Thursday, May 7, 2026

ကမ္ဘောဒီးယား-ထိုင်း နယ်စပ်တင်းမာမှုနှင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှု...

နှစ်တစ်ရာ ကြာမြင့်နေပြီဖြစ်သော ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အငြင်းပွားမှုသည် ၂၀၂၅ ခုနှစ်အတွင်း တစ်ကျော့ပြန် တင်းမာလာခဲ့ရာ တရုတ်နိုင်ငံက အဓိက ကြားဝင်စေ့စပ်သူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဖြစ်စဉ်အကျဉ်းနှင့် အချက်အလက်များ ပဋိပက္ခသက်တမ်း:...

ထိုင်းနိုင်ငံ သံရုံစက်ရုံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား...

ထိုင်းနိုင်ငံ၊ စမူပကန်ခရိုင်၊ ဘန်ဖီမြို့နယ်ရှိ သံရုံစက်ရုံတွင်အလုပ်လုပ်နေသော မြန်မာအလုပ်သမား မခိုင်သ ဇင်ဝင်း(၂၂)နှစ်သည် မေ ၆ ရက်နေ့လည် ၁ နာရီခွဲကျော်ခန့်က လုပ်ငန်းခွင်မတော်တဆဖြစ်၍...

ပြည်ပဝယ်လိုအား မြင့်တက်မှုကြောင့် မြန်မာ့ပဲတီစိမ်း ဈေး...

မြန်မာ့ထွက်ကုန် ပဲတီစိမ်းများသည် ပြည်ပဝယ်လိုအား မြင့်တက်လာမှုကြောင့် မန္တလေးဈေးကွက်အတွင်း ဈေးကောင်းများရရှိနေပြီး အရောင်းအဝယ်လည်း သွက်လက်လျက်ရှိကြောင်း ပဲကုန်သည်များထံမှ သိရသည်။ လက်ရှိတွင် တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများမှ ဝယ်...

မသန်စွမ်းသက်ကြီးသင်တန်းကျောင်း(ရန်ကုန်)တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ...

မသန်စွမ်းသက်ကြီးသင်တန်းကျောင်း(ရန်ကုန်)တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်မည်ဖြစ်ရာ သင်တန်းသား၊ သင်တန်းသူများကို ခေါ်ယူလျက်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။ အဆိုပါသင်တန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊...
HomeCelebrities' NewsCover Newsမြန်မာနိုင်ငံမှာ သီချင်းခွေထုတ်မယ့်နာမည်ကျော် ဂျပန်အမျိုးသမီး...

မြန်မာနိုင်ငံမှာ သီချင်းခွေထုတ်မယ့်နာမည်ကျော် ဂျပန်အမျိုးသမီး ဂီတအဖွဲ့ AKB 48 ရဲ့အဖွဲ့ဝင်ဟောင်း Miray

ရေဘေးဒုက္ခ ကြုံတွေ့ခံစားနေကြတဲ့ ပြည်သူတွေအတွက် ရည်ရွယ်ပြီး ရေဘေးရန်ပုံငွေ ဖျော်ဖြေပွဲတစ်ခုဖြစ်တဲ့ Music x culture Live Event Bar ဂီတဖျော်ဖြေပွဲကို သြဂုတ် ၂၆ ရက်နေ့ ညပိုင်းက Sky Star ဟိုတယ်ရှိ Angel Bar မှာ ပြုလုပ်ခဲ့ ပါတယ်။ ပြည်တွင်းက နာမည်ကျော် အဆိုတော်တွေ ဖြစ်တဲ့ ထူးအယ်လင်း၊ အောင်လ (Reason)၊Sophia Everst၊ Na Na Sakonwaree၊ Aik Min၊ တို့နဲ့ အတူ ဂျပန်အဆိုတော် တစ်ဦးဖြစ်တဲ့ Miray လည်းလာရောက် သီဆို ဖျော်ဖြေပေးသွားခဲ့ပါ တယ်။

