Wednesday, December 17, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeArticlesမြေတူးစက်မြင်ရုံနဲ့ ကမ္ဘာပျက်သွားသော ကမ္ဘာ

မြေတူးစက်မြင်ရုံနဲ့ ကမ္ဘာပျက်သွားသော ကမ္ဘာ

လူဟာ ကဗျာ’ဆာ’တတ်တယ် ဆိုတာ အထူးပြောစရာ မလိုပါဘူး။ ကဗျာဆာတယ် ဆိုတာ အခြား အာဟာရဆာပုံမျိုးနဲ့ လုံးဝမတူပါဘူး။ ကဗျာဆာချိန် ကဗျာ ကောင်း လေးတစ်ပုဒ်၊ စားသုံးလိုက် ရပေမယ့် အခြား အာဟာရနဲ့မတူဘဲ မောကျန်ရစ်ခဲ့တာမျိုးတွေ ရှိတတ် ပါတယ်။

 ဟာ ကဗျာ’ဆာ’တတ်တယ် ဆိုတာ အထူးပြောစရာ မလိုပါဘူး။ ကဗျာဆာတယ် ဆိုတာ အခြား အာဟာရဆာပုံမျိုးနဲ့ လုံးဝမတူပါဘူး။ ကဗျာဆာချိန် ကဗျာ ကောင်း လေးတစ်ပုဒ်၊ စားသုံးလိုက် ရပေမယ့် အခြား အာဟာရနဲ့မတူဘဲ မောကျန်ရစ်ခဲ့တာမျိုးတွေ ရှိတတ် ပါတယ်။  အခုလည်း ‘မောမော’နဲ့ ပြော မယ်။ ၈-၈-၂ဝ၁၇ ရက်နေ့က လိုင်း ပေါ်တက်လာတဲ့ မန္တလေးသား လူငယ် ကဗျာဆရာလေး ထွဏ်း သွေးအိမ် ရေးဖွဲတဲ့ ‘မြေတူးစက် ဝင် လာတော့ တစ်လမ်းလုံး လန့်ကြ တယ် ‘ခေါင်းစဉ်နဲ့ ကဗျာဟာ ကဗျာ ဆာသူ ကျွန်တော့်လို ‘အဆာပြေ’ သွားတဲ့ ကဗျာတစ်ပုဒ်ပါ။ ဟိုတစ် နေ့ကလည်း သူငယ်ချင်းစာရေး ဆရာ သိုက်ထွန်းသက်ရဲ့  စာမျက် နှာမှာလည်း  ကျွန်တော်တို့လည်း  မြို့ပေါ်မှာ နေပေမယ့် ငြိမ်းချမ်းမှု မရှိပါဘူး မန္တလေးညများရဲ့  လမ်းတွေပေါ် ခိုးဆိုးလုရိုက်နဲ့ ပြိုင်ကား သရဲများလက်ထဲအသက်ပုံအပ်ထားရပါတယ် အမေ (ညရှစ်နာရီလောက်မှ အရောင်း ဆိုင်က ဆိုင်ကယ်စီးပြီး အိမ်ပြန်ရတဲ့ မြေးလေးအသံ)

ဆရာသိုက်ရဲ့’မန္တလေးည’ ဒီလို ထိတ်လန့်စွာတွေနဲ့ ဖတ်ရသလို လူငယ်ကဗျာဆရာလေး ထွဏ်းသွေး အိမ်ရဲ့ ‘မန္တလေးနေ့’ ကိုလည်း သွေး ပျက်မတတ် ဒီလိုဖတ်ရတယ်။

  မြေတူးစက် ဝင်လာတော့  တစ်လမ်းလုံး လန့်ကြတယ်

လမ်းထိပ် ကွမ်းယာဆိုင်က ကိုကံကောင်းက စသိတာ သူအော်ဝင်လာတယ် လမ်းထဲကိုမြေတူးစက်ကြီး  ဝင်လာပြီဆိုတဲ့ အကြောင်း ခွေးတွေက ထိုးဟောင်တယ် မြေတူးစက်ပေါ်က  သူတွေက မျက်နှာမာတယ် ဘာမေးမေး မဖြေဘူး။

 မြေတူးစက်ပေါ်မှာ  ဗီဒီယိုထဲမှာ မြင်ဖူးတဲ့  အဝါရောင် ကြိုးခွေကြီး တွေ့တယ် အိမ်တွေအသီးသီးက  တံခါးတွေ ပြေးပိတ်ကြတယ် တချို့လည်း အော်နေပြီ

