Wednesday, December 17, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeCelebrities' NewsံH1N1 ရောဂါပိုးအန္တရာယ်ကနေ ကာကွယ်နိုင်စေဖို့...

ံH1N1 ရောဂါပိုးအန္တရာယ်ကနေ ကာကွယ်နိုင်စေဖို့ ဆရာဝန်အနုပညာရှင်တို့ရဲ့ အကြံပြုစကားသံများ

jj

လက်ရှိရက်သတ္တပတ်အတွင်းမှာပြည်သူလူထုအနေနဲ့ စိုးရိမ်ပူပန်စိတ်လွန်ကဲနေကြတာက H1N1 ရောဂါပိုးကိုပါ။ H1N1 ကြောင့် ဝေဒနာခံစားပြီး သေဆုံးသွားသူတွေလညှ်းရှိသလို ဆေးကုသမှု ခံယူနေကြရတဲ့လူနာတွေလည်းရှိပါတယ်။ မဖြစ်ခင်ကကြိုတင်ကာကွယ်ဆိုသလိုပဲ မိမိကျန်းမာရေးကို  မိမိဂရုစိုက်ပြီး ရောဂါမဖြစ်ပွားစေနိုင်ဖို့ ကာကွယ်ရေးအစီအစဉ်တွေနဲ့ ပြုမူနေထိုင်မယ်ဆိုလို့ရှိရင် H1N1 အတွက် စိုးရိမ်စရာမလိုလှပါဘူး။ H1N1 နဲ့ ပတ်သက်လို့ ဘယ်လိုမျိုးပြုမူနေထိုင်သင့်တယ်၊ ရောဂါပိုးကို ကာကွယ်ဖို့အတွက် ဘာတွေလိုအပ်တယ်ဆိုတာနဲ့ ပရိသတ်တွေအတွက် အားပေးစကားသံတွေကို အနုပညာ ရှင်တွေလည်းဖြစ်ကြသလို ဆရာဝန်တွေလည်းဖြစ်ကြတဲ့ အဆိုတော် ဖြိုးပြည့်စုံ၊ အဆိုတော် သရုပ်ဆောင် ချစ်သုဝေ၊ အလှမယ် အေးချမ်းမိုးတို့ကို  မေးမြန်းပြီးဖော်ပြလိုက်ပါတယ်။

