Tuesday, February 17, 2026

မုံရွာမြို့ ဘုရားလှဘုရားဝင်းမှ (၈၇) နှစ်ရှိ...

မုံရွာမြို့၏ မြို့သမိုင်းဝင် ဘုရားစာရင်းတွင် ပါဝင်သော အလယ်ရပ် ၊ ဘုရားလှစေတီ ဘုရားဝင်းအတွင်းရှိ သက်တမ်း (၈၇) နှစ်ရှိပြီဖြစ်သည့် ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင်ကို...

ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော် သံဃာ့ဒါန...

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၁၆ ရက်မွန်းလွဲပိုင်းက သပြေကုန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ်၌ဆင်ယင်ကျင်းပခဲ့သည်။ အဆိုပါ မင်္ဂလာအခမ်းအနားများကို ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ...

အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)၏ အလုပ်ရုံ(၂၂)ရုံအနက်...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)ပြန်လည်လည်ပတ်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်၌ စက်ရုံ၏ အလုပ်ရုံ(၂၂) ရုံအနက် (၁၉)ရုံကိုစမ်းသပ်လည်ပတ်ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကျန်ရှိသည့် အလုပ်ရုံ(၃)ရုံအနက် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့်...

ဟုမ္မလင်းခရိုင်အတွင်း သစ်တောဖုံးလွှမ်းမှု ၅ နှစ်အတွင်း...

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်အတွင်း သစ်တောဖုံးလွှမ်းမှုမှာ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ၂ ဒသမ ၁၀ ရာခိုင်းနှုန်းတိုးတက်လာကြောင်း သယံဇာတ နှင့်...
HomeCelebrities' Newsမြန်မာ့ရုပ်ရှင်ကိုတောကား မြို့ကားဝေဖန်မှုအပေါ် ခန့်စည်သူ...

မြန်မာ့ရုပ်ရှင်ကိုတောကား မြို့ကားဝေဖန်မှုအပေါ် ခန့်စည်သူ ဘာပြောလဲ

လတ်တလော လူမှုကွန်ရက်စာမျက်နှာများမှာတော့ မြန်မာရုပ်ရှင် ဇာတ်ကား များနဲ့ ပတ်သက်လို့ တောကား မြို့ကားဝေဖန်မှုများ ပြင်းထန် နေသလို၊ ရုပ်ရှင် လောက အသိုင်းအဝိုင်းမှာလည်း ထင်မြင်မှုများနဲ့ ပတ်သက်လို့ ငြင်းမှုများ ရှိနေပါတယ်။ ဒီလိုမြန်မာဇာတ်ကားများကို ဝေဖန်ကြတဲ့အပေါ်မှာလည်း မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားစာရင်းဝင် တစ်ဦးဖြစ်တဲ့ ခန့်စည်သူ က သူ့ရဲ့ အမြင်ကို အခုလိုဝေမျှပါတယ်။ လတ်တလော လူမှုကွန်ရက်စာမျက်နှာများမှာတော့ မြန်မာရုပ်ရှင် ဇာတ်ကား များနဲ့ ပတ်သက်လို့ တောကား မြို့ကားဝေဖန်မှုများ ပြင်းထန် နေသလို၊ ရုပ်ရှင် လောက အသိုင်းအဝိုင်းမှာလည်း ထင်မြင်မှုများနဲ့ ပတ်သက်လို့ ငြင်းမှုများ ရှိနေပါတယ်။ ဒီလိုမြန်မာဇာတ်ကားများကို ဝေဖန်ကြတဲ့အပေါ်မှာလည်း မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားစာရင်းဝင် တစ်ဦးဖြစ်တဲ့ ခန့်စည်သူ က သူ့ရဲ့ အမြင်ကို အခုလိုဝေမျှပါတယ်။

