Tuesday, May 13, 2025

၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညိုရရှိ

စွယ်စုံမီဒီယာဂရု(ပ်)၏ သုတစွယ်စုံစာအုပ်တိုက်မှချီးမြှင့်မည့် (၁၅)ကြိမ်မြောက် သုတစွယ်စုံစာပေဆုဖြစ်သည့် ၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညို ရရှိခဲ့သည်။ သုတစွယ်စုံစာပေဆုများအဖြစ် ၂၀၁၈ ခုနှစ်အတွက် ရည်ညွှန်းစာပေဘာသာရပ်တွင် နိုင်ဇော်...

စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ နေပြည်တော်ရှိ မြို့နယ်(၃)ခုမှ ငလျင်ဒဏ်သင့်...

နေပြည်တော်ရှိ ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်တို့မှ မန္တလေးငလျင်ကြီးဒဏ်သင့် အိမ်ထောင်စု(၉၅၀)အတွက် ထောက်ပံ့ငွေကျပ် (၃၄၂၀)သိန်းကို စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ ယနေ့ မေ ၁၂ ရက်နေ့လည်ပိုင်းက...

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကိုရှေးရှုကာ တိုင်းပြည်တည်ဆောက်ရေးတွင်...

လက်နက်ကိုင်အဖွဲ့အစည်း အသီးသီအနေဖြင့် အပစ်အခတ် ရပ်စဲရေးမှသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရှေးရှုကာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...

လားရှိုးတွင် စက်သုံးဆီ တစ်လီတာ (၄,၅၀၀)...

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယမန်‌နေ့မေ (၁၁) ရက်မှ စတင်၍ စက်သုံးဆီ တစ်လီတာလျှင် ကျပ် (၄,၅၀၀) နှုန်းဖြင့် ဆိုင်ကယ်တစ်စီးလျှင် (၂)...
HomeCelebrities' Newsမြန်မာရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးတော့မယ့် ဂျာမနီနိုင်ငံသား...

မြန်မာရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးတော့မယ့် ဂျာမနီနိုင်ငံသား Mikis

ဂျာမနီနိုင်ငံသားတစ်ဦးဖြစ်တဲ့ Mikis က သူ့ရဲ့ပထမဦးဆုံး မြန်မာရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ‘မန္တလာမြေမှ ပန်းသစ္စာ’ ရုပ်ရှင်ဇာတ် ကားမှာ မင်းဦး၊ အိချောပို၊ ပိုင်ဖြိုးသု၊ မေသဉ္ဇာဦး၊ ခင်ဇာခြည်ကျော်တို့နဲ့ အတူ ရိုက်ကူးသွားမှာဖြစ်ပါတယ်။ Mikis က ရုပ်ရှင်ရိုက်ကူးဖို့အတွက် သူစိတ်လှုပ်ရှားနေကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“အခုကျွန်တော် မန္တလာမြေမှ ပန်းသစ္စာ ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးမယ်။ ကျွန်တော်ဒီဇာတ်ကား ပါဝင်သရုပ်ဆောင် ရိုက်ကူးရမယ်ဆိုတော့ ရင်နည်း နည်းတော့ခုန်တယ်။ ကျွန်တော်က နိုင်ငံခြားသားဖြစ် ပြီး မြန်မာဇာတ်လမ်း ပထမဦးဆုံး သရုပ်ဆောင်ရ တယ်။ အဲဒါကြောင့်လည်း ကျွန်တော်ကြိုးစားချင် တယ်။ ဖိအားတော့ နည်းနည်းတော့ရှိတယ်။ ကျွန်တော် အရမ်းအကောင်းဆုံး ကြိုးစားချင်လို့။ ကျွန်တော်စိတ်အေးအေးထားပြီး အားလုံးအဆင်ပြေ အောင် သရုပ်ဆောင်မှာပါ”လို့ ပြောပါတယ်။  မြန်မာလူမျိုးကို နှစ်သက် သဘောကျတယ်ဆိုတဲ့ Mikis က ဂျာမနီမိန်းကလေးတွေနဲ့ မြန်မာမိန်း ကလေးတွေရဲ့ ကွာခြားမှုပုံစံကိုတော့  “ကျွန်တော်က ဂျာမနီနိုင်ငံသား ဖြစ်တယ်။ ဂျာမနီနိုင်ငံနဲ့ မြန်မာနိုင်ငံ ယဉ်ကျေးမှုတွေ အားလုံး ကွာတယ်။ မြန်မာမိန်းကလေးတွေ့ရင် အေးချမ်းတယ်။ သူတို့က ပိုရင့်ကျက်တယ်။ ဂျာမနီကောင်မလေးတွေက ရိုင်းကြတယ်။ မြန်မာကောင်မလေးတွေက ယဉ်ကျေးတယ်။ ဒါကြောင့်ကျွန်တော် တော်တော်သဘောကျတယ်။ မိန်းက လေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲ ဖြစ်ဖြစ်၊ မြန်မာလူမျိုးကိုပိုပြီး သဘောကျတယ်။ မြန်မာလူမျိုးက ဘုရားစိတ်ရှိတယ်။ ကူညီ တတ်တယ်။ အားနာတတ်တယ်၊ ဖော်ရွေတယ်။ အဲဒါကြောင့် မြန်မာလူမျိုးကိုချစ်ပြီး မြန်မာပြည်မှာ လာနေဖြစ်တယ်” လို့ ဆိုပါတယ်။

 ချယ်ရီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071