Tuesday, December 16, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeCelebrities' Newsမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ်...

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ရွေးချယ်မခံရပေမယ့်အစည်းအရုံးကိုဝန်းရံသွားမှာပါ ခန့်စည်သူ

သရုပ်ဆောင် ခန့်စည်သူကမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအဖြစ် ရွေးချယ်မခံရ ပေမယ့်လည်း အစည်းအရုံးကို ဝန်းရံပေးသွားမှာပါလို့ ဆိုပါတယ်။

“ဒီနှစ်လောကသားတွေ အားလုံးက စိတ်ဝင်တစားနဲ့ မဲလာ ထည့်ကြ တာတွေ့ရ တယ်။ ကျေနပ်စရာကောင်းပါတယ်။ ပြောမယ်ဆိုရင် ဗီဒီယိုလောကကလည်း တော်တော် ပျက်စီးယိုယွင်းနေပြီ။ ဒီလောကသား တွေစိတ်ဝင်တစား မဲလာပေးတာကို ကြည့်ခြင်း အားဖြင့် အပြောင်းအလဲ တစ်ခုတော့လိုနေပြီဆိုတဲ့အချက်ပေးခေါင်းလောင်းသံပေါ့။ ကိုယ့် လောကသားတွေအကုန်လုံးနားလည်ပေးရမှာကအရင်အဖွဲ့တွေလည်း နိုင်သလောက်စွမ်း သလောက် ကြိုးစားခဲ့ကြတာပဲ။ အပြောင်းအလဲ ကတော့ ချက်ချင်းပြောင်း လဲတာ ရှိမှာဖြစ်သလိုအချိန်ယူပြီးတော့မှ အခက်အခဲတွေ ပြဿနာ တွေကိုဖြေရှင်း ရတာတွေလည်း ရှိကောင်းရှိမှာပါ။ အဲဒီအတွက် စိတ်တော့ရှည်ကြမှဖြစ်မှာပါ။ ကျွန်တော်အနေနဲ့ကတော့အရွေးမခံရပေမယ့်လည်း ကျွန်တော်တို့က ရုပ်ရှင်နဲ့၊ ဗီဒီယိုနဲ့ ထမင်းစားတဲ့လူ အားလုံးကတော့ ရုပ်ရှင်အစည်းအရုံး ကိုဝန်းရံရမှာကသမိုင်းပေးတာဝန်ပါပဲ” လို့ပြောပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနဲ့ ပတ်သက်ပြီး ဘယ်လို အ ကြံပြုချင်သလဲဆိုတဲ့မေးခွန်းကိုတော့ ခန့်စည်သူက “အကြံပြု ချင်တာကတော့ အချက်တွေကတော့ အများကြီးပါ။ အပြောင်းအလဲတို့၊ အရွေ့တို့လိုချင်တာမှန်တယ်။ ဒါပေမဲ့တချို့တွေကျတော့မြန်မြန်ဆန် ဆန်ရွေ့တာရှိတယ်။ တချို့တွေကျတော့လည်း အချိန်ယူပြီးတော့ရွေ့ တာတွေရှိတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကစည်းလုံးပြီး သား ပါ။ အမြင်မတူတာလေးတွေကြောင့် ကိုယ်နဲ့မတူကိုယ့်ရန်သူလို့ သဘောထားတဲ့ လူတွေရှိတယ်။ အမှားနဲ့အမှန်၂ခုထဲ ရှိတယ်ဆိုပေမယ့် အမှားနဲ့အမှန်ကြားထဲမှာဘယ်လိုပြောင်းလဲလို့ရမလဲ၊ ဘယ်လိုဆက် နွယ်မှုရှိမလဲဆိုတာကို အဖြေရှာရမှာပေါ့”လို့ပြောပါတယ်။ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌနေရာကို ဦးဇင်ဝိုင်းရွေးချယ်ခံရတဲ့အတွက်လည်း ဝမ်းမြောက်ပါကြောင်း ခန့်စည်သူကပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071