ဒါရိုက်တာ စင်ရော်မောင်မောင်ဟာ ဧပြီ လ၂၇ ရက်နေ့ ညက သရုပ်ဆောင်ဦးညွှန့်ဝင်းကို သွား ရောက် ဂါရဝပြုခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ရီမြင့်ရုပ်ရှင်ကထုတ်တဲ့ ‘တတိယအရွယ်၏ ဒုတိယ ဝေဒနာ’ ဇာတ်ကားမှာ စတင်ပြီး အလုပ်တွဲလုပ်ဖူးခဲ့ကြ ပါတယ်။ ဦးထွန်းဝေနဲ့ ဦးညွှန့်ဝင်း အကယ်ဒမီရတဲ့ အဲဒီဇာတ် ကားမှာ ဒါရိုက်တာစင်ရော်မောင်မောင်ဟာ ပထမဆုံးထုတ်လုပ်သူ တာဝန်ခံအနေနဲ့ ဆောင်ရွက် ခဲ့တာပါ။
”ဦးညွှန့်ဝင်းဟာ အိန္ဒိယနိုင်ငံ ဒါဂျီလင်ကျောင်း ထွက်ဖြစ်လို့ အင်္ဂလိပ်ဘာသာစကား ကောင်းမွန်စွာ ပြောဆိုနိုင်ခြင်း၊ အလုပ်အချိန်လေးစားခြင်း၊ ဇာတ် လမ်းများကို အသေအချာဆွေးနွေးခြင်း၊ ဒါရိုက်တာ များနှင့် လက်တွဲညီစွာ ခံစားလုပ်ဆောင်ခြင်း၊ ရက် ချိန်းများလည်း ကျော်ပေးလေ့မရှိမခြင်း စတာတွေ ကြောင့် လေးစားစွာဂါရဝသွားပြုခြင်းဖြစ်တယ်” လို့ ဒါရိုက်တာစင်ရော်မောင်မောင်က ဆိုပါတယ်။ ”လျှို့ဝှက်သော နှင်း” ဇာတ်ကားမှာလည်း ရေခဲတောင် ထိပ်ထိ အတူတက်ရောက်ရိုက်ကူးကြပြီး ၄င်းဇာတ်ကားဖြင့် နှစ်ယောက်လုံး အကယ်ဒမီရရှိခဲ့ခြင်းကလည်း သူတို့အတွက် အမှတ်တရတစ်ခုဖြစ်သည်။ ”အိုက် တင်ထူးချွန်တဲ့ ဦးညွှန့်ဝင်းဟာ မြန်မာပြည်ရဲ့ မာလွန် ဘရန်ဒိုပဲ”လို့လည်း ဒါရိုက်တာစင်ရော်မောင်မောင်က တင်စားလိုက်ပါတယ်။
သူတို့နှစ်ယောက်ဟာ တစ်ချိန်က ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအဖြစ် လက်တွဲညီညီ လုပ်ဆောင်နိုင်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်များလည်း ဖြစ်ခဲ့ပါတယ်။ လတ်တလောက သားနဲ့အတူ အမေရိကားက ပြန်လာတဲ့ ဒါရိုက်တာစင်ရော်မောင်မောင်က မဉ္စိမအလင်းဇာတ်ကား ဆက်နေပါတယ်။ သားဖြစ်သူ မင်းသန့်မောင်မောင်ကတော့ သူ့ပရောဂျက်တစ်ခုဖြစ်တဲ့ ဇာတ်လမ်းတိုတစ်ပုဒ် ရိုက်ကူးဖို့ စိုင်းပြင်းနေပြီး မေလ ၁၅ ရက်နေ့မှာတော့ အမေရိကားမှာ ကျောင်းပြန်တက်မှာ ဖြစ်ပါတယ်။