ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ အမျိုးသမီးတွေရဲ့ ခံစားချက်တွေကို ရေးသားလေ့ရှိတဲ့ သရုပ် ဆောင်မြတ်ကေသီအောင်က အခု နောက်ပိုင်းမှာတော့ စာတွေရေးသားတာ နည်းပါးသွားတာတွေ့ရပါတယ်။ ဒီလို ရေးသားတဲ့အခါမှာ စွပ်စွဲခံရတာ တွေရှိတာကြောင့် စာရေးသားတာတွေ ရပ်နားထားတယ်လို့ ဆိုတဲ့ မြတ် ကေသီအောင်က…
”ရေးမှာပါ။ ဒါပေမဲ့ ရေးလိုက်တိုင်း လူတွေက သူ့ထင်သလို ငါ့ထင်သလို၊ ရည်းစား ဟောင်းတွေက သူ့ရေးတယ်ထင်၊ အရင်ယောက်ျား ဟောင်းကလည်း သူ့ရေးတယ်ထင်နေတယ်။ အစ်မက ဘယ်သူ့ကိုမှ ရေးတာလည်းမဟုတ်ဘူး။ စွပ်စွဲနေကြတော့ ခဏရပ်နားထားတဲ့သဘောပါ”လို့ ပြောပါတယ်။
အနုပညာရှင်တွေတော်တော် များများကတော့ အတိုက်အခိုက်တွေ၊ ဝေဖန်မှုတွေ အများဆုံး ကြုံတွေ့ရလေ့ရှိပါတယ်။ ဒီလိုဝေဖန်မှုတွေ ကြုံတွေ့လာရတဲ့ အခါ ဘယ်လိုသဘောထားလဲ ဆိုတာကိုတော့ မြတ်ကေသီအောင်က….
”လူတွေအားလုံးကတော့ ဒီလိုပဲ တိုက်ခိုက်တာပဲလေ။ အဲဒါတွေကို လိုက် ဂရုစိုက်ရင် ကိုယ့်မှာ နေစရာ မှမရှိတာ။ အမှန်တော့ တစ်ခါတလေ ကျရင် ကိုယ်လည်း တအားစိတ်ညစ်တဲ့ အခါကျရင် ငါမရှိတော့ရင်ကောင်းမှာပဲလို့ တွေးမိတယ်။ ဒါပေမဲ့ ဘယ်သူ့ကို အရှုံးပေးမှာလဲ။ ဘယ်သူ့ကိုမှ အရှုံးပေးစရာမလိုဘူးလေ။ အားလုံးကြည့်လိုက်ရင် ဒါပဲလေ။ ယောက်ျားမှာ ဘာရှိလဲ လူတိုင်းသိတယ်။ မိန်းမမှာဘာရှိလဲ လူတိုင်းသိတယ်။ အကုန်လုံးသိနေတဲ့ ကိစ္စဘာမှမဖြစ်ဘူး။ အစ်မတို့က အသက် အ ရွယ်ကြီးလာတာနဲ့အမျှ အိုသွားမှာလေ။ ကိုယ့်ရဲ့ ၁၆နှစ်ကပုံ၊ ၁၇ နှစ်ကပုံ၊ ၁၈နှစ် ကပုံ၊ ၂ဝ ၊ ၃ဝ ကပုံတွေက တစ်မျိုးတည်း မလာတော့ဘူး။ အကုန်လုံးက ကြီးတဲ့ပုံ ပေါက်သွားမှာလေ။ ငယ်တုန်းကငယ်တဲ့ပုံကို ရိုက်ထားရမှာပဲ။ အသက်ကြီးရင်လည်း အသက်ကြီးတဲ့ပုံ ရိုက်ထားရမှာပဲ။ ဒီနေ့ဒီပုံ ဖြစ်ပေမယ့် နောက် ၁ဝနှစ်ကျရင် ဒီလိုအရွယ် ဒီလိုပုံစံတွေ့ချင်မှ တွေ့ရတော့မှာလေ” လို့ ပြောပါတယ်။
မြတ်ကေ သီအောင်က စိတ်ဖိစီးမှုတွေများလာတဲ့အခါမှာ တရားတွေ နာကြားပြီး ဖြတ် သန်းလေ့ရှိပါတယ်။ တချို့ကိစ္စတွေကို ကိုယ်ပဲအနစ်နာခံလိုက်ပြီး လိုက်မဖြေရှင်း တော့ဘူးဆိုတဲ့ မြတ်ကေသီအောင်က…
”စိတ်ကတော့ တစ်ခါတလေကျရင် တအားကျတယ်။ အရင်တုန်းက အဖေရော၊ အမေရော ရှိနေတဲ့ အချိန်မှာတော့ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရှေ့မှာ ရပ်တည်ပေးမှာပဲ ဂရုမ စိုက်ဘူးဆိုတဲ့ အတွေးတွေရှိတယ်။ တစ်ယောက်တည်းကျ တော့မှားရင်လည်း တစ်ယောက်တည်းပဲ ခံရမှာ၊ မှန်ရင်လည်း တစ်ယောက် တည်းပဲ ခံရမှာ ။ ဒါပေမဲ့ တချို့သူများတွေက မှားနေတယ်လို့ မြင်နေကြတဲ့ ကိစ္စတွေက အမှန်တရားတွေ ကိုယ့်ဆီမှာ အများကြီးရှိတယ်။ ကိုယ်က ချပြလိုက်ရင် မလိုလားအပ်တဲ့ ပတ်ဝန်းကျင်၊ မလိုလားအပ်တဲ့လူတွေပါ ထည့်ပြောရမယ်ဆိုတော့ ဘာပဲ ပြောပြော ကိုယ်တစ်ယောက်တည်း နစ်နာတာထက်စာရင် အားလုံးနစ်နာ တာကို မခံစားစေချင်ဘူး။ ကိုယ်ပဲ အနစ်နာခံလိုက်တော့တယ်” လို့ ပြော ပါတယ်။ မြတ်ကေသီအောင် အနေနဲ့ ထပ်အိမ်ထောင်ပြုဖို့ အစီအစဉ် မရှိ တော့ဘဲ အိမ်ထောင်ရေးအပေါ် တစ်ခါတည်းစိတ်ကုန်သွားပါပြီ လို့လည်း ပြောပါတယ်။
ခိုင်ဝေလွင်