ဖြိုးပြည့်စုံ
ဒီ H1N1 ဆိုတာအရင်ကရှိတဲ့ Virus ဆိုပေမယ့် ပရိသတ်ကြားမှာ Hot ဖြစ်တဲ့ Virus မျိုးမဟုတ်ဘူး။ ဒါပေမဲ့ ဖြစ်လာရင် ကြောက်ဖို့ ကောင်းတယ်။ များသော အား ဖြင့် ရာသီချိန်မှာဖြစ်တတ်တဲ့ တုပ်ကွေးလို Virus မျိုးကတော့ များသော အားဖြင့် ဖြစ်တတ်တယ်။ မြန်မြန်လည်းပျောက်တယ်ပေါ့။ H1N1 ကျတော့ အရေးလည်း ကြီးတယ်။ တစ်ခါတလေမှလည်း ပေါ်တတ်တဲ့ Virus ပါ။ နောက်ပြီး တော့ သူက မျိုးရိုးဗီဇပြောင်းနိုင်တဲ့ Virus မျိုးပါ။ ခုခံအားကျနေတဲ့ အချိန်မှာ ရောဂါရဲ့အခြေအနေ ပေါ်လာတယ်။ ကျွန်တော်တို့လည်း လူများတဲ့နေရာ၊ လူစည်းကားတဲ့နေ ရာကို သွားရမှာပဲလေ။ ဆိုတော့ ကိုယ့်ခုခံအားကို ကိုယ်တင် ထားဖို့ လိုတယ်။ ခုခံအား တက်ဖို့ B2 နဲ့ပတ်သက်တဲ့အား ဆေး တွေရှိ တယ်။ Vitamin C တွေရှိတယ်။ အာဟာရ ကောင်း ကောင်းစားမယ်။ ကောင်း ကောင်း အိပ်မယ်ပေါ့နော်။ တီဗီ လိုရောဂါ မျိုးကလည်း အသက် ရှူလမ်းကြောင်းကနေကူးတာပဲ။ ဒါပေမဲ့ တီဗီကျတော့ချောင်းဆိုးပြီး တော့ သလိပ်ကနေ ရောဂါပိုးက ပျံ့တာ။ ဒါပေမဲ့ ရောဂါပိုးကလေး တယ်လေ။ ဝေးဝေးလည်းမသွားနိုင် ဘူး။ နည်း နည်း လေးသွား ပြီးသွားလို့ရှိ ရင်သူ့ရဲ့ အလေး အချိန်ကြောင့် ပြုတ်ကျပြီး မြေကြီး ပေါ်ရောက်သွားတာပေါ့။ H1N1 ကျတော့ အမှုန်အမွှားလေး တွေ ဖြစ်တဲ့အတွက် လေတိုက်ရင် တိုက် သလောက် လွင့်သွားတာပေါ့။ ဒါပေမဲ့ဘယ်လောက်လွင့်လွင့် သူလွင့်တဲ့ပမာဏက ဝေးလေကိုယ့် ဆီရောက်တဲ့ပမာဏကနည်း လေဖြစ် သွားမှာပေါ့။ ကိုယ်ကလည်း ခုခံအား ကကောင်း နေမယ်ဆိုရင် ရောဂါပိုး ဝင်ရင်တောင်မှ ရောဂါ ဖြစ်တဲ့အဆင့် အထိ မဖြစ်နိုင်ဘူးပေါ့။ အဓိက ကတော့ လူဦးရေများပြားပြီး ရောဂါ ဖြစ်နိုင် တယ်လို့ သံသယရှိ တဲ့နေရာ မျိုးတွေ၊ စိုထိုင်းမှုအား တွေများပြီး တော့ လူထူတဲ့နေရာ မျိုးတွေမှာ Mask ကို သုံးသင့်တယ်။ Mask ကိုတောင်မှ N95 ကိုရချင်ရ၊ မရရင် လည်းရှိတာနဲ့ပဲ ကာကွယ် ရမှာပေါ့။ အဓိကက ကျွန်တော် ပြောချင်တဲ့ Message က ကိုယ့်ခုခံအား ကိုယ် တင်ထားပါ။ ကိုယ့်မှာရှိတဲ့ Mask နဲ့ ရောဂါဖြစ်ပွားမှုများတဲ့ အခြေအနေ၊ ပတ်ဝန်းကျင်မျိုး ရောက်ရင် ဆောင် ထားပါ။ သူကလေ ထဲမှာ ပျံ့တာ ဖြစ်တဲ့အတွက် လူဦးရေ ထူထပ်ပြီး ပမာဏများမှသာ ကိုယ့် ဆီရောက် လာမှာ။ လွယ်လွယ်လေးနဲ့လည်း မကူးနိုင်ပါဘူး။ ဒါပေမဲ့လည်း ကြို တင်ကာကွယ်ထားတာက ဖြစ်လာမှ ကုသတာထက်စာရင် အကောင်း ဆုံးပါပဲ။

