Sunday, December 7, 2025

(၁၈)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်စတင်ဖွင့်လှစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၏ (၁၈)ကြိမ်မြောက်ပန်းပွဲ တော် "IMMERSIVE FLOWERS FESTIVAL"အား ယနေ့ ဒီဇင်ဘာ ၆ ရက်ကစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးများ၊...

ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့...

မုံရွာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြိုသစ်ရပ် ဗန္ဓုလစျေး အပေါ်ထပ်တွင် ဒီဇင်ဘာလ (၅)ရက် ၊ နံနက်ပိုင်းက မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများသည်စျေးကြီး...

ငလျင်ကြောင့် ပျက်ဆီးခဲ့သည့် စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်...

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  စစ်ကိုင်းမြို့၊ စူဠာမဏီ ကောင်းမှုတော် စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် အကြီးစားပြန်လည်ပြင်ဆင်နေရကြောင်း သိရသည်။ စေတီတော်ကြီး လုံးတော်ပြည့်ပြင်ဆင်နေသလို စေတီတော်ရင်ပြင်ရှိ သာသနိက အဆောက်အဦများကို...
HomeCelebrities' Newsအောင်မြင်တာ မအောင်မြင်တာနဲ့ မဆိုင်ပါဘူး...

အောင်မြင်တာ မအောင်မြင်တာနဲ့ မဆိုင်ပါဘူး တစ်ယောက်နဲ့ တစ်ယောက်လေးစားမှုရှိဖို့ပါပဲ အကယ်ဒမီ တက္ကသိုလ် ဂွမ်းပုံ

ရှုတင်ရိုက်ကွင်းပေါ်မှာ အနုပညာလောကသားတွေအချင်းချင်း တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်နားလည်မှု လေးစားမှုရှိမယ်ဆိုရင် ဘယ်သူတစ်ဦး တစ်ယောက်နဲ့မှ ပဋိပက္ခဖြစ်စရာ မရှိနိုင်ဘူးလို့ ဝါရင့်ဇာတ်ပို့၊ ဇာတ်ရံသရုပ် ဆောင်တစ်ဦးဖြစ်သူ အကယ်ဒမီတက္ကသိုလ်ဂွမ်းပုံက ဆိုပါတယ်။ သူမအနေနဲ့ လည်း အခုချိန်ထိ ရိုက်ကွင်းပေါ်မှာရှိတဲ့ မင်းသား၊ မင်းသမီး၊ စက်အဖွဲ့ကအစ အားလုံးကို လေးလေးစားစားဆက်ဆံခဲ့တဲ့အတွက် ဘယ်သူတစ်ဦး တစ်ယောက် နဲ့မှ အတိုက်အခံမဖြစ်ဖူးဘူးလို့ဆိုပါတယ်။ ရှုတင်ရိုက်ကွင်းပေါ်မှာ အနုပညာလောကသားတွေအချင်းချင်း တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်နားလည်မှု လေးစားမှုရှိမယ်ဆိုရင် ဘယ်သူတစ်ဦး တစ်ယောက်နဲ့မှ ပဋိပက္ခဖြစ်စရာ မရှိနိုင်ဘူးလို့ ဝါရင့်ဇာတ်ပို့၊ ဇာတ်ရံသရုပ် ဆောင်တစ်ဦးဖြစ်သူ အကယ်ဒမီတက္ကသိုလ်ဂွမ်းပုံက ဆိုပါတယ်။ သူမအနေနဲ့ လည်း အခုချိန်ထိ ရိုက်ကွင်းပေါ်မှာရှိတဲ့ မင်းသား၊ မင်းသမီး၊ စက်အဖွဲ့ကအစ အားလုံးကို လေးလေးစားစားဆက်ဆံခဲ့တဲ့အတွက် ဘယ်သူတစ်ဦး တစ်ယောက် နဲ့မှ အတိုက်အခံမဖြစ်ဖူးဘူးလို့ဆိုပါတယ်။

