ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတွေက ကျောင်း ပိတ်ရက်ရှည်တွေ၊ ရုံးပိတ်ရက်တွေ များတဲ့ ကာလတွေ ဖြစ်တဲ့အတွက် ကြောင့်လည်း မိသားစုခရီးပဲဖြစ်ဖြစ်၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ်၊ တစ်ဦးချင်းပဲဖြစ်ဖြစ် ခရီးတွေထွက်လေ့ရှိကြပါတယ်။ ဒီလိုခရီးထွက်ကြမယ်ဆိုရင်တော့ လှပပြီးအေးချမ်းလှတဲ့ မြို့လေး တစ်မြို့အကြောင်းကို ပြောပြချင် ပါတယ်။ အဲဒီမြို့လေးကတော့ ကလောမြို့ပဲဖြစ်ပါတယ်။
လှပအေးချမ်းလှတဲ့ ကလောမြို့
ကလောမြို့ကိုမရောက်ခင် ကလောမြို့ဆီသို့သွားရာ လမ်းတစ် လျှောက်ကပင် တောတောင်ရှုခင်း တွေရဲ့ အလှကို တစ်ဝကြီးခံစားရင်း နဲ့ သန့်စင်တဲ့လေတွေကိုရှူရှိုက်ရင်း မြို့ပြရဲ့ မွန်းကျပ်မှုတွေကို ဖြေလျှော့ နိုင်ခွင့် ရကြမှာပါ။ ဒီလိုနဲ့ လမ်းတစ်လျှောက် အလှအပတွေကို ခံစားရင်း ကလောမြို့ကိုရောက်ပြီဆိုတာနဲ့ တောင်တွေပေါ်မှာ ဆောက်ထားတဲ့ အိမ်တွေနဲ့ ဟိုတယ်တွေ၊ မိုတယ်တွေ ကို မြင်တွေ့ကြမှာပဲဖြစ်ပါတယ်။တချို့ ဟိုတယ်တွေ၊ မိုတယ်တွေဆို ရင် တောင်စောင်းတွေမှာ ဆောက် ထားတာကို တွေ့မြင်ရမှာပါ။ ဒါကပဲ ကလောမြို့ရဲ့ မြို့ပြအလှတစ်ရပ်ပဲ ဖြစ်ပါတယ်။ ကလောမြို့ကို ရောက် တာနဲ့ ကလောမြို့မဈေးကို သွား ရောက် လည်ပတ်ကြဖို့လိုပါတယ်။ ကလောမြို့မဈေးက နေ့စဉ်ဖွင့်တာ ဖြစ်ပေမယ့် လပြည့်၊ လကွယ် ဆိုရင် တော့ ဈေးပိတ်ပါတယ်။ ဈေးထဲမှာ တော့ ရှမ်းရိုးရာ အစားအစာများ အပြင် ရိုးရာပစ္စည်းများကို ရှမ်းသံ ဝဲဝဲလေးတွေနဲ့ ရောင်းချနေကြတဲ့ ဈေးသည်တွေကိုလည်း တွေ့ကြရ မှာပါ။ ကလောဈေးက စည်ကား လှတဲ့ဈေးလည်း ဖြစ်ပါတယ်။ ဒီဈေး မှာတော့ ဈေးရဲ့အလှ၊ ဈေးသည် တွေရဲ့ သရုပ်သကန်ပုံရိပ်တွေကို မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးနေ ကြတဲ့ နိုင်ငံခြားဧည့်သည်တွေလည်း များစွာရှိပါတယ်။ ကလောမြို့မဈေး ကို ရောက်ပြီးပြီ ဆိုရင်တော့ ရေပြာ အိုင်ဆီကို သွားကြဖို့ ညွှန်းချင်ပါ တယ်။
မြသပိတ်ရေပြာအိုင်၊ တောကျယ် ရေတံခွန်၊ မိန်းမရဲသခင်မတောင်
ကလောကနေ ရေပြာအိုင်ကို သွားရာ လမ်းတစ်လျှောက်မှာ လှပ လွန်းတဲ့ ပန်းခင်းတွေနဲ့ ရှုခင်းရှုကွက် တွေကို မြင်တွေ့ခံစားကြရမှာပါ။ ပန်းခင်းတွေဆီကို သွားရောက်ပြီး အမှတ်တရ ဓာတ်ပုံတွေလည်း သွား ရောက် ရိုက်ကူးလို့ရပါတယ်။ ဒီလိုနဲ့ ရေပြာအိုင်ကို ရောက်တဲ့အခါမှာ တော့ သဘာဝအလျောက်ဖြစ်တည် နေတဲ့ ရေပြာအိုင်ကို တွေ့မြင်ရမှာပါ။ ရေပြာအိုင်ပရဝဏ်အတွင်းမှာ မျက်နှာ၊ ခြေ၊ လက် ဆေးကြော သန့်စင်ခြင်း၊ ခပ်ယူသောက်ချိုး သုံး