အေးချမ်းမိုး
H1N1 ရောဂါပိုးက ရိုးရိုး သာမန်တုပ်ကွေးလိုပဲ။ သူ့ရဲ့ လက္ခဏာတွေက သိပ်ပြီးမထူးခြား ဘူး။ ပုံမှန်ဆိုရင် ဖျားနာမယ်၊ နှာစီး မယ်၊ ကိုယ်အရမ်းပူမယ်၊ ဒီလက္ခ ဏာတွေပဲရှိတယ်။ ဒါမျိုးတွေကို ကိုယ် သောက်နေကျ ဆေးလေး သောက်လိုက်ရင် ပျောက်သွားမှာပဲ ဆိုပြီး ပေါ့လျော့ နေမိတာမျိုးတွေ လည်း ဖြစ်တတ် တယ်။ H1N1 က အခန့်မသင့်ရင်အသက် အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်။ “ကြို တင်ကာ ကွယ်ခြင်းဟာ ကုသခြင်း ထက် ကောင်းပါတယ်”။ ဒါကြောင့် အခု လည်း လမ်းပေါ်မှာ ဆိုရင် Mask  လေးတွေ အုပ်ထားတာတွေ တွေ့ရ တယ်။ ဆေးရုံတွေမှာ ဆိုရင် တော့ ဆရာဝန် တွေက ကူးစက်ဖို့ ရာခိုင် နှုန်း များတာပေါ့။ ညီမ ကိုယ်တိုင် လည်း House Surgeon ဆင်းခဲ့ တာဆိုတော့ ဆရာဝန်တွေရဲ့ ခံစား ချက်ကို နား လည်ပါတယ်။ ကိုယ့် ကိုယ်ကိုယ်ကူးစက်မှာ မစိုး ရိမ်ဘဲနဲ့လူနာတွေကို ဂရု စိုက် ပေးကြရတယ်။ ဆရာဝန် တွေရော၊ ပြည်သူပြည်သား တွေလည်းကိုယ့် ကိုယ်ကိုယ်ဂရုစိုက် ကြဖို့ပြော ချင်ပါတယ်။ အားလုံးတော့ Mask တပ်ထားတာမတွေ့ရသေး ဘူး။ ပုံမှန်အစိမ်းရောင် Mask လေး တွေထက်၊ H1N1 ပိုးကို ကာကွယ်နိုင်တဲ့ N95 လေး တွေကိုအသုံးပြုဖို့ အတွက်လည်း ညီမ တိုက်တွန်းချင်ပါတယ်။ တအား ကြီး စိုးရိမ်လွန် ပြီး အိမ်ထဲ က အိမ် ပြင်မထွက်တာမျိုးလည်း မလုပ်ကြ ပါနဲ့။ ကိုယ်လုပ်ရမယ့် နေ့စဉ်လုပ်ငန်း ဆောင်တာတွေကို လုပ်ပါ။ တစ်ဖက် တစ်လမ်းကနေ ကိုယ့်ကိုယ်ကာ ကွယ်ပေးမယ့်ဒီလို နည်းလမ်းလေး တွေကိုလည်းလုပ်ပါလို့ ညီမတိုက် တွန်းချင်ပါတယ်။

ချစ်သုဝေ
H1N1 ကအရမ်း ကြောက်စရာကောင်း တယ်။ ရိပ်ဖမ်းသံဖမ်းတွေ နားထောင် တာ ထက်ကျန်း မာရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်း Source  ကို နားထောင်ကြပါ။ မမသိထားတဲ့ Knowledge လေး တွေကို ဝေမျှရရင် ကိုယ့်ရဲ့ Hygiene  ကိုဂရုစိုက်၊ လက်ဆေး ခြင်းကို ခဏခဏလုပ်ပါ။ ကိုယ်ကိုယ် တိုင် ရောဂါပြန့်ပွားမယ်လို့ ထင်နေ ရင်၊ နှာစေးချင်သလိုလို၊ ချောင်းဆိုး ချင်သလိုလိုဖြစ်ရင် ကိုယ့်ဆီကပိုး သူများဆီမကူးအောင် Mask တပ်၊ အိမ်ထဲမှာနေ၊ လူထူထပ်နေတဲ့ နေရာ တွေကို ရှောင်ပါ။ ကိုယ့်ကိုယ် ကိုယ်ကျန်းမာအောင်နေ၊ အိပ်ရေး ဝဝအိပ်ပြီး၊ ကျန်းမာရေးနဲ့ သင့်တော် တဲ့အစားအသောက်တွေကို စားပါ။ အကောင်းဆုံး အလေ့အကျင့်ကတော့ လက်ကို ဆပ်ပြာနဲ့ ဆေးခြင်းပါပဲ။ အစားအစာနဲ့ နို့ဘူးတွေ ကိုင်ပြီးရင် လည်းလက်ဆေးတယ်။ ပိုးမဝင် အောင်ရယ်၊ သန့်ရှင်းအောင် ရယ် လည်းအမြဲလုပ်တယ်။သမီးလေး တွေရဲ့ပတ်ဝန်းကျင်မှာနေရသူအား လုံးကိုလည်းဆေးထိုးပေးထားတယ်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071