Wednesday, December 11, 2024

နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်လုပ်ဆောင်နေခြင်းများသည် လူ့အခွင့်အရေးများကိုပျက်ပြားအောင်ဖျက်ဆီးနေခြင်းပင်ဖြစ်ဟု နစက ဥက္ကဋ္ဌပြော

နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်လုပ်ဆောင်နေခြင်းများသည် လူ့အခွင့်အရေးများကိုပျက်ပြားအောင်ဖျက်ဆီးနေခြင်းပင်ဖြစ်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာ ၁၀ ရက်နံနက်ပိုင်းတွင် ကျင်းပခဲ့သည့် (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနား၌...

မြန်မာနိုင်ငံမြေငလျင်သတင်းစင်တာက ငလျင်သတိပေးချက် ထုတ်ပြန်ပြီးနောက် မော်လိုက်မြို့အနီး...

မြန်မာနိုင်ငံမြေငလျင်သတင်းစင်တာက ယမန်နေ့ ငလျင်သတိပေးချက် ထုတ်ပြန်ပြီးနောက် ယနေ့တွင် မော်လိုက်မြို့အနီး ၄ ဒဿမ ၇ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း...

နိုင်ငံနှင့်မကိုက်ညီသည့် ဒီမိုကရေစီစံနှုန်းများကို ရာနှုန်းပြည့်အခြေမပြုဟု နစက...

မိမိတို့အနေဖြင့် နိုင်ငံနှင့်မကိုက်ညီသည့် ဒီမိုကရေစီစံနှုန်းများကို ရာနှုန်းပြည့်အခြေမပြုဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဒီဇင်ဘာ ၁၀ ရက်မွန်းလွဲပိုင်းက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များ...

အာဆီယံနှင့် တရုတ်ပြည်သူလူထုတို့ အပြန်အလှန် နားလည်မှုကို...

အာဆီယံ-တရုတ်စင်တာ၏ ပြည်သူများအကြားဖလှယ်ရေး အစီအစဉ်များမှ တစ်ဆင့် အာဆီယံနှင့် တရုတ်နိုင်ငံ ပြည်သူ လူထုတို့အကြား အပြန်အလှန် နားလည်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်...
HomeMusicမြန်မာသံစဉ်ဘက်က နေရပ်တည်သွားဖို့ပဲရှိပါတယ် ...

မြန်မာသံစဉ်ဘက်က နေရပ်တည်သွားဖို့ပဲရှိပါတယ် ဝင်းလဲ့ချယ်ရီ

win-lae-cherry-copy

‘နှလုံးသားရဲ့ဆုပန်ကလျာ’ ဒီဗီဒီကို အောက်တိုဘာလ ၂၃ရက်နေ့ မှာထွက်ရှိခဲ့တဲ့ ဝင်းလဲ့ချယ်ရီက မြန်မာသံအဆိုတော် တစ်ယောက်အနေနဲ့မြန်မာသံစဉ်ကို ချစ်မြတ်နိုးတဲ့စိတ်ကြောင့်ဒီအခွေကို  အကောင်းဆုံးဖြစ်အောင်စီစဉ်ရိုက်ကူးခဲ့ခြင်း ဖြစ်ကြောင်းပြောပါတယ်။

