ငြိမ်သက်နေသူဟာ
မနက်ခင်းတစ်ခုလုံးကို
ဒီလိုငြိမ်သက်ခြင်းနဲ့ ကုန်ဆုံးစေခဲ့တယ်။
ငြိမ်သက်နေသူဟာ ညနေခင်းတစ်ခုလုံးကို ဒီလိုငြိမ်သက်ခြင်းနဲ့ ကုန်ဆုံးစေခဲ့တယ်။
ငြိမ်သက်နေသူဟာ
ပြောစရာ စကားတွေမရှိတော့သလိုပဲ။
အိမ်သားတစ်ယောက်က နွားနို့နွေးနွေးတစ်ခွက်ကို ယူလာပေးတယ် ….
ငြိမ်သက်နေသူဟာ အခန်းထဲမှာ။ ငြိမ်သက်နေသူဟာ အခန်းထဲ က ကုလားထိုင်မှာ ထိုင်လျက် ငြိမ်ငြိမ်သက်သက်။ ငြိမ်သက်နေသူဟာ ဘာစကားကိုမျှမဆို။ ငြိမ်သက်နေသူဟာ အေးအေးလူလူ တိတ်တိတ်ဆိတ်ဆိတ်။ အိမ်သားတစ်ယောက်က နောက်ဘက် အခန်းထဲကနေ လှမ်းကြည့်တယ်။ သူဟာ ငြိမ်သက်နေသူကို မြင်တွေသွားပြီးနောက် ဘက်အခန်းထဲကို ပြန်လည်ဝင်ရောက် သွားတယ်။ ငြိမ်သက်နေသူဟာ သူ့ဘာသာ သူ ကုလားထိုင်မှာထိုင်လျက် ငြိမ်သက်လို့။ အိမ်သားတစ်ယောက် ရှေ့ဘက်အခန်းကနေ ဝင်လာတယ်။ ငြိမ်သက်နေသူရဲ့ ရှေ့ကို ဖြတ်သန်းသွားတယ်။ မှန်ပါတယ်။ ငြိမ် သက်နေသူက တစ်ချက်လှမ်းကြည့်လိုက်ပြီး ပြန်လည်ငြိမ်သက်သွားတယ်။
ငြိမ်သက်နေသူဟာ မနက်ခင်းတစ်ခု လုံးကို ဒီလိုငြိမ်သက်ခြင်းနဲ့ ကုန်ဆုံးစေခဲ့ တယ်။ ငြိမ်သက်နေသူဟာ ညနေခင်းတစ်ခု လုံးကို ဒီလိုငြိမ်သက်ခြင်းနဲ့ ကုန်ဆုံးစေခဲ့ တယ်။ ငြိမ်သက်နေသူဟာ ပြောစရာ စကားတွေမရှိတော့သလိုပဲ။ အိမ်သား တစ်ယောက်က နွားနို့ နွေးနွေးတစ်ခွက်ကို ယူလာပေးတယ်။ ငြိမ်သက်နေသူဟာ နွားနို့ ခွက်ကိုယူပြီး ဖြည်းဖြည်းချင်း သောက်တယ်။
အပြင်ဘက်မှာ ညနေစောင်းမှောင်ရီရီ အချိန်ကိုရောက်ပါပြီ။ ငြိမ်သက်နေသူဟာ ငြိမ်သက်ခြင်းနဲ့ ကျင့်သားရနေသလိုပဲ။ နောက်ဘက်အခန်းထဲမှာ အိမ်သားတွေဟာ ညစာအတွက် စီစဉ်နေကြတယ်။ ငြိမ်သက် နေသူဟာ ကုလားထိုင်ပေါ်မှာထိုင်လို့ ငြိမ် သက်လျက်ပဲ။ ညနေစောင်း မှောင်ရီရီ လမ်းမီးတွေ လင်းလာပြီ။ လမ်းပေါ်မှာ လူ တွေအသီးသီးကိုယ့်အိမ်ဂေဟာဆီကို ပြန် နေကြပြီ။ ငြိမ်သက်နေသူကတော့ သူ့ ဘာသာ ငြိမ်သက်မြဲ၊ တိတ်ဆိတ်မြဲ။ ငြိမ် သက်နေသူငဲ့။ ဘာကြောင့်များ စကားမဆို ခုလို ငြိမ်သက်နေရတာလဲ။ အို … ငြိမ်သက်နေသူငဲ့ အပြင်ဘက်မှာ ညဥ့်ဦးယံ အမှောင်လွလွနဲ့အတူ လဲ့လဲ့ပျပျ ကြယ် ကလေးတွေ ထွက်ပြူလို့လာပြီကွဲ့။
ဘာကြောင့်များ စကားမဆို ခုလို ငြိမ်သက်နေရတာလဲ။ အို … ငြိမ်သက်နေသူငဲ့ အပြင်ဘက်မှာ ညဥ့်ဦးယံ အမှောင်လွလွနဲ့အတူ လဲ့လဲ့ပျပျ ကြယ် ကလေးတွေ ထွက်ပြူလို့လာပြီကွဲ့။ ဘာကြောင့်များ ငြိမ်သက်နေရတာ လဲ။ ငြိမ်သက်နေသူငဲ့။ နေ့ရက်တွေကို ဖတ် ပြီးသားစာ အုပ်တစ်အုပ်လို လှန်လှောလို့ ရွတ်ဆိုဖတ်ရှု ကြည့်ပါဦးကွဲ့။ ဟိုမှာ အလင်း ရောင်ထဲ ပိုးဖလံတွေ ပျံဝဲလို့ တိုးဝင်နေကြ တယ်။
နေမျိုး