Tuesday, December 16, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeArticlesမြင်းခင်းသဘင် ပွဲတော်

မြင်းခင်းသဘင် ပွဲတော်

ပြာသိုလသည် ဆောင်းဥတုအလယ်  ဗဟိုကျသော လဖြစ်၍ အလွန် ချမ်းအေးလှသည်။ ကောင်းကင်ပြင် သည် မိုးတိမ်များကင်း၍ အလွန် သာယာသည်။ နေဝင်သည်နှင့် ပတ်ဝန်းကျင်တစ်ခွင် မြူနှင်းများဖြင့် တစိုစိုဖြစ် လာသည်။  ဤသို့ ငွေနှင်းစိုစို လပြာသိုတွင် ရှေးမြေရှင် ပဒေသရာဇ်ခေတ်တွင် မြန်မာဘုရင်များသည် မြင်းခင်း သဘင်ကို ရာသီပွဲတော်အဖြစ် ပြာသိုလတစ်လလုံးလုံး ကျင်းပသည်။ မြင်းခင်းသဘင်ပွဲဟု ဆိုသော်လည်း မြင်းခင်းသာမက ဆင်စမ်း၊ မြင်းစမ်း၊ လေးစမ်း၊ ဓား ခုတ်လှံထိုး၊ စက်ထိုး၊ ဗလီခတ်၊ သေနတ်ပစ်နှင့် သိုင်းအမျိုး မျိုးတို့ကို ရက်အလိုက် ကျင်းပသည်။  မြင်းခင်းသဘင်ပွဲသည် သူရ သတ္တိနှင့် လက်ရုံးရည်၊ နှလုံးရည်ထူး ချွန်သူတို့ အရည်အချင်းပြပွဲဖြစ်သည်။ တစ်နည်းအားဖြင့် သူရဲကောင်း ရွေး ချယ်ပွဲကြီးလည်းဖြစ်သည်။ မြင်းခင်း သဘင်ပွဲကို သက္ကရာဇ် ၆၇၄ ခုနှစ် ခန့်က ပင်းယတစ်စီးရှင် သီဟသူ လက်ထက်တွင် စတင်ပေါ်ပေါက်ခဲ့ သည်ဟု ယူဆကြသည်။

အချို့ပညာ ရှင်များကလည်း ဒုတိယအင်းဝခေတ် အစ ညောင်ရမ်းမင်းလက်ထက်တွင် ပေါ်လာသည်ဟု ယူဆကြသည်။ မောင်းထောင်သာသနာပိုင် ဆရာ တော်ကမူ သရဘမိဂဇာတ်တော်ကို ကိုးကား၍ မြင်းခင်းသဘင်သည် ရှေးယခင်ကပင်ရှိခဲ့သည်ဆိုသည်။ မြင်းရေး ၃၇ မှာ အဲမောင်း(လှံရေး) ၃၇နှင့် ခွဲခြား၍မရပါ။ မြင်းရေး ၃၇ နှင့်အတူ ကိုင်ဆောင်သော အဲမောင်း (လှံရေး)၃၇သည် တစ်ပါတည်းပါဝင် သည်။ မြင်းစီးဟန် (မြင်းရေး) ၃၇ ကို အမည်နာမများ သတ်မှတ်ထားရှိ သည့်နည်းတူ အဲမောင်း(လှံရေး) ၃၇ တွင်လည်း သတ်မှတ်အမည်များ ရှိပေသည်။

