Sunday, May 18, 2025

တနင်္လာနေ့၌ ထရမ့်ပ်က ပူတင်/ဇယ်လန်းစကီးတို့နှင့် စကားပြောမည်

ဝါရှင်တန်၊မေ ၁၇ရုရှား-ယူကရိန်းအရေးအတွက် နှစ်ဖက်အပ-စ်အခ-တ်ရပ်စဲရေးသဘောတူညီချက်ရရှိရန် လာမည့် တနင်္လာနေ့တွင် ရုရှားနှင့်ယူကရိန်းသမ္မတများကို သီးသီးခြားတွ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကပြောကြားခဲ့သည်။ “တနင်္လာနေ့မနက် ၁၀ နာရီမှာ သမ္မတပူတင်ကိုဖုန်းနဲ့ဆွေးနွေးသွားမှာပါ၊ ဆွေးနွေးမှာကတော့...

ပထမအကြိမ် အာဆီယံ ဒူးရင်းပွဲတော်တွက် မြန်မာပါဝင်ရန်...

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ အာဆီယံ - တရုတ်စင်တာ (ASEAN-China Centre – ACC) မှ ကြီးမှူး၍ ၂၀၂၅...

8647 ဂဏန်းကို လူမှုကွန်ရက်တွင် တင်သဖြင့်...

သမ္မတဒေါ်နယ်ထရမ့်အား ခြိမ်းခြောက်မှုတစ်ခုဟု စွပ်စွဲခဲ့သော လူမှုကွန်ရက်ပို့စ်တစ်ခုနှင့်ပတ်သက်၍ အမေရိကန် ထောက်လှမ်းရေးဗျူရို (FBI) ညွှန်ချုပ်ဟောင်း ဂျိမ်းစ်ကိုမီးအား အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးဌာန (Secret Service)က စနေနေ့တွင်...

ပထမအကြိမ်ရုရှား-အာရပ်ထိပ်သီးအစည်းအဝေး ပူတင်လက်ခံကျင်းပမည်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အောက်တိုဘာလ ၁၅ ရက် နေ့တွင် ပထမဆုံးအကြိမ် ရုရှား-အာရပ် ထိပ်သီးအစည်းအဝေးပွဲကို ကျင်းပရန်အတွက် အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ်နှင့် အဖွဲ့ဝင်နိုင်ငံများမှ...
HomeNewsLocal Newsမြန်မာ့ကျောက်မျက် သယံဇာတ နောင်လာ...

မြန်မာ့ကျောက်မျက် သယံဇာတ နောင်လာ နောင်သားတွေ ခံစားဖို့ ကျန်ပါဦးမလား

dd

မြန်မာ့မြေထွက် ကျောက်မျက် ရတနာ၊ တွင်းထွက်သတ္တုသယံ ဇာတတွေကို အနာဂတ်နိုင်ငံတော်နဲ့ နောင်လာနောင်သားတွေ အရှည် သဖြင့် သုံးဆောင်ခံစားနိုင်ရေး အဆိုတစ်ရပ်ကို သြဂုတ်လ ၁၈ ရက်နေ့ကကျင်းပတဲ့ ပြည်သူ့လွှတ် တော်အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တင်သွင်းခဲ့ ပါတယ်။ စေတုတ္တရာ မဲဆန္ဒနယ် အမတ် ဦးကျော်အောင်လွင်က “နိုင်ငံတော်နှင့် နိုင်ငံသားများ ပိုင်ဆိုင်သည့် ပေါကြွယ်ဝလှသော ကျောက်မျက်ရတနာများနှင့် တွင်း ထွက်သတ္တု သယံဇာတများအား အနာဂတ်နိုင်ငံတော်နှင့် နောင်လာ နောက်သားများ အရှည်သဖြင့် သုံး ဆောင်ခံစားနိုင်ရေးအတွက် စနစ် တကျ တူးဖော်ထုတ်လုပ် ထိန်းသိမ်း စောင့်ရှောက်ပေးပါရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း”အဆိုကို ပြည်သူ့လွှတ် တော်မှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဦးကျော်အောင်လွင်ရဲ့အဆိုကို ဖားကန့်မြို့နယ်အမတ် ဦးတင်စိုးက ထောက်ခံဆွေးနွေးပြီး ပြည်သူ့လွှတ် တော်မှာ ဆက်လက်ဆွေးနွေးသွားဖို့ အတည်ပြု ဆုံးဖြတ်ခဲ့ကြပါတယ်။