“အခုပရိသတ်တွေ မြန်မာ ဇာတ်ကားတွေနဲ့ပတ်သက်ပြီး ဝေ ဖန်ကြတာကိုတော့ ကျွန်တော်ဘယ်လိုမှမမြင်ပါဘူး။ အားလုံးက လူတွေပဲ။ လွတ်လပ်စွာကွဲလွဲပိုင်ခွင့်ရှိပါတယ်။ ပြဿနာမရှိပါဘူး။ ဥပမာ- ဝက်သားဟင်းကြိုက်တဲ့လူကတော့ ဝက်သားဟင်းစား မယ်။ ငါးဟင်း ကြိုက်တဲ့လူကတော့ ငါးဟင်းစားမယ်။ ငါးအနံ့ မခံနိုင်လို့သူများကို ငါးမစားနဲ့လို့ သွားပြောလို့တော့ မရဘူး။ ငါးစားလို့ အသုံးမကျဘူးလို့ ပြောလို့မရပါဘူး။ ဘယ် အနုပညာရှင်ပဲဖြစ်ဖြစ် ပရိသတ်က လက်ခံလို့ ပရိသတ် ကနေရာပေးလို့ ရလာတာလေ။ ဘယ်သူ့ကိုမဆို မုဒိတာပွားရ မှာပါပဲ။ အနုပညာဖန်တီးမှုမှာ ဘောင်တွေ ကန့်သတ်ချက်တွေမရှိပါဘူး။ အားလုံးပဲ လွတ်လွတ် လပ်လပ်ဖန်တီးခွင့်ရှိတယ်။ ဟာသလည်း ဟာသ အလျောက်၊ ဒရာမာ၊ ရိုမန့်စ်   ဖန်တီးခွင့်ရှိပါ တယ်။ ငါရိုက် ကူးတဲ့ ဇာတ်ကားမှကောင်းတယ်ဆိုတာမျိုးပြောလို့မရဘူး။ ဒီဇာတ်ကားကို ကိုယ်က မကြိုက်ပေမယ့်လည်း အနုပညာစံနှုန်းအရ ကြည့်ရင် စံနှုန်း မြင့်တဲ့ အနေအထား လည်းရှိတယ်။ အနုပညာစံနှုန်းက တအားမများပေမယ့် ပရိသတ် လက်ခံပြီး ဝင်ငွေကောင်းတဲ့ ဇာတ်ကားမျိုးလည်း ရှိ နိုင်တယ်။ ဒါဟာ ဘယ်သူမဆို လွတ် လွတ်လပ်လပ်လျှောက်လို့ရတဲ့ လမ်းပါပဲ။ အချင်းချင်း မုဒိ တာ ပွားကြရမှာပေါ့”လို့ ခန့် စည်သူက ပြောပြပါတယ်။

ခန့်စည်သူပါဝင်သရုပ်ဆောင်ထားတဲ့ “အသည်းကွဲပါတီ” ဇာတ်ကားကလည်း မကြာမီရုံတင်ပြသတော့မှာဖြစ်ပြီး ဟာသ ဇာတ်ကားတော်တော်များများကို ရိုက်ကူးလာခဲ့တဲ့ ခန့်စည်သူ အတွက်ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားမှုက “ဒီဇာတ် ကားမှာ ပါဝင်သရုပ်ဆောင်ထားတာကတော့ အိမ်ထောင် တစ်ခုမှာ အိမ်ထောင်ဦးစီးဖြစ်နေပေမယ့် မိန်းမပိုက်ဆံနဲ့ စီး ပွားရေးလုပ်ငန်းကို လုပ်ကိုင်နေရတယ်။ မိန်းမကလည်း ထူး ချွန်ထက်မြက်တဲ့ မိန်းမတစ်ယောက်ဖြစ်တဲ့အတွက် မိန်းမရဲ့ ပါဝါက ယောက်ျားပေါ်မှာ တအားလွှမ်းမိုးလာတယ်။ ဒီကြား ထဲမှာ ယောက်ျားတစ်ယောက်က  ခြေလှမ်းတိမ်းချော်သွားတဲ့ပုံစံ ကို ရိုက်ကူးထားတာပေါ့။ ပြန်ပြီး ကြည့်ရှုတဲ့အချိန်မှာ နည်း နည်း current အောက်တာလေးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အိမ်ထောင်ရေးတစ်ခုရဲ့ သဘောသဘာဝကို မပြိုကွဲ အောင်တည်ဆောက်ရမယ်ဆိုတဲ့ message ကိုပေးတာပါ” လို့ ပြောပြပါတယ်။ ခန့်စည်သူက မတ်လ ၂ဝ ရက်နေ့က “မေဂယက်တို့ရပ်ကွက်”ဇာတ်ကားမှာ ပါဝင်ရိုက်ကူးဖြစ်ခဲ့ သလို ၂၃ ရက်နေ့ ကျင်းပမယ့် အကယ်ဒမီပေးပွဲကိုတော့ တက်ရောက်သွားမယ်လို့ ဆိုပါတယ်။

မြတ်မိုးပွင့်

Ads Space Available


Continue reading

မုံရွာမြို့ ဘုရားလှဘုရားဝင်းမှ (၈၇) နှစ်ရှိ ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင် ပြန်လည်ပြုပြင်မွမ်းမံလျက်ရှိ