မြင်းစီးဟန်နှင့် လိုက်ဖက် သည့်လှံရေးကို ပြသစီးနှင်ရသည်။ ဥပမာအားဖြင့် ပယ်ဝန်းမြင်းစီးဟန် နှင့်အတူ ပြသရမည့် လှံရေးသည် သက်တင်ရေသောက်ဟန် လှံရေး ဖြစ်သည်။ လှံကိုဝဲယာ ခြောက်ကြိမ် ပြည့်အောင်သွဲ့ပြီး လက်ယာလက်ကို မြှောက်ကွေးပြီး လက်ဖမိုးကို လှံ အထက်အုပ်၍ ပယ်ဝန်းမြင်းစီး ဟန်နှင့် စပ်မိသည့်တိုင်အောင် လှံ သွားကို လက်ယာဘက်မြင်းနှာနှင့် အမျှ ကိုင်တွယ်စီးနင်းခြင်းဖြစ်သည်။ မြင်းကို နိုင်နင်းစွာစီးတတ်မှသာလျှင် တစ်ဖက်ရန်သူနှင့် ယှဉ်ပြိုင်၍ စီး ချင်းထိုးနိုင်သည်။ မြင်းရေး ၃၇ ရေး ကို စီးပြနေချိန်တွင် မြင်းရေး၃၇  ချင်းဟုခေါ်သော သီချင်းကိုစိန်ဆိုင်း၊ မြဆိုင်းများက တီးမှုတ်ဖျော်ဖြေသည်။ သီချင်းစည်းချက်နှင့်အညီ မြင်းများ ကို စီတန်း၍ ဘုရင့်ရှေ့တော်မှောက် တွင် မြင်းရေးပြကြရသည်။ ထို့အပြင် မြင်းရေးသက်သက် အလှစီးသည့် မြင်းရေး ၁၇ မျိုးလည်းရှိသည်။ မြင်း ပြေးနေစဉ် ခြေစုံရပ်၍ စီးခြင်းအပါ အဝင် ၁၇ မျိုးစီးနင်းခြင်းဖြစ်သည်။ မြင်းစီးကျွမ်းကျင်မှု ပြသခြင်းဖြစ် သည်။  လှံထိုးပြိုင်ပွဲအဖြစ် မြင်းကို အပြင်းစိုင်းနှင်လာရာ ကြည့်ရှုသူတို့ သည် မြင်းရှေ့သို့ ရှောက်သီးများ ပစ်ပေးရာ ထိုရှောက်သီးကို မြေမကျ စေဘဲ လှံနှင့်မိအောင် ထိုးကြရ သည်။ ထို့နောက်တစ်ဖန် ရှောက်သီး လုံးများကို မြေသို့လှိမ့်ပေးလိုက်သည်။ မြင်းနှင့်ပြေးနေရင်း ရှောက်သီးလုံး များကို လှံဖြင့်ထိုးယူပြီး အထက်သို့ မြှောက်ပစ်လိုက်ရသည်။ ပြန်ကျလာ သော ရှောက်သီးများကို လှံဖြင့်ခံ၍ စိုက်ဝင်အောင် လုပ်ကြရသည်။  ဓားခုတ်ပြိုင်ပွဲမှာ ငှက်ပျောပင် စည်ကိုဖြတ်လျက် ငှက်ပျောတုံးထိပ် တွင် ရေထည့်ထားသောအိုးတစ်လုံး တင်ထားသည်။ မြင်းကို အပြင်းစိုင်း လာပြီး ငှက်ပျောပင်မလဲအောင်၊ ရေ အိုးမကွဲအောင် ဓားနှင့်ခုတ်ကြရ သည်။

မြန်မာတို့သည် လက်နက် အားလုံးတို့တွင် ဓားကိုအားအကိုးဆုံး၊ ဂုဏ်အယူဆုံးဖြစ်သည်။ ရှေးမြန်မာတို့၏ အဋ္ဌာရသ ၁၈  ပါးတွင် လေးအတတ်ပညာလည်း ပါဝင်သည်။ မြားရေးတွင် မြားရေး ကြီးတစ်ဆယ့်နှစ်ပါး၊ မြားရေးငယ် လေးပါး၊ မြားရေးခြောက်ပါး၊ မြား စွမ်း ခုနစ်ပါးဟူ၍ရှိသည်။ လေးသည် တော်များသည် လေးကိုအမျိုးမျိုး ပစ်ပြကြသည်။ သားသမီးခေါင်းပေါ် တွင် သံပရာသီးကိုတင်၍ သံပရာ သီးကို ထိမှန်အောင် ပစ်ခြင်း၊ မြင်း မြီးဖြင့် တွဲလောင်းချည်ထားသော သံပရာသီးကို လှုပ်ပေးပြီး အဝေးမှ ပစ်ခြင်း စသည့်ယှဉ်ပြိုင်မှုများ အပါအဝင် ပြိုင်ဆိုင်ကြသည်။ ဗလီခတ်ပြိုင်ပွဲသည် ရှေး မြန်မာမင်းညီမင်းသား စစ်သူရဲများ သည် အားကစားတစ်ရပ်အနေဖြင့် ကစားကြသည်။ ဗလီခတ်ကစားနည်း ကို ဂူလီကစားခြင်းဟုလည်း ခေါ် သည်။ ယင်းကစားနည်းသည် ယခု ခေတ် ဂျူဒို၊ အာကီဒိုကစားနည်းများ ကဲ့သို့ အားကစားနည်းဖြစ်သည်။ စစ် ပညာလည်းဖြစ်သော ကစားနည်း ဖြစ်သည်။ သရက်သားအမြစ်ဆုံကို လုံးနေအောင် ပွတ်တင်ပြီး ထုံးဖြူ ရေဝအောင် စိမ်ထားရသည်။ မြင်းစီး လျက် အဆိုပါ ဂူလီသီးအား ထိပ်တွင် ကြေးဝါကောက်တံဘုလုံးစွပ်ထား သော အသားမာသစ်သား ဂူလီတံ များနှင့် ရိုက်ရသည်။ ဂူလီသီးပြေး သွားသည်များ၏နောက်သို့ မြင်း အပြင်းစိုင်းလျက် တစ်ဦးနှင့်တစ်ဦး အရလု ယူကာ ရှေ့သို့ရိုက်ပို့ရသည်။ ကုန်း၊ ကျင်း၊ ရှို၊ မြောင် အတက် အဆင်း၊ အကွေ့အကောက်တို့ဖြင့် အားမာန် အပြည့်နှင့် ဆင်နွှဲကြသည်။ သို့ဖြင့် စစ်မြေပြင်အတွက်မြင်းနှင့် လူကို လေ့ကျင့်ပြီးဖြစ်စေသည်။ နတ်သျှင်နောင်တို့ ညီနောင်သည် ဂူလီရိုက်ရာတွင် အကျော်အမော် ဖြစ်သည်ဟု ဆိုသည်။  သေနစ်ပစ်ပြိုင်ပွဲတွင် သေနတ် ကိုင်တပ်သူများသည် သေနတ် ကိုယ်စီကိုင်၍ သတ်မှတ်ထားသည့် စက်ခွက်ကို ပစ်ကြရသည်။ သတ်မှတ် နေရာတွင် ဘူးသီးကို တင်၍၊ ဒင်္ဂါး ကိုထောင်၍ ပစ်ရခြင်းမျိုးလည်းရှိ သည်။