အဆိုတင်သွင်းသူ ဦးကျော် အောင်လွင်က “ဒီသယံဇာတတွေကို မည်သူတွေ ခံစားသုံးဆောင်နေပါ သလဲ၊ အဖြေရှာရမှာပါ။ သယံဇာ တစီမံခန့်ခွဲမှု အစီရင်ခံစာရဲ့သယံ ဇာတ အထွက်ဆုံး ၅၈နိုင်ငံမှာ အဆင့် ၅၈ ဖြစ်နေပါတယ်။၂ဝ၁၄ တစ်နှစ် တည်း တရားဝင်ကျောက်စိမ်း တူးဖော်ထုတ်မှု US ဒေါ်လာသန်း ထောင်ပေါင်း ၃၁ ရှိတယ်လို့ နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တစ်ခုကခန့်မှန်းထားတာတွေ့ရပါတယ်။
ဟောင်ကောင်မှာ ၂ဝ၁၄ ခုနှစ်က လေလံဆွဲဝယ်ယူခဲ့တဲ့ ကျောက်စိမ်း ၂၇လုံးနဲ့သီကုံးထားတဲ့ လည်ဆွဲဟာ US ဒေါ်လာ သန်း ပေါင်း၂၇.၄၄ (မြန်မာငွေသိန်း ပေါင်း သုံးသိန်းခုနှစ်သောင်းကျော်)နဲ့စံချိန်တင်ရောင်းချခဲ့တာကို ကြည့် ရင် အဖိုးတန်ကျောက်စိမ်းတွေ ၇ဝ ရာခိုင်နှုန်းလောက် ပြည်ပကို မှောင် ခိုထွက်နေတယ်ဆိုတာ ခန့်မှန်းလို့ရ ပါတယ်”လို့ အဆိုထဲမှာ ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် မဆင်မခြင် ကျောက် မျက်တူးဖော်မှုတွေနဲ့ စွန့်ပစ်မြေ စာပုံတွေကြောင့် ၂ဝ၁၃ ခုနှစ် ကနေ ၂ဝ၁၅ ခုနှစ်အထိ ဖားကန့်ဒေသမှာ မြေစာပုံပြိုကျမှု ၁၇ကြိမ် ဖြစ်ပွား ခဲ့ပြီး ၂ဝ၁၅ခုနှစ် မြေစာပုံပြိုကျမှုမှာ လူ ၂ဝဝ ကျော်သေဆုံးခဲ့ရကြောင်း၊ ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီးရဲ့ပြောကြားချက်အရ ဖားကန့်ဒေ သမှ စက်ယန္တရား တစ်သောင်း ကျော်မှာ ၆ဝဝဝ ကျော်သာ တရား ဝင်ဖြစ်ပြီး ၄ဝဝဝကျော်ဟာ တရားမဝင် သုံးစွဲနေကြောင်းသိရ တယ်လို့ ဦးကျော်အောင်လွင်က ထပ်လောင်း ပြောဆိုသွားပါတယ်။
ဦးကျော်အောင်လွင်ရဲ့အဆိုကို ထောက်ခံတဲ့ ဖားကန့်အမတ် ဦးတင် စိုးကလည်း ….