ဂျပန်အဆိုတော် Miray ဆိုတာ ကမ္ဘာ့ နိုင်ငံအသီးသီးက သိရှိထားပြီးသား ဖြစ်တဲ့ ကမ္ဘာကျော် J-Pop အမျိုး သမီးအဖွဲ့တစ်ခုဖြစ်တဲ့ AKB 48 ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးပဲ ဖြစ်ပါ တယ်။ အခုလက်ရှိမှာတော့ သူဟာ အဖွဲ့ထဲ ကနေ အနားယူခဲ့ပြီးနောက် တစ်ဦး တည်း လှုပ်ရှားမှုတွေနဲ့သာ ဂျပန် နိုင်ငံမှာ သီချင်းခွေ ထုတ်တာကို ဆက်လက်လုပ်ကိုင်ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ ရေဘေးရန်ပုံ ငွေအတွက် လာရောက်သီဆို ဖျော် ဖြေဖြစ်တဲ့ Miray ကတော့ မြန်မာ ကိုရောက်ရှိလာတဲ့ ရက်ပိုင်း အတွင်းမှာပဲ မြန်မာစကားတွေ ကောင်းမွန်စွာ ပြောဆိုလာနိုင်ခဲ့ပြီး မြန်မာ စကားကို လည်း ဆက်လက်သင်ကြားသွားမှာ ဖြစ်တယ်လို့ ဆိုလာပါတယ်။ ဘာ ကြောင့် မြန်မာစကားသင်နေရတာလဲဆိုရင်သူ့ရဲ့သီချင်းတွေအတွက်ပဲ ဖြစ်ပါ တယ်။ Miray က မြန်မာနိုင်ငံမှာ သီချင်းခွေထုတ်ချင်နေသူတစ်ဦးပါ။ မြန်မာစာသားတွေကို တချို့တစ်ဝက်ရေးသားပြီး သူ့သီချင်းတွေမှာထည့်သွင်းသီဆို နိုင်ဖို့ ကြိုးစားနေသူ ဂျပန်အဆိုတော်တစ်ဦးဆိုရင် လည်းမမှားနိုင်ပါဘူး။

“ကျွန်မက ဂျပန်မှာဆိုရင် ဂီတ သက်တမ်း ၁၅ နှစ်ရှိပြီ ဖြစ်တဲ့ အဆို တော်တစ်ဦးပါ။ ကျွန်မက အခုလက်ရှိမှာ အသက် ၃ဝ ကျော် အရွယ်ထဲကို ဖြတ်သန်းနေရတာ ဖြစ် တဲ့အတွက် အခုနောက်ပိုင်းမှာတော့ POP Music ဘက်ကိုပဲ လုပ်ဖြစ်ဖို့ ကြိုးစားနေပါတယ်။ ပြောချင်တာကကျွန်မ မြန်မာ နိုင်ငံမှာလည်း အခွေထုတ်နိုင်အောင် ကြိုးစားဖို့ အစီအစဉ်ရှိတယ်။ အဲ့ဒါ ကြောင့်မြန်မာစကားကို သင်ယူဖို့ ကြိုးစားနေပါပြီ။ မြန်မာလို တချို့ နေရာတွေမှာထည့်ပြီးဆိုနိုင်ဖို့လေ။ ကျွန်မထွက်ခဲ့ပြီးတဲ့ သီချင်း တွေကိုလည်း မြန်မာစာသားနဲ့ ပြန်ထည့်သွင်းသီဆိုသွားဖို့ စဉ်းစားထား တာတွေလည်း ရှိပါတယ်” လို့ Miray က ပွင့်ပွင့်လင်းလင်း ပြောပြပါ တယ်။

Miray က မြန်မာနိုင်ငံကို အခု ရှိုးပွဲမတိုင်ခင် ဇွန်လ တုန်းက တစ်ခေါက်ရောက်သေးတယ်။ အဲဒါ ကြောင့်လည်း အခု ဖျော်ဖြေပွဲကို လာ ရောက်ဖျော်ဖြေပေးဖို့ အစ ဖြစ်စေခဲ့ တယ်။ ပြီးတော့ Miray က မြန်မာနိုင်ငံမှာ နေထိုင်စဉ် သူအရမ်းစိတ် လှုပ်ရှားမှုတွေ ဖြစ်နေရတယ်လို့ ပေါ်ပြူလာဂျာနယ်နဲ့ ဆုံဖြစ်တော့ ပြောပြ တယ်။