သေနတ်နှင့် တိုက်ပွဲများကို ရာဇာဓိရာဇ်နှင့် အင်းဝမင်းခေါင် တိုက်ပွဲများတွင် စတင်အသုံးပြုခဲ့ပြီး သေနတ်ဟူသော စကားမှာ အာရဗီ ဘာသာစကားဖြစ်သည်။ မြန်မာတို့ က မီးပေါက်ဟုခေါ်သည်။  မြန်မာတို့သည် ဆင်နှင့်စစ် တိုက်ရာတွင် ထင်ရှားကျော်ကြား သည်။ ဆင်ကိုစီးနင်း၍ စစ်တိုက်ရ သည်မှာ ခက်ခဲပြီး သူရသတ္တိရှိရန် လိုသည်။ စစ်မြေအတွက် ဆင်ကိုစမ်း သပ်လေ့ကျင့်၍ မှတ်ကျောက်တင် ခံသော ဆင်များကိုသာ အသုံးပြု သည်။       မြန်မာ့သိုင်းပညာသည် တစ်ချိန်တစ်ခါက ထိပ်တန်းသို့ ရောက်ရှိခဲ့သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ ‘ပု -ပင်း-အင်း-တောင်၊ သိုင်းဂုဏ်ဆောင်၊ ဓားရောင်တဖွေး ဖွေး’ဟုပင် အစရှိခဲ့သည်။ ပုဂံ၊ ပင်း ယ၊ အင်းဝ၊ တောင်ငူခေတ်များတွင် မြင်းခင်းသဘင်ကျင်းပရာ ပြာသိုလ ရောက်တိုင်း သိုင်းပညာရပ်များ ယှဉ် ပြိုင်ခဲ့ကြသည်ဖြစ်သည်။ ဓားရေး ၃၇၊ လှံရေး ၃၇ တို့သည် သိုင်းပညာ ရပ်များပင်ဖြစ်သည်။ သိုင်းပညာ၏ အခြေခံသဘောမှာ မိမိထက် အင် အားကြီးမားသော လက်နက်သာ လွန်သည့်ရန်သူများအား ကျင်လည် လျင်မြန်စွာ ခုခံနိုင်သော အတတ် ပညာဖြစ်သည်။ ဤမြင်းခင်းသဘင်ပွဲတော် ကြောင့် ကျန်းမာကြံ့ခိုင်သူ၊ မြင်းရေး၊ ဆင်ရေး ကျွမ်းကျင်သူများနှင့် ဓား၊ တုတ်၊ လှံထိုးတို့ကို ထူးချွန်သည့် သူရဲကောင်းများစွာ ပေါ်ထွက်ခဲ့ သည်ဖြစ်၍  မြန်မာနိုင်ငံသည် နှစ် ထောင်ချီ၍ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် ထည်ဝါစွာ ရပ် တည်နိုင်ခဲ့ခြင်းဖြစ်သည်။  တိုင်းပြည်ကာကွယ်ရေးအတွက် သူရဲကောင်းလူစွမ်းကောင်းများစွာ ကို အဆက်မပြတ် မွေးထုတ်ပေးခဲ့ သည့် မြင်းခင်းသဘင်ပွဲတော်သည် ဗြိတိသျှနယ်ချဲ့ခေတ်အစတွင် နိဂုံး ချုပ်သွားခဲ့ပေသည်။

 မြတ်မင်းလှိုင်  

မှီငြမ်း

 ၁။ ဦးအေးနိုင် (BA) အစိုးရဓမ္မာစရိယနှင့် စေတီယင်္ဂဏ (ရွှေတံဆိပ်ရနှင့် အဋ္ဌကထာ ပြန်ကျော်)၊ ဓမ္မာစရိယ၏ ဆယ့်နှစ်ရာသီ မြန်မာ့ရိုးရာ ရာသီပွဲတော်များ 

၂။ စည်းသဗန်၏ မြန်မာ့သွေး၊ မြန်မာ့ ဓား၊ မြန်မာ့စစ်ပညာ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071