Friday, May 23, 2025

တရုတ်နိုင်ငံ၌ မြေပြို၍ လူလေးဦး‌ေ-သဆုံး

ကွေ့ယန်၊မေ ၂၂ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၌ ကြာသပတေးနေ့က မြေပြို၍ လူလေးဦးအထိ ‌ေ-သဆုံးပြီး ၁၇ ဦးပိ-တ်မိနေသေးကြောင်း ပြည်နယ်အစိုးရက ပြောကြားခဲ့သည်။ အဆိုပါမြေပြိုမှုသည် မြို့နှစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး...

အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ‌ေ-သဒဏ်ချမှတ်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ အသက် (၁၆) နှစ်အရွယ် အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ‌ေ-သဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ ယမန်နေ့ မေလ (၂၂)ရက်တွင် တောင်ငူခရိုင်တရားရုံးက...

အလွန်ပါး‌သော Galaxy S25 Edge...

ဆမ်ဆောင်းအီလက်ထရွန်းနစ်၏ အပါးလွှာဆုံးစမတ်ဖုန်းအသစ်ဖြစ်သော Galaxy S25 Edge သည် ၅.၈ မီလီမီတာပရိုဖိုင်ရှိပြီး ပေါ့ပါးသော ဒီဇိုင်းဖြင့် ၁၆၃ ဂရမ်သာ လေးသည်။...

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၀)ကျော်ရှိ ရပ်ရွာလူထုနှင့်...

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၅)မြို့နယ်ရှိ ရပ်ရွာလူထုနှင့် ကလေးများအနေဖြင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်အား သိရှိသတိပြုမိစေရန် အသိပညာပေးခြင်းအစီအစဉ်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေးအစီအစဉ်ကို...
HomeCelebrities' Newsဝေဖန်ကြတဲ့သူတွေကို ဘာမှမတုံ့ပြန်ချင်ပါဘူး ညီမရဲ့စိတ်ကိုပဲ...

ဝေဖန်ကြတဲ့သူတွေကို ဘာမှမတုံ့ပြန်ချင်ပါဘူး ညီမရဲ့စိတ်ကိုပဲ အဖြူစင်ဆုံး ထားပါတယ်…. Miss Grand Myanmar 2017 အလှမယ်အေးချမ်းမိုး

[spb_text_block animation=”none” animation_delay=”0″ padding_vertical=”0″ padding_horizontal=”0″ width=”1/1″ el_position=”first last”]

[/spb_text_block] [spb_text_block animation=”none” animation_delay=”0″ padding_vertical=”0″ padding_horizontal=”0″ width=”1/1″ el_position=”first last”]

6th Miss Universe Myanmar Congratulations Party မှာ National Director ဖြစ်သူ ဒေါ်စိုးယုဝေက Miss Grand Myanmar အဖြစ် ရွေးချယ်လိုက်ကြောင်း ကြေညာခဲ့တဲ့အတွက် အံ့အားသင့်​ခဲ့ရကြောင်း အလှမယ်အေးချမ်းမိုးက ပြောပါတယ်။


”ညီမအခုအချိန်ထိတောင် ရင်တုန်နေတုန်းပါပဲ။ ကိုယ့် ကိုယ်ကိုယ်လည်း မမျှော်လင့်ထားပါဘူး။ ဒီနေ့မှာ surprise လုပ်လိုက်တဲ့အတွက် စိတ်ထဲမှာ ရှော့ခ် ဖြစ် သွားတယ်။ ၀မ်းနည်း ၀မ်းသာပေါ့။” လို့ပြောပါတယ်။ 

Organizationဘက် ကသူ့ကို ယုံကြည်ပြီး စေလွှတ်တဲ့အတွက် အချိန်အရှိတဲ့ကြားကပဲ ယုံကြည်မှုရှိရှိနဲ့ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
Miss Grand Myanmar 2017 သရဖူရုပ်သိမ်းခံရတဲ့အလှမယ် ရွှေအိမ်စည် အပေါ်ကိုရော ဘာများပြောချင်ပါသလဲလို့ မေးတော့…

”ညီမအနေနဲ့ ဘာမှပြောစရာစကားမရှိပါဘူး။ ညီမလည်း ဒီကိစ္စ တွေကို သေချာလည်း မသိဘူး။ အခုမှ ဒီနေ့ပွဲမှာ organization က မစိုးယုဝေက ကြေညာလိုက်တဲ့အတွက် ညီမကို လွှဲပြောင်းပေးလိုက်တယ်။ Organization ကတာဝန်ပေးတဲ့အတွက် တာဝန်ကျေကျေနဲ့သွားချင်ပါတယ်။”လို့ပြောပါတယ်။

မြန်​မာနိုင်​ငံအတွက်မျက်နှာမငယ်အောင် ကြိုးစားခဲ့ပါမယ်ဆိုတဲ့ အလှမယ်အေးချမ်းမိုးက.. ..”အခက်​အခဲ ကြားက သွားရောက်ယှဉ်ပြိုင် တာဖြစ်တဲ့အတွက် ညီမဆီမှာ အခက်အခဲတွေအများကြီး ရှိပါတယ်​။ အခက်အခဲတွေကြားက ညီမကို အားပေးတဲ့ပရိသတ်တွေလည်း ဆက်ပြီး အားပေးပေးပါ။ ကိုယ့်နိုင်ငံကို မျက်နှာ မငယ်ရအောင် ညီမတတ်စွမ်းသလောက် အစွမ်းကုန် ကြိုးစားပါ့မယ်။ နိုင်​ငံတကာစင်မြင့်ကတော့ ညီမတို့ မြန်မာနိုင်ငံကစင်မြင့်နဲ့ ပုံစံမတူဘူးပေါ့။ အလှမယ်တွေအများကြီး ရှိတဲ့အတွက် အလှမယ်တွေနဲ့တန်းတူ အကောင်းဆုံး ကြိုးစားမယ်ဆိုတာကိုတော့ ကတိပေးချင်ပါတယ်။ ” လို့ပြောပါတယ်။

ဝေဖန်နေကြတဲ့ သူတွေကို အပြစ်မပြောချင်ဘဲ အဖြူစင်ဆုံးစိတ်ပဲထားသွားမယ်ဆိုတဲ့ အလှမယ် အေးချမ်းမိုးက.. .

‘ညီမတို့ အနုပညာရှင်တွေကတော့ ကောင်းတာပြောခံရတာရှိသလို ဝေဖန်တိုက်ခိုက်ခံရတာတွေလည်း ရှိမှာပါပဲ။ ပြိုင်ပွဲတွေမှ မဟုတ်ပါဘူး။ အပြင်လောကမှာ ကျင်လည်နေကြတဲ့ အနုပညာအသိုင်းအ၀ိုင်းက အနုပညာရှင် တွေလည်း ကြုံတွေ့နေရတဲ့ အရာတစ်ခုပါ။ သူတို့ကို ဘာမှမတုံ့ပြန်ချင်ပါဘူး။ ကိုယ့်ရဲ့ စိတ်ရင်းကပဲ ဖြူဖြူစင်စင်လေးထားချင်ပါတယ်။ အပြစ်ပြောတဲ့သူတွေကိုလည်း ဘာမှ အပြစ်မပြောချင်ပါဘူး။ ညီမအားလုံးကို အဖြူစင်ဆုံးစိတ်ထားတယ်။ အားလုံးကလည်း ညီမကို အပြစ်မမြင်ပဲနဲ့ အကောင်းဆုံး ပံ့ပိုးပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ပြောပါတယ်။

Photo – Studio De Invictus

[/spb_text_block]

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071