Thursday, January 16, 2025

တရားမဝင် ‌နိုင်ငံခြား‌ငွေရောင်းဝယ်သူများကို အရေးယူမှုများ လုပ်ဆောင်နေချိန်...

ဗဟိုဘဏ်အနေဖြင့် ယခုရက်ပိုင်းအတွင်း တရားမဝင် နိုင်ငံခြားငွေရောင်းဝယ်သူများကို စိစစ်အရေးယူမှုများလုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်ပြီးနောက် ပြည်တွင်းဈေးကွက်၌ ဒေါ်လာဈေးနှုန်း မြင့်တက်လာသည်ကို တွေ့ရသည်။ တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊...

ရန်ကုန်ယူနိုက်တက်အသင်း ဂိုးသမား ပြည့်ဖြိုးအောင် အသင်းဖြင့်...

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဂိုးသမားပြည့်ဖြိုးအောင်တို့ ယခုလ ဇန်နဝါရီ (၁၃) ရက်မှစတင်၍ နှစ်ဖက်သဘောတူညီမှုဖြင့် စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်က တရားဝင် အသိပေးထုတ်ပြန်ထားသည်။ ၎င်းအနေဖြင့် ရန်ကုန်အသင်းဖြင့် ယခုဘောလုံးရာသီကုန်သည်အထိ...

မကာအိုအသင်းကို (၁၈) ဂိုး ဂိုးမရှိဖြင့်...

ယနေ့ ဇန်နဝါရီ (၁၅) မွန်းလွဲ (၂)နာရီအချိန်၌ ရန်ကုန်မြို့ ၊ MFF Futsal Indoor Stadium တွင် AFC...

ထရမ့်ပ်ကို သတ်ရန် မည်သည့်အခါကမျှ မကြံစည်ခဲ့–...

အီရန်သည် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ခရမ့်ပ်ကို သတ်ဖြတ်ရန် မည်သည့်အခါကမျှ ကြံစည်ခဲ့ခြင်းမရှိဟု အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က အင်န်ဘီစီသတင်းဌာနနှင့် ဇန်နဝါရီ ၁၄ ရက်က...
HomeCelebrities' Newsဝေဖန်သူတွေကတော့ ကိုယ့်ကိုပိုချစ်လို့ ဝေဖန်ပေးကြတာပါညီညီမောင်(စမ်းချောင်း)

ဝေဖန်သူတွေကတော့ ကိုယ့်ကိုပိုချစ်လို့ ဝေဖန်ပေးကြတာပါညီညီမောင်(စမ်းချောင်း)

 

‘သုသု’လို့ ချစ်စနိုးခေါ်ကြတဲ့ မိတ်ကပ်ပညာရှင်ညီညီမောင် (စမ်းချောင်း)ကတော့ သူ့ကိုချစ်ကြတဲ့ Fan တွေရဲ့ အားပေးမှု ကြောင့် ကြော်ငြာတွေရိုက်ကူးရုံသာမက ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားရိုက်ကူးဖို့ပါ ကမ်းလှမ်းခံထားရသူပါ။ အဆိုပါ ရုပ်ရှင် ဇာတ်ကားမှာ သူငယ်ချင်းဖြစ်တဲ့ မိတ်ကပ်လင်းလင်း(တော်ဝင် သူ)အပြင် တခြားနာမည်ကြီးသရုပ်ဆောင်တွေနဲ့အတူ ပါဝင်သရုပ် ဆောင်ရမှာဖြစ်ပါတယ်။ သူကတော့ အချစ်ရေးမှာလည်း အပြန် အလှန်နားလည်မှုရှိတဲ့ချစ်သူကိုပိုင်ဆိုင်ထားသူပါ။ မကြာခင် မှာ အဲဒီချစ်သူနဲ့ အတူနေတော့မှာဖြစ်တဲ့အတွက် နှစ်ဖက် အသိုင်းအဝိုင်းကို အသိပေးတဲ့ပွဲတစ်ခုပြုလုပ်ဖို့ စီစဉ် နေကြောင်းကိုလည်း ညီညီမောင်(စမ်းချောင်း)က အခုလိုသတင်း စကားပြောကြားလာပါတယ်။