“ဘာကြောင့်လဲဆိုတာကို ကျွန် မရှင်းပြချင်ပါတယ်။ ကျွန်မ မြန်မာနိုင်ငံကို ဒီနှစ်ဇွန်လတုန်းက တစ် ခေါက် ရောက်ဖြစ် ခဲ့ပါသေးတယ်။ ပြောချင်တာက ဇူလိုင်လမှာ တုန်းက ကျွန်မတို့ ဂျပန်နိုင်ငံမှာလည်း ရေဘေး အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပါ တယ်။ မြန်မာနိုင်ငံမှာလိုပါပဲ။ ဂျပန်ပြည်သူတွေလည်း ရေဘေးကြောင့်အတော်ဒုက္ခရောက်ခဲ့ကြရပါတယ်။ အဲဒီလိုပဲရှင့် မြန်မာပြည်မှာ ရေဘေး တွေဖြစ်တာကို မြင်တွေ့ရ တော့ အင်မတန်မှကို စိတ်မကောင်းဖြစ်ရ တယ်။ အဲဒီအချိန်မှာ အခုပွဲ( Music x Culture Live Event)ကို စီစဉ်ခဲ့တဲ့ MBC က သူဌေးက အခုလို ရန်ပုံငွေ ဖျော်ဖြေပွဲရှိတယ်လို့ ပြောလာတာနဲ့ ကျွန်မ အနေနဲ့လည်း လာရောက်ပြီး အားဖြည့်ကူညီပေးခဲ့တဲ့ သဘောပါ။ကျွန်မ မြန်မာ ပြည်ကို ဇွန်လတုန်းက စရောက်လာတော့ တအားကို ရင်ခုန်တဲ့ခံစားမှုပေါ့။ ပြောရရင်စိတ်လှုပ် ရှားမှုတွေ ဖြစ်တယ်။ဘာကြောင့် လဲတော့မသိပေမယ့် Wow ဆိုပြီးတော့ တောင် ဖြစ်မိတယ်။ မြန်မာ လူမျိုး တွေဟာ တအားသဘော ကောင်းကြတယ်။ စိတ် သဘောထား တအားပွင့်လင်း ကြတယ်။ ဒီလို နွေးထွေးတဲ့ လူမျိုးတွေ နေထိုင်တဲ့ တိုင်းပြည်မှာ ကျွန်မရဲ့ သီချင်းခွေတွေကို ထုတ် ချင်စိတ်အင်မတန်ဖြစ်မိသွားတယ်။ ဘာကြောင့် လဲဆိုရင် ကျွန်မကတိုကျိုဆိုတဲ့ နေရာလေးက အဆိုတော် လေးတစ်ဦးလို့ပဲ ခံစားနေရသေး တယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာကျွန်မရဲ့ သီချင်းတွေကို ဖြန့်ချိသွားဖို့လုပ်ချင်တယ်” လို့ Miray ကတော့ ယတိပြတ်ဆိုခဲ့တယ်။

ဘာပဲဖြစ်ဖြစ် ဂျပန်အဆိုတော် တစ်ဦးက မြန်မာပရိသတ်တွေနဲ့ ရင်း နှီးခွင့်ရဖို့ ကိစ္စမျိုးက ကြိုဆိုရမှာ ဖြစ် သလို Miray အနေနဲ့ကလည်း သူ့ သီချင်း တွေကို မြန်မာပရိသတ်တွေ ဘယ်လိုခံစား နားဆင် ကြမလဲဆိုတာကို ရင်ခုန်စိတ်လှုပ် ရှားလျက် ရှိနေတယ်။

“ကျွန်မရဲ့သီချင်းတွေကို မြန်မာ ပရိသတ်တွေ ဘယ်လိုခံစားမိကြမလဲ တော့မသိသေးတဲ့အတွက် လည်းစိတ်လှုပ် ရှားမိပါတယ်။အဲဒီတော့အခွင့်အရေး လေး ရမယ်ဆိုရင်ကျွန်မသီချင်းလေးတွေကို နားထောင် ပေးကြပါလို့ တောင်းဆိုပါတယ်။ ဂျပန်မှာ ထုတ် တဲ့ သီချင်းတွေကော မြန်မာပြည် မှာ လာရောက် ထုတ်လုပ်ထွက်ရှိမယ့် သီချင်းခွေ တွေရော နားထောင်ပေးကြပါလို့ တောင်းဆိုပါ တယ့်” လို့ Miray ကတော့ ပေါ်ပြူလာဂျာနယ်နဲ့ အင်တာဗျူးအဆုံးသတ်မှာ ပြောပြပေးသွားခဲ့ပါ တယ်။

ထက်လူ

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available


Continue reading

ကမ္ဘောဒီးယား-ထိုင်း နယ်စပ်တင်းမာမှုနှင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်မှတ်တမ်း

