ပရိသတ်တွေ ကြည့်ရှုနားဆင်ချင်တဲ့ အဆိုတော်တွေလည်း ပါမယ် ရသ တွေလည်း
ပေးနိုင်မယ်စတဲ့ အချက်အလက်တွေနဲ့ ပြည့်စုံအောင် စီစဉ်မယ့် မေခလာရဲ့ အိုင်ဒီယာက …
”အမှန်မှန်ကလေ ချစ်ငယ်မှန်းထားတာ ဆယ်တန်းစာမေးပွဲတွေပြီးတဲ့ အချိန်တုန်းက စပြီးတည်ထားတာ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ပျက် သွားတယ်။ အဲဒါကလည်း ချစ်ငယ်တည်ထားတာ သိပ်ရယ်ရတာပဲ။ အမျိုးသမီး အများကြီးနဲ့ အန်ကယ်နိုး (မြန်မာပြည်သိန်းတန်)နဲ့။ အဲဒီလိုမျိုး တည်ထား တယ်။ ပြောထားပြီးသား။ ဒါပေမဲ့ ရက်ရွှေ့သွား ပြန်ရော။ နောက်တစ်ခါ မိန်းကလေးချည်းပဲ ချစ်ငယ်လုပ်ချင်တယ်။ အဲဒါလည်း ချစ် ငယ်တည်ထားပြီးသား။ အကြောင်းအမျိုး မျိုးကြောင့် ပျက်သွားပြန်ရော။ ဆိုတော့ ချစ်ငယ်ထင်တယ်။ ဒီနှစ်အတွင်းမှာကို ရှိုးအကြီးကြီးလာမယ်”လို့ ပြောပြပါ တယ်။
အန်ကယ်နိုးလို့ ချစ်စနိုးခေါ်ကြ တဲ့ မြန်မာပြည်သိန်းတန်နဲ့ ရှိုးကျင်းပ ဖို့ စီစဉ်ဖြစ်တာက …
”အဲဒါလည်း ချစ်ငယ် အရမ်းစိတ်ဝင်စား တယ်။ သူ့ကျတော့ လူ တွေကချစ်တယ်။ ချစ် လည်းချစ်တယ်။ သူ့ကို မြင်ရင်လည်း ပျော်ကြ တယ်လေ။ အဲဒီလိုမျိုး လေးပေါ့။ ပျော်စရာလေး ချစ်ငယ်လုပ်ချင် တယ်။ လူတွေအား လုံးက စိတ်ညစ်နေ ကြတာတွေများတဲ့ အခါကျတော့ စိတ်ဖိစီးမှု လေးတွေလျော့အောင် ပေါ့နော်။ အဲဒီသဘော လေးပါ”လို့ မေခလာက ပြောပြခဲ့ပါတယ်။
မျိုးမောင်၊
ဓာတ်ပုံ-အောင်ဇော်မင်း