“ပြီးခဲ့တဲ့ ကျောက်စိမ်းတူး ဖော် ချိန်ကာလက ဖားကန့်ဒေသမှာရှိတဲ့ ယန္တရားပေါင်း တစ်သောင်းကျော်ရှိ တဲ့အနက်၎ဝဝဝကျော်ကို ရပ်နား ခိုင်းထားတယ်လို့ ဝန်ကြီးဌာနက ကြေညာပါတယ်။ တကယ်တော့ လုံးခင်းဖားကန့်တစ်နယ်လုံးမှာ ရပ်နားခိုင်းထားပါတယ်ဆိုတဲ့ ယန္တ ရားကြီးများရော သောင်းနဲ့ချီတဲ့ ယန္တရားကြီးများဟာ ညအခါ လူချေ တိတ်ချိန်မှာ လူနေရပ်ကွက်တွေ ကိုဖြတ်ကျော်ပြီး လုံးခင်းအုပ်စုမှာ ရှိတဲ့ မိုးပင်ကထန် စတဲ့နေရာတွေ ကိုရွှေ့ပြီး အကြီးအကျယ်တူးဖော် လိုက်ကြတဲ့အခါ ၈ လလောက်အချိန် အတွင်းမှာပဲ ဧကရာထောင်ချီရှိတဲ့ လုပ်ကွက်တွေဟာ အနက်ပေလေး ငါးရာရှိတဲ့ ကျင်းကြီးတွေအဖြစ်ကို ရောက်ရှိသွားကြပါတယ်။ တစ်စီးကို ဒေါ်လာ ၈သိန်းလောက်တန်တဲ့ အိမ်လောက်ကြီးတဲ့ DumpTruck  ကားကြီးတွေ ၊PC 2000 လို့ခေါ်တဲ့ ဒေါ်လာ ၃ သန်းလောက်တန်တဲ့ ဧရာမ ဘတ်ဖိုးကြီးတွေနဲ့ အခုလက် ရှိလုပ်နေတဲ့ နှုန်းအတိုင်းသာ ဆက် ပြီးတော့ လုပ်သွားဖို့ ခွင့်ပြုလိုက်ရင် သေချာပါတယ်။ ဖားကန့်ကျောက် စိမ်းရတနာနယ်မြေဆိုတာ နှစ် အနည်းငယ်အတွင်းမှာ ပျောက်ကွယ် သွားမှာပါ” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကျောက်စိမ်း ထွက်ရှိရာနေရာတွေကတော့ ကချင် ပြည်နယ်မှာ လုံးခင်း ၊ ဖားကန့် ၊ မိုးညှင်းမြို့နယ်က မော်ဟန် ၊ စစ်ကိုင်းတိုင်းဒေသကြီးက မော်လူးနဲ့ ခန္တီး စတဲ့ဒေသတွေဖြစ်တယ်လို့ သိ ရပါတယ်။

လုံးခင်းဖားကန့်ရတနာနယ်မြေအဖြစ်သတ်မှတ်ထားတဲ့ ဧရိယာဟာ ၁၇၄၄၇၅၇ ဧကရှိတယ်လို့ သိရ ပါတယ်။ ဒီထဲမှာ ပုဂ္ဂလိက ကုမ္ပဏီ ၅၂၂ ခုအတွက် ချထားပေးတဲ့လုပ် ကွက်ပေါင်း ၅ဝ၇ဝ ကွက် အကျယ် အဝန်း ၅ဝ၇ဝ ဧကရှိကြောင်း၊ ကျောက်နီလုပ်ကွက်ချထားပေးတဲ့ ကုမ္ပဏီ ၆ ခုအတွက် ၁၇ ဧကရှိ ကြောင်း၊ အကျိုးတူကုမ္ပဏီ ၁၆၂ ခုနဲ့ အကျိုးတူလုပ်ကွက် ၂၂၄ ကွက်ချ ထားပေးတဲ့ဧရိယာကတော့ ၈၆၇၃ ဧကဖြစ်ကြောင်း သိရပါတယ်။ အခု ချိန်မှာ လုပ်ကွက်သက်တမ်းတွေ လစဉ်နဲ့အလိုက် ကုန်ဆုံးနေတဲ့ အတွက် ဒီလောက်တော့မရှိလောက် တော့ဘူးလို့ ဦးတင်စိုးက ဆိုပါတယ်။