မုံရွာမြို့၏ မြို့သမိုင်းဝင် ဘုရားစာရင်းတွင် ပါဝင်သော အလယ်ရပ် ၊ ဘုရားလှစေတီ ဘုရားဝင်းအတွင်းရှိ သက်တမ်း (၈၇) နှစ်ရှိပြီဖြစ်သည့် ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင်ကို ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။ ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်စင်သည် ဘုရားလှစေတီတော်ကြီး၏ တနင်္ဂနွေထောင့် အရှေ့မြောက်ထောင့်တွင်တည်ရှိပြီး ပြီးခဲ့သည့် (၇) ရက်ခန့်ကစပြီး ခေါင်းလောင်းစင်အဆောက်အဦးကို အလှူရှင်တစ်ဦးက ပြန်လည်ပြုပြင်နေပြီး ကြေးခေါင်းလောင်းကြီးကိုလည်း ရောင်တော်ပြန်ဖွင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ခေါင်းလောင်းပေါ်တွင်  "သက္ကရာဇ် ၁၃၀၀ ခု တပို့တွဲလဆုပ် (၁) ရက် (၄.၂.၃၉) စနေနေ့ ၊ မုံရွာမြို့မြို့မင်းကြီး ဦးဘိုးအို...

ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော် သံဃာ့ဒါန ဆွမ်းဆန် စိမ်းလောင်းလှူ

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၁၆ ရက်မွန်းလွဲပိုင်းက သပြေကုန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ်၌ဆင်ယင်ကျင်းပခဲ့သည်။ အဆိုပါ မင်္ဂလာအခမ်းအနားများကို ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သာသနဥပတ္ထမ္ဘကအဖွဲ့ကကြီးမှူးကျင်းပခြင်းဖြစ်ကာ သြဝါဒါစရိယဆရာတော်ကြီး(၇)ပါး၊ သာ သနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်(၂)ပါး၊ ပါဠိပထမပြန်စာမေးပွဲကြီးကြပ်ဆရာတော်(၂)ပါး၊ ဇမ္ဗူသီရိမြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်ကြီးများမှ ဂန္ထဝါစ ကစာချဆရာတော်(၂၀)ပါး၊ ဓမ္မာစရိယသုံးကျမ်းပြီး သာသနဓဇဓမ္မာစရိယဘွဲ့ရ(၂၉)ပါး၊ (၂)ကျမ်းအောင် (၂၅)ပါး၊ (၁)ကျမ်းအောင်(၂၂)ပါး၊ ပထမကြီးတန်းအောင်(၁)ပါး၊ ပထမလတ်တန်းအောင်(၁၁)ပါး၊  ပထမငယ်တန်းအောင်(၄)ပါးနှင့် အခြေပြုမူလတန်းအောင် (၁၁)ပါးကြွရောက်တော်မူခဲ့ကြသည်။ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များအား တာဝန်ရှိသူများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဂုဏ်ပြုအလှူတော်ငွေများကို...

အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)၏ အလုပ်ရုံ(၂၂)ရုံအနက် (၁၉)ရုံကို စမ်းသပ်လည်ပတ်ပြီးဖြစ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)ပြန်လည်လည်ပတ်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်၌ စက်ရုံ၏ အလုပ်ရုံ(၂၂) ရုံအနက် (၁၉)ရုံကိုစမ်းသပ်လည်ပတ်ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကျန်ရှိသည့် အလုပ်ရုံ(၃)ရုံအနက် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့် အလုပ်ရုံ (၃)ကို မကြာမှီစမ်းသပ်လည်ပတ်နိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကာ စက်ရုံရှိ အဓိကအလုပ်ရုံဖြစ်သည့် Romelt နည်းပညာအသုံးပြုသံရည်ကျိုအလုပ်ရုံတွင် တပ်ဆင်ထားသော စက်ပစ္စည်းများကိုလည်း ကျွမ်းကျင်ပညာရှင်များစစ်ဆေးပြီးသည့်အပြင် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံကိုလည်း စက်တပ်ဆင်ခြင်း၊ စမ်းသပ်လည်ပတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်နေမှုများအား စက်မှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းမှ ဖေဖော်ဝါရီ ၁၆ ရက်က စက်ရုံသို့သွားရောက်ပြီး အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့် အလုပ်ရုံတွင် စက်များစမ်းသပ်လည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071