”အမှန်အတိုင်းပြောရရင်တော့ သုဘဝ မှာ ကိုယ်ကပဲလိုက်ချစ်ခဲ့ရတာများတယ်။ အခုက တော့ သူချစ်ကိုယ်ချစ်လိုမျိုးအချစ်ကိုရတဲ့အတွက်တအားလည်းဝမ်းသာတယ်။ ပြီးတော့ အချစ်ခံရတဲ့အရသာကိုသိလာတယ်။ နှစ်ဖက် စလုံးကတော့ သဘောမတူစရာအကြောင်းမရှိ ပါဘူး။ သုတို့နှစ်ယောက်စလုံးက ဘွဲ့ရပြီးသား ပါ။ မင်္ဂလာဆောင်မယ်လို့တော့ မဟုတ်ပါဘူး။ ဟိုဘက်သူငယ်ချင်းတွေ၊ ဒီဘက်သူငယ်ချင်း တွေနဲ့ ဟိုဘက်အမျိုး၊ ဒီဘက်အမျိုးသိအောင် လို့ အသိပေးတဲ့ပွဲလေးလုပ်ဖို့ရှိပါတယ်။ ဘာလို့ လဲဆိုတော့ သုတို့နှစ်ယောက်က အတူနေတော့ မှာဖြစ်လို့ပါ။ မင်္ဂလာဆောင်ဖို့ကတော့ ကြိုးစား ရပါဦးမယ်”လို့ ပြောပါတယ်။

အလှအပပိုင်းဆိုင်ရာ ခွဲစိတ်ပြုပြင်မှု တွေ ပြုလုပ်ထားတဲ့ သူ့ကိုလှတယ်၊ မလှဘူးဆို တာနဲ့ပတ်သက်ပြီး အွန်လိုင်းမှာ ဝေဖန်မှုတွေ လည်းရှိနေပါတယ်။ အဲဒီလိုဝေဖန်မှုတွေအပေါ် မှာ ဘယ်လိုသဘောထားလဲလို့ မေးမြန်းကြည့် တော့ . . .

”အလှအပနဲ့ပတ်သက်ပြီးတော့ ကိုယ့် ကိုယ်ကိုယ်တော့ လှတယ်လို့မခံစားရပါဘူး။ လှတယ်လို့ ပြောကြတာလည်း သုကိုချစ်တဲ့သူတွေက ချစ်တဲ့မျက်စိနဲ့ ကြည့်ကြတဲ့အတွက် လှတယ်လို့မြင်ကြတာပါ။ ဝေဖန်တဲ့ သူတွေကတော့ ချစ်တဲ့သူတွေထက်ကို ကိုယ့်ကိုပိုချစ်လို့ ဝေ ဖန်ပေးကြတာပါ။ ကျေးဇူးလည်းတင်ပါတယ်။ သူတို့တွေ အား ပေးကြလို့လည်း ပွဲတွေတက်ရတယ်။ ကြော်ငြာတွေလည်း ရိုက် ကူးရတယ်။ ပြီးတော့လုပ်ငန်းတွေမှာဆိုလည်း အထောက်အကူပြု ပါတယ်”လို့ ညီညီမောင်(စမ်းချောင်း)က ပြောပါတယ်။

ဇော်ဝင်းအောင်

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

တရားမဝင် ‌နိုင်ငံခြား‌ငွေရောင်းဝယ်သူများကို အရေးယူမှုများ လုပ်ဆောင်နေချိန် ဒေါ်လာဈေးမြင့်တက်လာ