“တေးရေးရော၊ သံစဉ်ထည့်တဲ့ ဆရာရော၊ ဒါရိုက်တာရော၊ ဝင်းလဲ့ကိုယ်တိုင်ရော အကုန်လုံးကရော သီချင်းတစ်ပုဒ်စီတိုင်းကို အစွမ်းကုန်ကြိုးစားထားကြပါ တယ်။ ပရိသတ်ကို ပေးချင် တာကလည်း မြန်မာသံစဉ်တွေကပျောက်ကွယ်လုနီးပါးဖြစ်နေပြီ။ မြန်မာသံစဉ်အနေနဲ့ ဒီလို လုပ်ပြလို့ရတယ်ဆိုတာ ပရိသတ်သိေ စချင်တဲ့ဆန္ဒလည်းပါပါတယ်။အကုန်လုံးကဒီ အခွေလေး စပြီးပြုလုပ်တဲ့အချိန်ကစပြီး အကောင်းဆုံးတွေချည်းပဲချပြချင်တဲ့ဆန္ဒနဲ့ပါ” လို့ဝင်းလဲ့ချယ်ရီကဆိုပါတယ်။ ဝင်းလဲ့ချယ်ရီက ‘ဓာတုကလျာ’၊ ‘လောကကြီးကိုခါး စောင်းတင်မယ့်လူသား’ စတဲ့တေးစီးရီးခွေနှစ်ခွေကိုလည်းရှေ့မှာထွက်ရှိထားပြီးဖြစ်တဲ့ မြန်မာသံအဆိုတော် တစ်ဦးဖြစ်ပါတယ်။ ဝင်းလဲ့ချယ်ရီကို အရင်တေးစီးရီးခွေတွေ                ထွက်တုန်းကဆံပင်အရှည်ကြီးနဲ့တွေ့ရပေမယ့် အခုစီးရီးခွေမှာတော့ ဆံပင်ပုံစံတိုသွား တာ တွေ့ရတဲ့အတွက် အဲဒီအကြောင်းကိုလည်း မေးဖြစ်တဲ့အခါ “အစ်မ ဆံပင်က ရိုက်ကူး ရေးတွေလုပ်တုန်းကလည်းချေရတာများတယ်။

အဲဒီတော့မကောင်းတော့ဘူး။ တအား လည်း ကျွတ်တယ်။ အဲဒါနဲ့မကောင်းတာတွေကိုညှပ်ထုတ်ပစ်လိုက်တဲ့ သဘောပါ။ အစီအစဉ်တစ်ခုရှိလို့ ပြောင်းလိုက်တဲ့ သဘောမဟုတ်ပါဘူး” လို့ သူကပြောပါတယ်။

ဝင်းလဲ့ချယ်ရီရဲ့ ‘နှလုံးသားရဲ့ဆုပန်ကလျာ’ တေးစီးရီးမှာတော့ နာမည်ကြီးသရုပ် ဆောင်များစွာပါဝင်သရုပ်ဆောင်ထားပြီး ‘နှလုံးသားရဲ့ဆုပန်ကလျာ’ တေး သီချင်း  ဒီဗီဒီနဲ့ပတ်သက်ပြီးလည်း ဂီတအနုပညာခံစားသုံးသပ်တင်ပြပြိုင်ပွဲကိုလည်းထည့် သွင်းထားတာ တွေ့ရပါတယ်။ ဝင်းလဲ့ချယ်ရီရဲ့ နောက်ထပ် အနု ပညာခြေလှမ်း တစ်ခုကတော့ ‘နှလုံးသားရဲ့ဆုပန်ကလျာ’ ပြီးတဲ့နောက် ‘နှလုံးသားရဲ့သခင်’တေး စီးရီးကိုလည်း ထွက်ဖို့ရှိကြောင်းပြောပြခဲ့ပါတယ်။   မြန်မာသံ အဆိုတော်တစ်ယောက်ရဲ့ ရင်ထဲကဆန္ဒကို လည်းသူမက “မြန်မာသံစဉ်ဆိုတာ မြန်မာနိုင်ငံမှာ မရှိမဖြစ်ရှိသင့်တဲ့ ဂီတတစ်ခုပါ။ ဘယ်လိုတေး ဂီတ အမျိုးအစားေ တွပဲပေါ်လာပေါ်လာ မြန်မာတိုင်းရဲ့ရင်မှာမမေ့သင့်တဲ့ အရာလို့ထင်ပါတယ်။ ဝင်းလဲ့ကတော့ ဆက်လက်ပြီးတော့လည်း မြန်မာသံစဉ်တွေပဲသီဆိုသွားမှာပါ။   မြန်မာသံစဉ်ဘက်ကနေရပ်တည်သွားဖို့ပဲရှိပါ တယ်”လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071