Thursday, February 12, 2026

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း UEC...

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဖေဖော်ဝါရီ ၁၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှစတင်၍...

မီးလောင်မှုကြောင့် ထိခို-က်ဒ-ဏ်ရာရခဲ့သည့် မြန်မာအလုပ်သမား(၇)ဦး ဆေးကုသမှုခံယူနေစဥ်...

မြန်မာနိုင်ငံသားများအလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ၊ စမုစခွန်ပြည်နယ်၊ အုန်းနွိုင်းမြို့ရှိ မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံတွင် ဖေဖော်ဝါရီ ၁၀ ရက်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ မီးလေ-ာင်မှုဖြစ်ပွားရာ မြန်မာအလုပ်သမား(၇)ဦးအပါအဝင် အလုပ်သမား(၁၃)ဦး၌...

မန်းရွှေစက်တော်ရာဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများပြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကို၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ...

ရင်ခုန်နေကြသည့် ချစ်သူများနေ့

ချစ်သူများနေ့ရောက်ရှိတော့မည်ဖြစ်ရာ ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာများ၌ ချစ်သူများနေ့အထိမ်းအမှတ်ပစ္စည်းများရောင်းချလျက်သည့် မြင်ကွင်းများ
HomeMusicအောက်တိုဘာမှာ မင်္ဂလာပွဲကျင်းပမယ့် လင်းနစ်

အောက်တိုဘာမှာ မင်္ဂလာပွဲကျင်းပမယ့် လင်းနစ်

l

အဆိုတော် လင်းနစ်က သူရဲ့ ချစ်သူကောင်မလေးဖြစ်တဲ့ မရီနွယ် ကို သြဂုတ်လ ၁၆ ရက်နေ့ညက ဆာကူရာတာဝါအပေါ်ဆုံးထပ် မှာရှိတဲ့ Yangon Bar မှာ Surprise ပြုလုပ်ပြီး လက်ထပ်ခွင့် တောင်းခံခဲ့ပါတယ်။ ဒီပွဲလေး ကိုတော့ လင်းနစ်က သူ့ ချစ်သူကောင်မလေး မသိအောင်သူငယ် ချင်းများနဲ့အတူ တိတ်တဆိတ် စီစဉ်ခဲ့တာဖြစ်ပြီး လင်းနစ်ရဲ့ခုလိုကြည် နူးဖွယ်ရာ အပြုအမူကြောင့် သူ့ချစ်သူကောင်မလေးဟာ မျက်ရည်ကျခဲ့တဲ့အထိ ကြည်နူးပီတိ ဖြစ်ခဲ့ရပါတယ်။

“အဲဒီညလေးအတွက် စိတ်ထဲက ကြိုစဉ်းစားထားပေမယ့် တစ်ယောက် ကိုမှကြိုမပြောခဲ့ဘူး။ ရက်ကပ်မှ Secret group လုပ်ပြီးပြောဖြစ်တာ ညီမလေးကအနားမှာရှိနေတာမို့ ခိုးလုပ်နေရတော့ တစ်ယောက်ချင်း သေသေချာချာ မဖိတ်နိုင်ခဲ့ဘူး။ တကယ်တမ်း လုပ်ချင်စိတ်သာရှိတာ၊ လက်ထဲ မှာပိုက်ဆံ တစ်သိန်းတောင်မရှိဘူးရယ်။ လက်စွပ်ဝယ်ဖို့တောင် ရစရာရှိတဲ့သူ တွေကိုအခြေအနေပြောပြကြိုတောင်းပြီး ပြေးဝယ်ရတာ။လာမယ့် သူငယ်ချင်း တွေကိုလည်း ရှေ့မျက်နှာ နောက်ထားပြီး Treat မလုပ် နိုင်ကြောင်း ဗြောင်ပြော ပြီး တောင်းပန်ရ၊ လာတဲ့သူငယ်ချင်း တွေအကုန်လုံး ကိုယ့်စားရိတ်ကိုယ်စားပြီးလာကြရတာ။ ချစ်ဖို့ကောင်းလိုက်ကြတာဆိုတာဗျာ။ သူငယ်ချင်း ဓာတ်ဆရာတွေလည်း ဗြောင်ကျကျ ဒိုင်ဗင်ပစ်ရ၊ ဒါတောင်အချိန်မမီလို့ ရောက်မလာနိုင်တဲ့သူတွေ ရှိသေးတယ်။ ပြန်တွေးကြည့်တိုင်း တစိမ့်မ့် ကြည်နူး နေရမယ့် ဒီအခိုက်အတန့်လေးဟာ ဒီလိုမိတ်ဆွေ သူငယ်ချင်း ကောင်းတွေ သာမရှိရင်လုံးဝလုပ်နိုင်မှာမဟုတ်ပါဘူးဗျာ။ တစ်ယောက်စီတိုင်းကို ကျေးဇူး တင်နေမှာပါ။ ခင်ဗျားတို့ကို ဒီတစ်သက် မမေ့တော့ပါဘူး။ ပြောစရာ စကား လုံးတွေလည်း မလုံလောက်တော့ ပါဘူးဗျာ။ အကုန်လုံးနှုတ်လုံပေးကြတဲ့အတွက်လည်း ထပ်ပြီးကျေးဇူးပါ”လို့ လင်းနစ်ကသူ့ရဲ့အမှတ်တရညလေး အကြောင်းကို ပြောပါတယ်။

လင်းနစ်နဲ့ သူ့ချစ်သူကောင်မလေးတို့ရဲ့ မင်္ဂလာပွဲကိုတော့ အောက်တို ဘာလအတွင်းမှာ ကျင်းပသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ရဲရဲ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071