ဗဟိုဘဏ်အနေဖြင့် ယခုရက်ပိုင်းအတွင်း တရားမဝင် နိုင်ငံခြားငွေရောင်းဝယ်သူများကို စိစစ်အရေးယူမှုများလုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်ပြီးနောက် ပြည်တွင်းဈေးကွက်၌ ဒေါ်လာဈေးနှုန်း မြင့်တက်လာသည်ကို တွေ့ရသည်။ တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သည့် လူပုဂ္ဂိုလ် (၂၆) ဦးနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ခဲ့ပြီး လူပုဂ္ဂိုလ် (၉) ဦးအား အမှုဖွင့် အရေးယူထားပြီးဖြစ်သလို (၆) ဦးကို တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာမြို့နယ်တရားရုံးများသို့ တရားစွဲဆိုတင်ပို့ထားပြီးဖြစ်ကြောင်း ဗဟိုဘဏ်က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။ ယင်းသို့ ထုတ်ပြန်ပြီးနောက် ယနေ့ ဇန်နဝါရီ (၁၅) ရက်တွင် ဈေးကွက်အတွင်း၌ တစ်ဒေါ်လာ (၃၀၀)...

ရန်ကုန်ယူနိုက်တက်အသင်း ဂိုးသမား ပြည့်ဖြိုးအောင် အသင်းဖြင့် နှစ်ဖက်သဘောတူစာချုပ်ဖျက်သိမ်း

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဂိုးသမားပြည့်ဖြိုးအောင်တို့ ယခုလ ဇန်နဝါရီ (၁၃) ရက်မှစတင်၍ နှစ်ဖက်သဘောတူညီမှုဖြင့် စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်က တရားဝင် အသိပေးထုတ်ပြန်ထားသည်။ ၎င်းအနေဖြင့် ရန်ကုန်အသင်းဖြင့် ယခုဘောလုံးရာသီကုန်သည်အထိ စာချုပ်ချုပ်ဆိုထားသည်ဟု သိရှိထားသော်လည်း ပြိုင်ပွဲကာလအတွင်း ယခုကဲ့သို့ စာချုပ်ဖျက်သိမ်းရခြင်းနှင့်ပတ်သက်၍ အသင်းက ထုတ်ဖော်အသိပေးခြင်းမရှိသေးပေ။ ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၄ ခုနှစ် ဘောလုံးရာသီအတွက် ရာသီကြိုပြင်ဆင်မှုအဖြစ် ဟံသာဝတီယူနိုက်တက်အသင်းဂိုးသမား ပြည့်ဖြိုးအောင်ကို (၂) စာချုပ်ဖြင့် ခေါ်ယူထားခြင်းလည်းဖြစ်သည်။ အသက် (၃၃)နှစ်ရှိပြီဖြစ်သည့် ဝါရင့်ဂိုးသမား ပြည့်ဖြိုးအောင်သည် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) မှ ပေါ် ထွန်းခဲ့သည့် ကစားသမားတစ်ဦးဖြစ်ပြီး...

မကာအိုအသင်းကို (၁၈) ဂိုး ဂိုးမရှိဖြင့် တရုတ်အသင်းအနိုင်ယူ

ယနေ့ ဇန်နဝါရီ (၁၅) မွန်းလွဲ (၂)နာရီအချိန်၌ ရန်ကုန်မြို့ ၊ MFF Futsal Indoor Stadium တွင် AFC Women's Futsal Asian Cup ခြေစစ်ပွဲ အုပ်စု(D)ပွဲစဉ်ကို မကာအိုနှင့် တရုတ် (တိုင်ပေ)အမျိုးသမီး ဖူဆယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တရုတ်(တိုင်ပေ)အသင်းက (၁၈) ဂိုးသွင်းယူခဲ့ပြီး ပြိုင်ဘက် မကာအိုအသင်းမှာ ပွဲပြီးဆုံးချိန်အထိ ချေပဂိုး သွင်းယူနိုင်ခြင်းမရှိသည်ကို တွေ့ရသည်။ ယနေ့ နောက်ထပ် အုပ်စု(D)ပွဲစဉ်တစ်ခုကိုလည်း ညနေ(၅) နာရီအချိန်၌ မြန်မာနှင့် ဗီယက်နမ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071