
လူတိုင်းလူတိုင်းမှာ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းဆိုတာရှိကြစမြဲပါ။အပေါင်းသင်းများ တဲ့သူရှိသလို အပေါင်းအသင်း နည်းတဲ့သူတွေလည်းရှိကြမှာပါ။ ခေတ်လူငယ်မင်းသားတစ်ဦးဖြစ်တဲ့ မင်းသား အောင်ရဲလင်းကတော့ သူ့မှာ အပေါင်းအသင်းအများကြီးမရှိဘဲ ငယ်ငယ်ကတည်းကနေ ပေါင်းသင်းလာတဲ့ သူငယ်ချင်းတွေသာရှိကြောင်း ပြောလာပါတယ်။လူတိုင်းလူတိုင်းမှာ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းဆိုတာရှိကြစမြဲပါ။အပေါင်းသင်းများ တဲ့သူရှိသလို အပေါင်းအသင်း နည်းတဲ့သူတွေလည်းရှိကြမှာပါ။ ခေတ်လူငယ်မင်းသားတစ်ဦးဖြစ်တဲ့ မင်းသား အောင်ရဲလင်းကတော့ သူ့မှာ အပေါင်းအသင်းအများကြီးမရှိဘဲ ငယ်ငယ်ကတည်းကနေ ပေါင်းသင်းလာတဲ့ သူငယ်ချင်းတွေသာရှိကြောင်း ပြောလာပါတယ်။
“ကျွန်တော့်မှာ အပေါင်းအသင်း အများကြီးမရှိဘူးခင်ဗျ။သူငယ်ချင်းဆိုလို့ ငယ်သူငယ်ချင်း ၂ ယောက် ၃ယောက်လောက်ပဲရှိတယ်။ ဒါငယ်ငယ်ကတည်းက ပေါင်းလာတဲ့ သူငယ်ချင်းတွေပေါ့။သူတို့နဲ့ပဲ ပေါင်းဖြစ်တယ်။ သူတို့နဲ့ကျတော့ ကိုယ်နဲ့က ငယ်ငယ်လေးကတည်းက ပေါင်းလာတာ ဆိုတော့ ပိုပြီးပေါ့ပါးတာပေါ့နော်။ဟန်ဆောင်စရာတွေမလိုဘူး။ပြီးတော့ ကျွန်တော်ကိုယ်တိုင် ကိုယ်ကဟန်မဆောင်တတ်ဘူး။ ကျွန်တော့်ရှေ့မှာ လာပြီးဟန်ဆောင် ပြနေရင်လည်းအနည်းနဲ့ အများတော့သိလာပြီလေ။ဒါကြောင့်လည်း ငယ်သူငယ်ချင်းတွေနဲ့ပဲပိုပေါင်းဖြစ်တာပေါ့လေ။ ဘာလို့လည်းဆိုတော့ တစ်ယောက်နဲ့တစ်ယောက်က ဟန်ဆောင်မှုကင်းတယ်။ ဘယ်နေရာပဲ သွားသွား၊ ဘာပဲလုပ်လုပ် စိတ်တူကိုယ်တူရှိတယ်။ ကျွန်တော်တို့က ကျောင်းနေဖက်သူငယ်ချင်း တွေ ၅ တန်း၊၆တန်းကတည်းကခင်လာတဲ့ သူငယ်ချင်းတွေဆိုတော့ ကျွန်တော် ဘာမှမဟုတ်ခင် ကတည်းက၊ ဒီလိုမင်းသားမဟုတ်ခင်ကတည်းက သူတို့ နဲ့က ရင်းနှီးလာတာလေ။ သူတို့အတွေးထဲမှာ ကျွန် တော့်ကိုမင်းသားလို့ကို မမြင်သလို ကျွန်တော့် စိတ်ထဲမှာ လည်းသူတို့ကို ကျွန်တော့်ရဲ့တကယ့်ငယ်သူငယ်ချင်း လို့ပဲမြင်တယ်။
ဒီသူငယ်ချင်းတွေနဲ့ပဲ အပြင်သွားတယ်။ အိမ်မှာလည်းလာလာနေတော့ သူတို့နဲ့ကညီအစ်ကိုလို ဖြစ် နေတာ” လို့အောင်ရဲလင်းကပြောပြပါတယ်။ ဒီသူငယ် ချင်း တွေဟာ သူ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ရှေးဟောင်း ပစ္စည်း တွေနဲ့ တူကြောင်းကိုလည်း အောင်ရဲလင်းက “ပရက်ရှာများတဲ့အချိန်လေးတွေမှာတော့ သူတို့နဲ့ပြောဖြစ်တယ်။ ငယ်ငယ်က သူငယ် ချင်းဆိုတော့လည်း ပိုနားလည်ပေးနိုင် တယ်။ ပိုပြီးတော့လည်းယုံကြည်ရတယ် ပေါ့။ ကျွန်တော် စကားတစ်ခွန်း ကြားဖူး တယ်ဗျ။ အဲဒါဘာလဲဆိုတော့ ငယ်ငယ် တုန်းကပေါင်းလာတဲ့ သူငယ်ချင်း တွေ ဆိုတာတဲ့ ရှေးဟောင်းပစ္စည်းတွေ လိုပဲ တဲ့။ နှစ်တွေကြာလာတာနဲ့အမျှ တန်ဖိုး ကပိုပိုပြီးရှိလာတယ်တဲ့။ အဲဒီလို ဆိုတော့ သူတို့က ကျွန်တော့်အတွက် တန်ဖိုးဖြတ် လို့မရတဲ့သူငယ်ချင်းတွေပါ။
ဇင်မာနွယ်