ဆောင်သယ်ယူခြင်း၊ သစ်ကိုင်း သစ်ခက် ချိုးခုတ်၊ အမှိုက်စွန့်ခြင်း၊ မသင့်မတော် ပြောဆိုပြုလုပ်ခြင်းတို့ ကို မပြုလုပ်ကြဖို့ မေတ္တာရပ်ခံထားတဲ့ ဆိုင်းဘုတ်ကိုလည်း မြင်တွေ့ကြရ မှာပါ။ရေပြာအိုင်ကို လေ့လာပြီး ရင်တော့ တောကျယ်ရေတံခွန်ကို ဆက်သွားရမှာပါ။ ရေတံခွန်ကို သွားရာလမ်းလေးကလည်း တကယ် ကို တိတ်ဆိတ်ငြိမ်သက်လို့ ရေကျသံ တွေကလည်း ဂီတသံတစ်ခုရယ်ပါ။ တောကျယ်ရေတံခွန်ရဲ့ အလှက တကယ်ကို ရှုမငြီးရယ်ပါ။ တောကျယ် ရေတံခွန်ရဲ့အလှကိုကြည့်ရှုပြီးတဲ့ အခါမှာတော့ ရွာငံက မိန်းမရဲ သခင်မတောင်တော်ကို သွားရောက် လေ့လာကြဖို့ဆော်သြချင်ပါတယ်။ တောင်ပေါ်အထိ လှေကားထစ် တွေနဲ့ တက်ကြရမှာဖြစ်ပြီး အလယ် လောက်မှာတော့ ခဏနားရင်း ဘုရားဖူးလို့လည်း ရပါတယ်။ ဆက် တက်သွားမယ်ဆိုရင်တော့ တောင် ထိပ်မှာတည်ထားတဲ့ စေတီ တွေနဲ့ ရုပ်ပွားတော်မြတ်ကို ဖူးတွေ့ ရမှာ ဖြစ်ပြီး တောင်ပေါ်ကနေ ကြည့်ရှုရင် မြင်တွေ့ရမယ့် တော တောင်သဘာဝ ရှုခင်းအလှတွေ ကိုလည်းခံစား ကြရမှာပါ။ ဒီ့နောက်မှာတော့ ကလော ဘူတာကိုလည်း သွားရောက် လည်ပတ်ကြဖို့ မမေ့သင့်ပါဘူး။ ကလောခရီးစဉ် ပြီးတဲ့အခါ တစ် ဆက်တည်းဖြစ်တဲ့ အင်းလေး ကို လည်းဆက်သွား ကြလေ့ရှိပါတယ်။
အင်းလေးကန်
အင်းလေးကန်ဟာ မြန်မာပြည် ရဲ့ အထင်ကရနေရာတွေထဲ က နေရာတစ်ခုဖြစ်တဲ့ အင်းလေးကန် ဟာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် မသွားမဖြစ်သွားရောက်ကြလေ့ ရှိတဲ့နေရာတစ်ခုပါပဲ။ အင်းလေး ရောက်ပြီဆိုတာနဲ့ ရေလယ်မှာ တည်ရှိနေတဲ့ ဖောင်တော်ဦး မြတ်စွာ ဘုရားကို သွားရောက်ဖူးမြော်ကြလေ့ ရှိပါတယ်။ ဖောင်တော်ဦးမြတ်စွာ ဘုရား ဒေသစာရြီ<ွကချီတဲ့လကတော့ အောက်တိုဘာလ ဖြစ်ပါတယ်။ပြီးတဲ့ အခါမှာတော့ရက်ကန်းရုံ၊ကြောင်ခုန်၊ မိုင်းသောက်တံတား တို့ဆီကိုလည်း သမ္ဗန်နဲ့ ဆက်လက် သွားရောက် လေ့လာ လို့ ရပါတယ်။မိုင်းသောက် တံတားဆီ ရောက်တဲ့ အခါမှာတော့ နေဝင်ချိန်ဆည်းဆာ အလှကို ခံစား ကြရမှာဖြစ်ပြီး တံတားပေါ်ကနေ မြင်တွေ့ရမယ့်အင်းလေး ကန်ရဲ့ အလှနဲ့ ကန်ကိုဖြတ်တိုက်လာတဲ့ လေနုအေးလေးတွေကိုလည်း တစ်ဝ ကြီးရှူရှိုက်ရမှာဖြစ်ပါတယ်။ အင်းလေးကန်ရဲ့အလှကို ခံစားပြီးတဲ့ အခါမှာတော့ ပင်းတယမြို့က ရွှေဥမင်လိုဏ်ဂူတော်နဲ့ မြင်းမထိ သဘာဝလိုဏ်ဂူတော် တို့ကိုလည်း သွားရောက်ဖူးမြော်လေ့လာရင်း ခရီး စဉ်တစ်လျှောက် ဗဟုသုတတွေရရှိ စေမယ့်အပြင် စိတ်အပန်းဖြေနိုင် ကြစေဖို့ ကလော၊ အင်းလေး ခရီးစဉ် က စိတ်ဝင်စားဖွယ်နဲ့ လေ့လာဖွယ်ရာ နေရာတွေကို ရေးသားတင်ပြလိုက် ရပါတယ်။
ဓာတ်ပုံ-လင်းအက္ခရာ