  “မဂွမ်းတို့က ၁၉၈၆ ခုနှစ်ကတည်းကနေစပြီးတော့ ဒါရိုက်တာ အကယ်ဒမီ ဦးနန္ဒ၊ ဒါရိုက်တာအကယ်ဒမီ ဦးမြင့်ဦးမြင့်တို့ရဲ့ သွန်သင် ညွှန်ပြ ပေးမှုတွေနဲ့ Black & White ဇာတ်ကားကနေ မဂွမ်းတို့က ကြီးပြင်းလာရတဲ့ သူဆိုတော့ မဂွမ်းတို့ခေတ်ကဆို ဗီဒီယိုတောင်မရှိသေးဘူး။ မဂွမ်းတို့ ခေတ်က ဆို Respect တွေရှိကြတယ်။အခုကျမှ Respect  တွေမရှိကြဘူးလား ဆိုတာကလည်း ဒါကတော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လေး စားမှုပါပဲ။ အမှန်တိုင်းပြောရရင်တော့ မဂွမ်းသည် ဒီနေ့ဒီအချိန်ထိမှာ စက် အဖွဲ့ကစ၊ အမေ အဖေအခန်းကပါတဲ့ သူကအစ၊ ကိုလူချောတို့ အဖွဲ့က အစ၊ မဂွမ်းသည် အားလုံးကို ကိုယ့်ထက်စီနီယာကျတဲ့ အနုပညာရှင်ကြီးတွေ  အသစ်တွေဆိုလို့ရှိရင်လည်း မဂွမ်းတို့သည် ဇာတ်ပို့ဇာတ်ရံ အသစ်တွေ ဘယ် လောက်တက်တက် မင်းသမီးဟာ မင်းသမီးပဲ၊ မင်းသားဟာ မင်းသားပဲ သူတို့ အသက်ဘယ်လောက်ငယ်ငယ် လုပ်သက်ဘယ်လောက်ရင့်ရင့် နုနု တစ်လှေထဲ စီး တစ်ခရီးတည်းသွားနေကြတဲ့  အနုပညာပန်းတိုင်ရောက်အောင် ချီတက် နေကြတဲ့ သူတွေချည်းပဲလို့ မဂွမ်းခံယူထားတဲ့အတွက် မဂွမ်းနဲ့ အတိုက်အခံ ဖြစ်တဲ့သူ ဒီနေ့ ဒီအချိန်ထိ မရှိဘူး။ တကယ်မရှိဘူး။ အဲဒီတော့ နယ်ကိုသွားမယ် မဂွမ်းသည် ၅ ရက် လောက်ပဲရမယ်ဆို ဒါရိုက်တာကို တောင်းပန်တယ်။

မင်းသမီးလည်း ဒီလိုပဲ။ အခုဖြစ်တဲ့သူတွေသည် ကာယကံရှင်တွေပဲ သိလိမ့် မယ်။ တစ်ယောက်နဲ့တစ်ယောက်က လေးစားမှုပါ။ အောင်မြင်တာ မအောင်မြင်တာနဲ့လည်းမဆိုင်ဘူး။ တစ်ယောက်နဲ့ တစ်ယောက်က Respect ရှိဖို့ပဲ။ ရိုက်ကွင်းပေါ်ရောက်လာရင် တစ်ယောက်နဲ့တစ်ယောက်ကRespectရှိဖို့ပါပဲ။ ဒါရိုက်တာဆိုလည်း ဒါရိုက်တာအလျောက်။ ဒါရိုက်တာကို လေး စားရမယ်။ ကျွန်မရောက်ပါပြီ။ ဘယ်သူတွေရောက်ရောက် မရောက် မရောက်ကိုယ် အရင်ရောက်ဖို့ အရေးကြီးတယ်။ မဂွမ်းရဲ့ ခံယူချက်က အဲဒါပဲ။ နယ် မှာဆိုလည်း လာကြည့်ပါ။ မေမြို့ဖြစ်ဖြစ် ဘားအံဖြစ်ဖြစ် ၉နာရီခွဲဆို တာနဲ့ မဂွမ်းနဲ့ ကိုခင်လှိုင်တို့ရောက်နေပါပြီ။ မင်းသား မင်းသမီး ဘယ်ချိန်ပဲ ရောက်ရောက် ဒါသူတို့ကဏ္ဍ။ ရိုက်ကွင်းရောက်ရင် ဒိုင်ယာလော့ခ် ကိုမေးတယ်။ နင်ကတော့ ဒါပြောတယ်။

ငါကတော့ ဒါပြောတယ်။ ရိုက်ကွင်းမှာ ဆင်းပေါ်မှာ ပါပြီဆို ကိုယ်အရင်ရောက်တယ်။ မီးတွေ ချိန်တာ မချိန်တာ သူတို့အလုပ် မင်း သား မင်းသမီးမလာတာ သူတို့အလုပ်။ အဲဒီ တော့ သူများကို စိတ်မဝင်စားဘဲ ကိုယ် ကိုယ်ကိုယ်တိုင် အလုပ်ကိုတက်ညီ လက်ညီနဲ့ ကိုယ့်ရဲ့အခန်းကဏ္ဍကို ပိုင် နိုင်စွာ အားလုံးအားလုံး လုပ်သွား မယ်ဆို ဒီလိုကိစ္စက ဖြစ်လာစရာ မရှိပါဘူး။ အဲဒီတော့ တစ်ယောက် နဲ့တစ်ယောက်က တကယ်ပါ လေး စားမှု နားလည်ပေးမှု တစ်ယောက်နဲ့ တစ်ယောက်ကတော့ လိုတိုးပိုလျော့ လေးတော့ရှိရတာပေါ့နော်။ သူ သာတယ် ကိုယ်နာတယ် ။ကိုယ်သာတယ် သူနာတယ် မတွက်ဘဲနဲ့ ဆင်းန်ပေါ်မှာ အားလုံးက ဒါရိုက်တာ ကနေ စက်အဖွဲ့အဆုံး တက် ညီလက်ညီနဲ့ နေ့ တိုင်းနေ့တိုင်း လုပ် ဆောင်မယ်ဆိုရင် တကယ့်ကို ပြည့်ဝ လှတဲ့ အနုပညာ အရည်အသွေးတွေ တကယ်ရရှိမှာပါ။ အပြန် အလှန်နား လည်မှုလေးစားမှု ရှိရင် ဘယ်သူတစ်ဦး တစ်ယောက်မှ ပဋိ ပက္ခဆိုတာဖြစ်မှာ မဟုတ်ပါဘူး”လို့ ပြော ပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071