လက်ပြော ပါတယ်။ “ရိုက်ကူးရေးကတော့ ပြီးနေပါပြီ။ ဒါပေမဲ့ ရိုက်ကူးရေးရဲ့ နောက်မှာ Post Production ကရှိနေတော့ ဆင်ဆာတင်ရ မယ်။ အရုပ်တွေချရမယ်။ စာတန်းထိုးတာတွေ၊ ကျေးဇူး တင်လွှာတွေလုပ်ရမယ်။ ပြီး တော့ ပရိုမိုးရှင်းအတွက် နေရာ ယူတာတွေ၊ အချိန်ပေးတာတွေ လုပ်ရမယ်။ ဒါတွေက ဒီလလယ် ကနေ နောက်လအထိလုပ်ရ မယ့် ကိစ္စတွေပေါ့။ အဲဒါပြီးသွား လို့ အချိန်မီ တယ်ဆိုရင်တော့ ကျွန်တော်က သြဂုတ်လအပြီး ထွက်သွားမှာပေါ့”လို့ ဖြိုး ပြည့်စုံက ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071