နှစ်တစ်ရာ ကြာမြင့်နေပြီဖြစ်သော ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အငြင်းပွားမှုသည် ၂၀၂၅ ခုနှစ်အတွင်း တစ်ကျော့ပြန် တင်းမာလာခဲ့ရာ တရုတ်နိုင်ငံက အဓိက ကြားဝင်စေ့စပ်သူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဖြစ်စဉ်အကျဉ်းနှင့် အချက်အလက်များ ပဋိပက္ခသက်တမ်း: နှစ်ပေါင်း ၁၀၀ ကျော် (ကိုလိုနီခေတ် မြေပုံအငြင်းပွားမှုမှ အစပြု)။ သံတမန်ဆက်ဆံရေးသက်တမ်း: ၇၅ နှစ်။ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှု: ၂၀၂၅ ခုနှစ်၊ မေလ ၂၈ ရက် ထိခိုက်မှု: ကမ္ဘောဒီးယားဘက်မှ ၁ ဦး ‌ေ-သဆုံး။ တရုတ်နိုင်ငံ၏ သံတမန်ရေးရာ ဆောင်ရွက်ချက် Timeline ကြားဝင်စေ့စပ်မှု ပုံစံများ ၁။ Track I (တရားဝင်လမ်းကြောင်း): ဝန်ကြီးဌာနအချင်းချင်း တိုက်ရိုက်ချိတ်ဆက်ခြင်း။၂။...

ထိုင်းနိုင်ငံ သံရုံစက်ရုံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား လုပ်ငန်းခွင်မတော်တဆမှုကြောင့် ‌ေ-သဆုံး  ၎င်း‌ေ-သဆုံးမှုအတွက် စက်ရုံပိုင်ရှင်ကတာဝန်ယူ ဆောင်ရွက်ပေးမည်

ထိုင်းနိုင်ငံ၊ စမူပကန်ခရိုင်၊ ဘန်ဖီမြို့နယ်ရှိ သံရုံစက်ရုံတွင်အလုပ်လုပ်နေသော မြန်မာအလုပ်သမား မခိုင်သ ဇင်ဝင်း(၂၂)နှစ်သည် မေ ၆ ရက်နေ့လည် ၁ နာရီခွဲကျော်ခန့်က လုပ်ငန်းခွင်မတော်တဆဖြစ်၍ ‌ေ-သဆုံးသွားခဲ့ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရသည်။ မခိုင်သဇင်ဝင်းသည် လုပ်ငန်းခွင်အတွင်း၌ အလုပ်လုပ်ကိုင်နေစဥ် သံစည်းနှင့်ရိုက်မိရာမှ ပြင်းထန်ဒ-ဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် ‌ေ-သဆုံးသွားခဲ့သဖြင့် ရုပ်အလေ-ာင်းအား ဘန်ဖီဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ‌ေ-သဆုံးသူနှင့်ပတ်သက်၍ မိသားစုဝင်များ၏ အကူအညီတောင်းခံမှုကြောင့် WAG အလုပ်သမားမဟာမိတ်အဖွဲ့က ယနေ့ မေ ၇ ရက်တွင် ကူညီမှုများကိုစတင်ပြုလုပ်ပေးလျက်ရှိပြီး စက်ရုံပိုင်ရှင်ဖြစ်သူမှလည်း ဖြစ်စဥ်အတွက်တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မခိုင်သဇင်ဝင်းသည် မြန်မာနိုင်ငံ၊...

ပြည်ပဝယ်လိုအား မြင့်တက်မှုကြောင့် မြန်မာ့ပဲတီစိမ်း ဈေး ကောင်းရပြီး မန္တလေးဈေးကွက် အရောင်းသွက်

မြန်မာ့ထွက်ကုန် ပဲတီစိမ်းများသည် ပြည်ပဝယ်လိုအား မြင့်တက်လာမှုကြောင့် မန္တလေးဈေးကွက်အတွင်း ဈေးကောင်းများရရှိနေပြီး အရောင်းအဝယ်လည်း သွက်လက်လျက်ရှိကြောင်း ပဲကုန်သည်များထံမှ သိရသည်။ လက်ရှိတွင် တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများမှ ဝယ် လိုအား တိုးလာသဖြင့် ပဲတီစိမ်းဈေးနှုန်းများ မြင့်တက်လာကာ ကုန်စည်ဒိုင်များတွင် အရောင်းအဝယ် ပိုမိုကောင်းမွန်လာကြောင်း သိရသည်။ မန္တလေးဈေးကွက်အတွင်း ပဲတီစိမ်းအရည်အသွေးကောင်းများမှာ ယခင်ကထက် ဈေးနှုန်းပိုမိုရရှိနေပြီး နယ်စုံမှ ဝင်ရောက်လာသည့် ပဲများလည်း အဝယ်လိုက်လျက်ရှိကြောင်း ကုန်သည်တစ်ဦးက ပြောသည်။ "ပြည်ပအဝယ်ရှိနေတော့ ပဲတီစိမ်းက ဈေးကောင်းရနေတ ယ်။ အရောင်းအဝယ်လည်း သွက်တယ်။ အရည်အသွေးကောင်းတဲ့ပဲတွေဆို ပိုပြီး အဝယ်လိုက်တယ်" ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071