“လက်ကွက်တွေကို လက်တစ် ဆုပ်စာ လူတစ်စုနဲ့ကုမ္ပဏီကြီး များကသာ ရယူပိုင်ဆိုင်ထားကြပါ တယ်။ လုပ်ကွက်ရှိသူလူများထံက လုပ်ကွက်တစ်ကွက်ကို သိန်းပေါင်း ၂ဝဝဝ / ၃ဝဝဝ ကနေ သိန်းပေါင်း သောင်ချီထိပေးဝယ်ပြီး လုပ်နေကြသူ တွေရှိသလို လုပ်ကွက်ရှင်ကိုအစု သုံးစု တစ်စုပေးပြီးလုပ်ကိုင်နေတာ တွေလည်းရှိပါတယ်။ ဒါဟာ ဥပဒေနဲ့ ကိုက်ညီမှုမရှိပေမယ့် မြေပြင်မှာဒီအတိုင်းပဲဖြစ်နေပါတယ်။လုပ်ကွက် ရှင်ကိုလည်းအစုပေးရ ၊ နိုင်ငံတော် ကိုလည်း အကျိုးတူအတွက် ရှင်းရဦး မယ်၊ စက်ယန္တယားတွေလည်းစိုက်၊ ထုတ်လုပ်မှုကုန်ကျစရိတ်တွေလည်းစိုက်ရတော့ သူတို့အတွက်အကျိုး အမြတ်ရှိအောင် ထွက်လာတဲ့ ကျောက်ကောင်းတွေကို နိုင်ငံတော် ကို မအပ်တော့ဘဲ နည်းမျိုးစုံနဲ့ခိုး ထုတ်ကြပါတော့တယ်။ လုပ်ငန်းရှင် တချို့ရဲ့ပြောစကားအရ မခိုးချင် ပေမယ့်လည်း ကိုက်အောင်တော့ ခိုးကြရတယ်လို့ သိရပါတယ်” ဖားကန့်အမတ် ဦးတင်စိုးက ပြောပါတယ်။

ဒီနောက်မှာတော့ ထွက်လာတဲ့ ကျောက်စိမ်း ၇ဝ ရာခိုင်နှုန်းလောက် ဟာ တရုတ်ပြည်ကို နည်းမျိုးစုံနဲ့ ရောက်ရှိသွားပါတော့တယ်လို့ သူက ထပ်လောင်းဆိုပါတယ်။

“မြန်မာပြည်မှာ ကျောက်မျက် ရတနာပြပွဲကို တစ်နှစ်တစ်ကြိမ်ပဲလုပ် နိုင်ပေမယ့်တရုတ်မှာ လတိုင်း လုပ် နိုင်ပါတယ်။ အဲဒီမှာ ပြထားတဲ့ ကျောက်တွေ အားလုံးဟာ မြန်မာ ပြည်က ကျောက်တွေပဲ ဆိုတာလည်း အားလုံးသိပါတယ်။ တစ်ခါမှမမြင်ဖူး တဲ့ အင်မတန်မှ အရည်အသွေး ကောင်းတဲ့ ကျောက်တွေလည်း ပါဝင်နေပါတယ်”လို့ ဖားကန့်အမတ် ဦးတင်စိုးက ဆိုပြန်ပါတယ်။

ဒါကြောင့် ဥပဒေကို ဟာကွက် မရှိအောင် သေချာရေးဆွဲသင့် ကြောင်း၊ ကျောက်မျက်ရတနာတွေ ဟာ တူးဖော်ပုံ၊ တူးဖော်နည်းတွေ သဘောသဘာဝမတူညီကြတဲ့ အတွက် ဒါတွေကို အားလုံးခြုံပြီး ဥပဒေရေးဆွဲလိုက်တဲ့အခါမှာ ဥပဒေမှာ ဟာကွက်တွေပေါ်လာ တော့ကြောင်း၊ ယင်းကြောင့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း ဥပဒေကို သီးသန့် ပြဋ္ဌာန်းသင့်ပါ ကြောင်းကိုလည်း ဖားကန့်အမတ် ဦးတင်စိုးက ထပ်လောင်းအကြံပြု ဆွေးနွေးသွားခဲ့ ပါတယ်။

ပြည်သူ့လွှတ်တော်မှာ ဆက် လက်ဆွေးနွေးဖို့ အတည်ပြုလိုက်တဲ့ ဒီအဆိုနဲ့ပတ်သက်ပြီးတော့ ဆွေးနွေး လိုကြတဲ့ လွှတ်တော်ကိုယ်စားလှယ် တွေဟာလာမယ့် သြဂုတ်လ ၂၁ ရက်နေ့ ညနေ နောက်ဆုံးထားပြီး အမည်စာရင်းပေးသွင်းရမှာဖြစ် ကြောင်း သိရပါတယ်။

ရဲလွင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071