“သူခိုးခိုးတာမှ  ကျန်သေးတယ်”တဲ့

“ဒါကြောင့်  ဂရန်ထောက်ထား  ငါမပြောဘူးလား”

လမ်းထဲကသူတွေ  ဟောင်နေတဲ့ ခွေးကိုပဲ ဟောက်တာ မြေတူးစက်ကို  ခဲနဲ့မပစ်ရဲဘူး။

‘ အကြော်တွေမကုန်ဘဲ  ပြေးခဲ့လို့ အပျိုကြီးညည်းတယ် ဆိုင်တွေအစောကြီး ပိတ်ရလို့ ကိုပေါက်လည်း ဒေါကန်တယ် အချွန်းအမေကတော့  အော်နေလေရဲ့ “အသေအချာ မေးကြည့်ပါဦးဟဲ့  သေချာမေးကြည့်ပါဦး” ဆိုပြီး။

‘ အိမ်ဘေးက ပိုဆိုးတယ် ငါတို့လည်း အရင်ကထက် ပိုကြောက်ရတာ အရင်ကထက်  ပိုကြောက်ရတာဆိုပြီး ဒါလည်း  မြေတူးစက်ပေါ်ကသူတွေ မျက်နှာမာဆဲ။

ကဗျာဆရာထွဏ်းသွေးအိမ် ဟာ သူ့ကဗျာ၊ ပြိုင်ကားတစ်စင်းရဲ့ အရှိန်နဲ့ ဒီလို’တင်’လာပြီးမှ မြေတူး စက်မောင်းသလို အရှိန်’ ချလိုက်ပုံက’

ရပ်ကွက်ဥက္ကဋ္ဌလည်း ရောက်ပြီ ဓမ္မာရုံလူကြီးလေးစောလည်း ရောက်ပြီ တံခါးတွေလည်း  ပြန်ဖွင့်လာကြပြီ အသံတွေ ပိုဆူညံလာကြတယ်။’ မြေတူးစက်ဟာ ဘာမှမလုပ်ဘူး ၇၂ လမ်းကနေ  ၇၃လမ်း ဖြတ်တော့ ကမ္ဘာပျက်တာပေါ့ ခေတ်ကာလကလည်း  ကြည့်ဦးလေ အစောကြီး  မှောင်မှောင်သွားတာ။ ဟုတ်။

ဒါကတော့ ‘မြေတူးစက် ဝင်လာတော့ တစ်လမ်းလုံး လန့်ကြ တယ်’ဆိုတဲ့ လူငယ်ကဗျာဆရာ ထွဏ်းသွေးအိမ်ရဲ့ ခေတ်ပြိုင်ခံစား မှု ‘အလှစား’ကဗျာတစ်ပုဒ်ပါပဲ။ လမ်းရှောင်ပြီး ဝင်လာတာလား။ ‘မှား’ဝင်လာတာလား မသိတဲ့ မြေတူး စက်ကြီး ကြည့်ဦး။ အထိတ်တလန့် ကမ္ဘာပျက်တဲ့အကြောင်း ရေးဖွဲ့ထား တာပါ။  လမ်းရှောင်ပြီး ဝင်လာတာ လား။ မှားဝင်လာတာလား။ ရိုးသား တဲ့ ရပ်ကွက်ထဲကလူတွေကတော့ ‘ကြောက်’တယ်။  ဘယ်လောက်အကြောက်ကြီး သလဲဆိုရင် မြေတူးစက်ကြီးလည်း ကြောက်တယ်။ မြေတူးစက်မောင်း သူကြီးရဲ့ မျက်နှာမာကြီးလည်း ကြောက် တယ်။ မြေတူးစက်ကြီးပေါ်က အဝါ ရောင် ကြိုးခွေကြီး လည်းကြောက် တယ်။ ကြောက်တာကိုလည်း အပစ် မပြောရက်ဘူး။ သူ့ကဗျာထဲက အတိုင်း ‘မြေတူးစက်ကြီးကို ခဲနဲ့ပစ် ကြည့် ပါလား’ ။ ဘယ်သူမှ မပစ်ကြပါဘူး။  ခေတ်ကာလကလည်း အစော ကြီး မှောင်မှောင်သွားတာ ဥစ္စာ။

ကိုငြိမ်း (မန္တလေး)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071