Friday, December 5, 2025

ဖိလစ်ပိုင်အသင်းကို ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီဖြစ်သည့်...

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာလက်‌ရွေးစင်အမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁) ဂိုး သွင်းယူထားပြီဖြစ်သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်းခေါင်း ဆောင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၄...

မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့် Times...

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် Times City Complex ဝန်ထမ်းများမှ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး...

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့...

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု...

ဆီးဂိမ်းပြိုင်ပွဲတွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့်...

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...
HomeCelebrities' Newsသွေးတိုးရောဂါကြောင့် ဝိတ်ချလိုက်တဲ့ အားတီ

သွေးတိုးရောဂါကြောင့် ဝိတ်ချလိုက်တဲ့ အားတီ

Ar-T

အဆိုတော် အားတီကတော့ သူ့ရဲ့ တတိယအခွေထွက်ရှိပြီး Fallen & Past 12 ( Break My Bone) Music Video ကို လူငယ်ပရိသတ်တွေ အကြိုက်တွေ့အောင် ဖြန့်ချိခဲ့ပါတယ်။ အဆိုပါ Music Video တွေ ပြင်ဆင်ခဲ့တဲ့ အကြောင်းကိုတော့ အားတီက…

အခုလတ်တလောမှာ ကျွန် တော် ဧပြီလမှာ Fat House ဆိုတဲ့ တတိယ အခွေထွက်ပြီ။ အခု Fallen & Past 12 ( Break My Bones) သီချင်းလေး ထွက်ထားပါတယ်။ အဲဒါကိုလည်း FG Entertainment မှ Music Video အနေနဲ့ တင်ထားပါတယ်။ Break My Bones သီချင်း လေးက ပရိသတ် အားပေးမှုတွေ လည်း ရထားပါတယ်။ ဒီသီချင်းလေး က  FG Entertainmentရဲ့ ကြိုးစား အားထုတ်မှုလည်း ပါတယ်။ ကျွန်တော်လည်း အရမ်းကြိုးစား ထားပါတယ်” လို့ ပြောပါတယ်။

အရင်တုန်းကဝပြီး အခုပိန်တဲ့ အားတီက သူဘယ်လိုကြောင့် ဝိတ်ချခဲ့တယ်ဆိုတာကိုတော့ “ကျွန်တော်ရဲ့ အခုပုံစံက အရမ်းပိန်သွားသလို ဖြစ်သွားတယ်။ ဝိတ်ချလိုက်တာကလည်း သွေးတိုး ရောဂါရှိလို့ပါ။ ကျွန်တော်ရဲ့ ကြိုးစားအားထုတ်မှုကိုတော့ ကျွန်တော်နဲ့ စာချုပ်ချုပ်ထားတဲ့ Gym ကပဲ ပြောပါလိမ့်မယ်။ အဓိကက အစားအသောက်နဲ့ လေ့ကျင့်ခန်း နှစ်မျိုးစလုံး ပါပါတယ်။ အရင် တုန်းက ဝတာကလည်း ပိန်ချင်တယ်ဆိုပြီး မဖြစ်ခဲ့ဘူး။ အခုက ရောဂါနဲ့မို့ ဝိတ်ချခဲ့တာပါ။ ဝနေ တဲ့သူတွေလည်း ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုရှိနေရင် ဝိတ်ချစရာ မလိုဘူး။ ကျန်းမာရေးကြောင့် ဆို ရင်တော့ချပေါ့။ ကျွန်တော် အရင်ဝတုန်းကဆိုရင် ကျွန်တော့်မှာ ဆောင်ပုဒ်ရှိတယ်။ ‘ ဝ တယ်။ ဒါပေမဲ့ မိုက်တယ်’ ။ အဲဒီလိုပဲ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ခံယူထားတယ်” လို့ ဆိုပါတယ်။အားတီက သီချင်းတွေလုပ်ရင်း တခြားစီးပွားရေးတွေ လုပ်ဖို့ စိတ်ကူးနေပြီကြောင်း   သိရ ပါ တယ်။

ချယ်ရီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071