အမေရိကန်နိုင်ငံအခြေစိုက် CATERPILLAR ကုမ္ပဏီမှ သမရိုး ကျနည်းစဉ်များမှ ခွဲထွက်၍ ခေတ်မီ နည်းပညာ Smart Digital Technology ကို အသုံးပြုပြီး ကမ္ဘာပေါ်တွင် ပထမဆုံးမျိုးဆက်သစ် Next Generation CAT 320 Excavator ကို ထုတ်လုပ်ဖြန့်ချိ လိုက်ပါသည်။
၎င်းမြေတူးစက်ကို CATERPILLAR ၏ Authorized Dealer ဖြစ်သော မြန်ရွှေပြည်ထ ရက်တာလီမိတက် (MSP CAT) မှ မြန်မာနိုင်ငံသို့ စတင်မိတ်ဆက် လိုက်ပြီဖြစ်သည်။
CAT 320 Next Generation Excavator တန်(၂ဝ)မြေတူးစက်ယန္တရား မိတ်ဆက်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၄ရက်ညပိုင်းက ရန်ကုန်မြို့ အင်း ယားလိတ် ဟိုတယ်ဝန်းရှိ Yangon Convention Center (YCC)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြု လုပ်ခဲ့ပြီးဝေလ၊ နီနီခင်ဇော်တို့၏ ဖျော်ဖြေမှုများလည်း ပါဝင်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အမှုထမ်းအရာထမ်းများ ၊ ကုမ္ပဏီကြီးများမှ တာ ဝန်ရှိလူကြီး မင်းများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များတက်ရောက် ခဲ့ကြသည်။
P.069