Monday, June 16, 2025

အဲရ်အိန္ဒိယလေယာဉ်နည်းပညာပြသနာ‌ကြောင့်ဟောင်ကောင်ပြန်လှည့်ရ

တနင်္လာနေ့က နူးဒေလီသို့ ပျံသန်းနေသည့် အဲရ်အိန္ဒိယလေကြောင်းလိုင်းမှ ဘိုးရင်း ၇၈၇-၈ ဒရင်းမ်လိုင်နာ လေယာဉ်သည် ဝေဟင်တွင် နည်းပညာပြဿနာပေါ်သည်ဟု လေယာဉ်မှူးက သံသယဖြစ်ခဲ့ပြီးနောက် မူလထွက်ခွာရာ...

လေဖိအားနည်း ရပ်ဝန်းဆက်လက် တည်ရှိနေသဖြင့် တစ်ပြည်လုံးတွင်...

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းဆက်လက် တည်ရှိနေသဖြင့် တစ်ပြည်လုံးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးခြင်းနှင့် မိုးသက်လေပြင်း တို-က်ခတ်ခြင်းတို့...

ကမ္ဘာကြီးသည် နျူအင်အားကြီး နိုင်ငံများလက်နက်အပြိုင်အဆိုင်တိုးချဲ့သော ခေတ်သစ်ကို‌ရောက်လာ

ကမ္ဘာ့နျူကလီးယားလက်နက်ပိုင် နိုင်ငံများသည် ၎င်းတို့၏ အဏုမြူလက်နက်အရေအတွက်ကို တိုးမြှင့်နေကာ လက်နက်ထိန်းချုပ်ရေးသဘောတူစာချုပ်များမှ သွေဖယ်ပြီး စစ်အေးခေတ်နောက်ပိုင်း လက်နက်သိုလှောင်မှုကို ဆယ်စုနှစ်များစွာ လျှော့ချလာခဲ့ခြင်းကိုအဆုံးသတ်စေမည့် ခြိမ်းခြောက်မှုခေတ်သစ်ကို ဖန်တီးနေသည်ဟု...

မြန်မာ့လယ်ယာနည်းပညာကုန်စည်ပြပွဲရန်ကုန်တွင် ကျင်းပမည်

ရန်ကုန်၊ ဇွန် ၁၅ မြန်မာ့စိုက်ပျိုးရေးကုန်စည်ပြပွဲ Agri-Tech Myanmar 2025 ကို ဇွန်လ ၂၇ ရက် နေ့မှ ၂၉ ရက်...
HomeCelebrities' Newsအောင်ထက် သရုပ်ဆောင်ပိုင်းကို ...

အောင်ထက် သရုပ်ဆောင်ပိုင်းကို သွားတော့မလား

Aung Htet

အိမ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲမှ တစ်ဆင့် ပရိသတ်ရဲ့ တစ်ခဲနက်အားပေးမှုနဲ့အတူ အဆိုတော်တစ်ဦး ဖြစ်လာသူကတော့ အောင်ထက်ပါ။ လက်ရှိမှာ နိုင်ငံကျော် အဆိုတော်တစ်ဦးအဖြစ် ရပ်တည်နေပြီး Show ပွဲတွေလည်း ဆက်တိုက် သီဆိုနေရပါ တယ်။ အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့ သူလျှောက်လှမ်းခဲ့တဲ့ လမ်း ခရီးတွေကလည်း အတွေ့အကြုံ၊ အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။ သူ့ရဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး …

” လူ့လောကထဲရောက်လာရင် ကျွန်တော်တို့ မဖြစ်မနေကြုံရမယ့် လောကဓံတွေ ရှိပါတယ်။ အဲဒီလောကဓံက ရလာတဲ့ အတွေ့အကြုံတွေက အများကြီးပါပဲ။ ကျွန်တော် ဆိုလည်း အတွေ့အကြုံတွေ သင်ခန်းစာတွေ အများကြီးရခဲ့ပါတယ်။ အတွေ့အကြုံတွေကတော့ ကောင်းတာတွေရှိသလို ဆိုးတာတွေလည်း ရှိတာ ပေါ့နော်။ ပြီးတော့ ကျွန်တော်တို့ လူ့ဘဝဆိုတာက လူတစ်ယောက်ဖြစ်လာရင် သဘာဝကပေးတဲ့ စိတ်ခံစားမှုတွေ ရှိတယ်။ အဲဒီခံစားမှုတွေကလည်း ကိုယ့်ရဲ့ အတွေ့အကြုံတွေပါပဲ။ နောက်ပြီး သီချင်းဆိုပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့တယ်။ ဆုရတာရှိ သလို မရတဲ့အကြိမ်တွေလည်းရှိခဲ့ပါတယ်။ ဝန်ထမ်းလုပ်ရင်းနဲ့ ကိုယ်ဝါသနာ ပါတဲ့ဘက်ကိုလည်း လုပ်ခဲ့ပါတယ်။ အခက်အခဲကတော့ ဝါသနာပါတာပဲ လုပ် နေမယ်ဆိုရင်လည်း စားဝတ်နေရေးက အခက်အခဲရှိတယ်။ အဲဒါ ကြောင့် စားဝတ်နေရေးအတွက် ဝန်ထမ်းအလုပ်လုပ်တယ်။ ခွင့်ယူပြီးတော့လည်း သီချင်းဆိုပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့တယ်” လို့ ပြောခဲ့ပါတယ်။

ပထမဆုံး တစ်ကိုယ်တော် စီးရီးဖြစ်တဲ့ ” ဟေး…မိတ်ဆွေ” တေးစီးရီးထွက်ရှိခဲ့ပြီး ခုလတ်တလောမှာတော့ ဒုတိယမြောက် တစ်ကိုယ်တော်တေးစီးရီးထွက်ဖြစ်ဖို့လည်း ကြိုးစားနေပါတယ်။ ဒုတိယတစ်ကိုယ်တော် တေးစီးရီးနဲ့ပတ်သက်ပြီး…

” ဒုတိယ တေးစီးရီးကတော့ ခုလုပ်နေပါတယ်။ တေးစီးရီး နာမည်ကတော့ စဉ်းစားတုန်းပါပဲ။ အမြန်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားနေပါတယ်။ သီချင်းတွေကတော့ ကိုယ်ဆိုနေကျ ပုံစံလေးတွေ၊ နောက်ပြီး ကိုယ်နဲ့အလိုက်ဖက်ဆုံး သီချင်းတွေ ထည့်ထားပါတယ်။ အစ ကတော့ ဆယ်လပိုင်းလောက် ထွက်ဖြစ်မယ်လို့ မှန်းထားတာပေါ့။ ဒါပေမဲ့ ကျွန်တော်က ပိုပြီးစောချင်တဲ့အခါကျတော့ ကိုးလပိုင်းကျော်လောက် Audio CD ထွက်ဖြစ်မှာပါ” လို့ ပြောခဲ့ပါတယ်။ ကိုယ့်ရဲ့သီချင်း MTV တွေမှာ သရုပ်ပြတာလောက်ပဲရှိပြီး သရုပ် ဆောင်ဘက်ကို သွားဖို့မရှိသေးကြောင်း ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071